လီဗာပူးရဲ့ လာမယ့် အပြောင်းအရွှေ့ဟာ ဝိုက်နယ်ဒမ်နဲ့ လူငယ်ကစားသမား အချို့အပေါ် မူတည်နေတယ်ဆိုတဲ့ ယူဆချက်တွေက ပိုမို ခိုင်မာလာခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၈ တုန်းက လီဗာပူးဟာ ကွင်းလယ်လူ ချန်ကို အလွတ်နဲ့ လက်လွတ်ခဲ့ရတယ်။ စာချုပ်မကုန်ခင် ၁ နှစ်လောက်မှာတင် ရောင်းထုတ်မယ်ဆိုင် ပေါင် ၁၀ သန်း ဝန်းကျင်ရမှာဖြစ်ပေမယ့် ဆက်ထိန်းခဲ့ပြီး ပွဲထွက်လူစာရင်းမှာ ၆ လနီးပါး ကစားခွင့်မရတော့ဘဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လူစားဝင်ခဲ့တဲ့ ကွင်းလယ်လူဟာ ဂျူဗင်တပ်ကို အလွတ်နဲ့တင် ထွက်ခွာခဲ့ပါတယ်။
မနှစ်ကရာသီတုန်းက လီဗာပူးဟာ ကွင်းလယ်အတွက် ရွေးချယ်စရာ ၁၀ ဦးထိ ရှိခဲ့ပြီး ဂရုဂျစ်နဲ့ ဝဲလ်ဆန်တို့ကို အငှားစေလွှတ်ခဲ့ရတယ်။ ဒီရာသီမှာလည်း သူတို့ နှစ်ဦးကိစ္စကို မရှင်းနိုင်သေးသလို လယ်လာနာနေရာ ကားတစ်ဂျုံးတိုက်ရိုက် ဝင်ရောက်လာခြင်းနဲ့ လီဗာပူးကွင်းလယ်က ရွေးချယ်စရာတွေ များလာခဲ့ပြန်ပါတယ်။
လီဗာပူးအသင်းမှာ ဝိုက်နယ်ဒမ်ရဲ့ သက်ရောက်မှုက ကြီးမားလှပြီး သူဟာ အဝတ်လဲခန်းထဲက ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ဒီတာဝန်အတွက် အသင်းသားတွေကိုယ်တိုင် မဲပေးရာမှာ ဝိုက်နယ်ဒမ်က စတုတ္ထနေရာက မဲအများဆုံး ရခဲ့သူဖြစ်တယ်။ သူဟာ ဟန်ဒါဆန်၊ မီလ်နာတို့ကို ကူညီပြီး အဝတ်လဲခန်းရဲ့ အသံအဖြစ် ဗန်ဒိုက်၊ ရော်ဘတ်ဆန်နည်းတူ ပါဝင်နေသူဖြစ်ပါတယ်။
လီဗာပူးရဲ့ အခြေအနေက သွာနေတဲ့ နာရီလက်တံလိုပါပဲ။ ဘာလို့လည်းဆိုတော့ အသက်အရွယ်ပိုင်းတွေက ၃၀ နားကို ကပ်လာကုန်ကြပြီဖြစ်တယ်။ ငယ်ရွယ်နုပျိုတဲ့ လူစာရင်းတစ်ခုအဖြစ် ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့ အတူတကွ ကြိုးစားခဲ့ကြပြီး အောင်မြင်မှုတွေလည်း ရခဲ့ကြတယ်။ ဒါပမယ့် အခုဆိုရင် ဝိုက်နယ်ဒမ်က ၂၉ ကို ရောက်နေပါပြီ။
