မန်နေဂျာယာဂင်ကလော့ပ်က ဆဲလ်ဘတ်နဲ့ပွဲ ဒုတိယပိုင်းမှာ ဒဏ်ရာရသွားတဲ့ ဗန်ဒိုက်ရဲ့ အခြေအနေကို ပွဲအပြီး ထုတ်ပြောသွားပါတယ်။
ဗန်ဒိုက်ဟာ ပြိုင်ဘက်အသင်း ကစားသမားနဲ့ တိုက်မိခဲ့ပြီး မျက်ခုံးကွဲဒဏ်ရာ ရခဲ့တာပါ။ ချက်ခြင်းပဲ ကွင်းထဲထုတ်ခဲ့ပြီး ဆေးစစ်ရာမှာ သူ့မျက်ခုံးပေါ်မှာ ကျနေတဲ့ သွေးတွေက ပြိုင်ဘက်ရဲ့ သွေးမဟုတ်ဘဲ ဗန်ဒိုက်ရဲ့ သွေးတွေဖြစ်ကြောင်း အသင်းဆေးဆရာဝန်က အတည်ပြုခဲ့ပါတယ်။
လောလောဆယ် ဆေးအဖွဲ့က ဒဏ်ရာကို ပလာစတာ ကပ်ပေးထားကာ အနေအထား စောင့်ကြည့်နေရာမှာ ဗန်ဒိုက်က မြင်ကွင်း ကောင်းကောင်းမြင်နေရတယ်လို့ သိရတယ်။ ဒါပေမယ့် သူရတဲ့ ဒဏ်ရာမျိုးက ရက်အတန်ကြာအောင် ဒဏ်ရာ အယောင်လိုက်လာမှာဖြစ်တယ်။ ဒါကြောင့် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့တော့ ရာနှုန်းပြည့် မသေချာပါဘူး။
မန်နေဂျာကလော့ပ်က ကွန်မြူနတီဒိုင်းပွဲ ဗန်ဒိုက် ပါနိုင်မလား မပြောပေမယ့် ဒဏ်ရာက နောက်ဆက်တွဲ အခြေအနေတွေ ဆက်မရှိနိုင်ဘဲ အခြေအနေကောင်းတယ်လို့ အတည်ပြုပေးပါတယ်။
မန်နေဂျာကလော့ပ်က “ အခုတော့ ဗန်ဒိုက်က မြင်ကွင်းတွေ ကောင်းကောင်းကြည့်လို့ ရနေပါတယ်။ ဒဏ်ရာကိုလည်း ပလာစတာ ကိုင်ပြီးပါပြီ။ ဒဏ်ရာက ပြဿနာ မပေးနိုင်ပါဘူး၊ ပြဿနာ မရှိလောက်တော့ပါဘူး။ ကွင်းထဲမှာတုန်းကတော့ အခြေအနေက မကောင်းပါဘူး။ ဒါပေမယ့် အခုတော့ ပြဿနာမရှိတော့ပါဘူး ” လို့ တုန့်ပြန်ခဲ့ပါတယ်။
လီဗာပူးဗဟိုခံစစ်မှာတော့ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့က ဒဏ်ရာ ကင်းစင်နေတာပါ။ တတိယခံစစ်မှူးအဖြစ် မာတစ် ရှိနေပေမယ့် ကြံ့ခိုင်မှု ရာနှုန်းပြည့် မကောင်းသေးပါဘူး။ လောလောဆယ်မှာ နေးဖိလစ်ကို စတုတ္ထ ခံစစ်မှူးအဖြစ် သုံးနေတာဖြစ်ကာ ၁၇ နှစ်သား လူငယ်လေး ကိုမူချီရာကိုလည်း နေရာပေးနေသေးတာ ဖြစ်ပါတယ်။
ZAWGYI