ဇွန်လတည်းက ဟန်ဒါဆန်က ၃၀ ရောက်နေခဲ့ကာ၊ လာမယ့် ဇွန်ဆိုရင် ဆာလက်က ၂၉ ရှိနေမှာဖြစ်တယ်။ နောက်နှစ် ဧပရယ်မှာ မာနေးက ၂၉၊ လာမယ့် အောက်တိုဘာမှ ဖာမင်နိုက ၂၉ ကို ရောက်ပါမယ်။ နောက်နှစ် ဇူလိုင်မှာ ဗန်ဒိုက်က ၃၀ ထဲကို ဝင်မှာဖြစ်တယ်။ ဒါ့အပြင် သီယေဂို ရောက်လာခဲ့ရင် သူကလည်း ၃၀ ထဲကို ဝင်သွားပါမယ်။
ဒီအခြေအနေမှာ လီဗာပူးက ကစားသမား အဝင်ပိုင်းကိုလည်း အာမခံချက် မပေးနိုင်သေးပါဘူး။ လယ်လာနာ ထွက်ခွာသွားပေမယ့် ဂရုဂျစ်၊ ရှာကွီရီ၊ ဟယ်ရီဝဲလ်ဆန်တို့လို ကစားသမားတွေက ကွင်းလယ် ရွေးချယ်စရာ ၁၀ ဦးထဲမှာ ရှိနေသေးတယ်။ သူတို့ကို ရောင်းထုတ်မယ်ဆိုရင် ပေါင် သန်း ၆၀ လောက်ရနိုင်ပေမယ့် ကပ်ဘေးကြောင့် မရှင်းထုတ်နိုင်ရင် လာမယ့် နှစ်နှစ် အတွင်းမှာ အမရေချန်လို အလွတ်နဲ့ လက်လွတ်ရတာတွေ ဖြစ်လာမယ်။
ဘိုင်ယန်မြူနစ်ဘက်ကတော့ စောင့်ဆိုင်းနေပါပြီ။ မိုင်ကယ်အတ်ဝတ် ဦးဆောင်တဲ့ လီဗာပူးက ဘာလုပ်မလဲ? မျိုးဆက်သစ်တွေ ထဲခွင့်ရအောင် ဘယ်လို စီမံမလဲ အားလုံး စောင့်ကြည့်နေတဲ့ အခြေအနေကို ရောက်လာနေပြီဖြစ်ပါတယ်။
ZAWGYI
လီဗာပူးရဲ႕ လာမယ့္ အေျပာင္းအေရႊ႔ဟာ ဝိုက္နယ္ဒမ္နဲ႔ လူငယ္ကစားသမား အခ်ိဳ႔အေပၚ မူတည္ေနတယ္ဆိုတဲ့ ယူဆခ်က္ေတြက ပိုမို ခိုင္မာလာခဲ့ျပီျဖစ္ပါတယ္။ ၂၀၁၈ တုန္းက လီဗာပူးဟာ ကြင္းလယ္လူ ခ်န္ကို အလြတ္နဲ႔ လက္လြတ္ခဲ့ရတယ္။ စာခ်ဳပ္မကုန္ခင္ ၁ ႏွစ္ေလာက္မွာတင္ ေရာင္းထုတ္မယ္ဆိုင္ ေပါင္ ၁၀ သန္း ဝန္းက်င္ရမွာျဖစ္ေပမယ့္ ဆက္ထိန္းခဲ့ျပီး ပြဲထြက္လူစာရင္းမွာ ၆ လနီးပါး ကစားခြင့္မရေတာ့ဘဲ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ လူစားဝင္ခဲ့တဲ့ ကြင္းလယ္လူဟာ ဂ်ဴဗင္တပ္ကို အလြတ္နဲ႔တင္ ထြက္ခြာခဲ့ပါတယ္။
မႏွစ္ကရာသီတုန္းက လီဗာပူးဟာ ကြင္းလယ္အတြက္ ေရြးခ်ယ္စရာ ၁၀ ဦးထိ ရွိခဲ့ျပီး ဂရုဂ်စ္နဲ႔ ဝဲလ္ဆန္တို႔ကို အငွားေစလႊတ္ခဲ့ရတယ္။ ဒီရာသီမွာလည္း သူတို႔ ႏွစ္ဦးကိစၥကို မရွင္းႏုိင္ေသးသလို လယ္လာနာေနရာ ကားတစ္ဂ်ံဳးတိုက္ရိုက္ ဝင္ေရာက္လာျခင္းနဲ႔ လီဗာပူးကြင္းလယ္က ေရြးခ်ယ္စရာေတြ မ်ားလာခဲ့ျပန္ပါတယ္။
လီဗာပူးအသင္းမွာ ဝိုက္နယ္ဒမ္ရဲ႕ သက္ေရာက္မႈက ၾကီးမားလွျပီး သူဟာ အဝတ္လဲခန္းထဲက ေခါင္းေဆာင္တစ္ဦးျဖစ္တယ္။ ဒီတာဝန္အတြက္ အသင္းသားေတြကိုယ္တုိင္ မဲေပးရာမွာ ဝိုက္နယ္ဒမ္က စတုတၳေနရာက မဲအမ်ားဆံုး ရခဲ့သူျဖစ္တယ္။ သူဟာ ဟန္ဒါဆန္၊ မီလ္နာတို႔ကို ကူညီျပီး အဝတ္လဲခန္းရဲ႕ အသံအျဖစ္ ဗန္ဒိုက္၊ ေရာ္ဘတ္ဆန္နည္းတူ ပါဝင္ေနသူျဖစ္ပါတယ္။
လီဗာပူးရဲ႕ အေျခအေနက သြာေနတဲ့ နာရီလက္တံလိုပါပဲ။ ဘာလို႔လည္းဆိုေတာ့ အသက္အရြယ္ပိုင္းေတြက ၃၀ နားကို ကပ္လာကုန္ၾကျပီျဖစ္တယ္။ ငယ္ရြယ္ႏုပ်ိဳတဲ့ လူစာရင္းတစ္ခုအျဖစ္ ပရီးမီးယားလိဂ္ကို စိန္ေခၚဖို႔ အတူတကြ ၾကိဳးစားခဲ့ၾကျပီး ေအာင္ျမင္မႈေတြလည္း ရခဲ့ၾကတယ္။ ဒါပမယ့္ အခုဆိုရင္ ဝိုက္နယ္ဒမ္က ၂၉ ကို ေရာက္ေနပါျပီ။
ဇြန္လတည္းက ဟန္ဒါဆန္က ၃၀ ေရာက္ေနခဲ့ကာ၊ လာမယ့္ ဇြန္ဆိုရင္ ဆာလက္က ၂၉ ရွိေနမွာျဖစ္တယ္။ ေနာက္ႏွစ္ ဧပရယ္မွာ မာေနးက ၂၉၊ လာမယ့္ ေအာက္တိုဘာမွ ဖာမင္ႏိုက ၂၉ ကို ေရာက္ပါမယ္။ ေနာက္ႏွစ္ ဇူလိုင္မွာ ဗန္ဒိုက္က ၃၀ ထဲကို ဝင္မွာျဖစ္တယ္။ ဒါ့အျပင္ သီေယဂို ေရာက္လာခဲ့ရင္ သူကလည္း ၃၀ ထဲကို ဝင္သြားပါမယ္။
ဒီအေျခအေနမွာ လီဗာပူးက ကစားသမား အဝင္ပိုင္းကိုလည္း အာမခံခ်က္ မေပးႏုိင္ေသးပါဘူး။ လယ္လာနာ ထြက္ခြာသြားေပမယ့္ ဂရုဂ်စ္၊ ရွာကီြရီ၊ ဟယ္ရီဝဲလ္ဆန္တို႔လို ကစားသမားေတြက ကြင္းလယ္ ေရြးခ်ယ္စရာ ၁၀ ဦးထဲမွာ ရွိေနေသးတယ္။ သူတို႔ကို ေရာင္းထုတ္မယ္ဆိုရင္ ေပါင္ သန္း ၆၀ ေလာက္ရႏုိင္ေပမယ့္ ကပ္ေဘးေၾကာင့္ မရွင္းထုတ္ႏုိင္ရင္ လာမယ့္ ႏွစ္ႏွစ္ အတြင္းမွာ အမေရခ်န္လို အလြတ္နဲ႔ လက္လြတ္ရတာေတြ ျဖစ္လာမယ္။
ဘိုင္ယန္ျမဴနစ္ဘက္ကေတာ့ ေစာင့္ဆုိင္းေနပါျပီ။ မိုင္ကယ္အတ္ဝတ္ ဦးေဆာင္တဲ့ လီဗာပူးက ဘာလုပ္မလဲ? မ်ိဳးဆက္သစ္ေတြ ထဲခြင့္ရေအာင္ ဘယ္လို စီမံမလဲ အားလံုး ေစာင့္ၾကည့္ေနတဲ့ အေျခအေနကို ေရာက္လာေနျပီျဖစ္ပါတယ္။