မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဆေးဗားဟာ ဘယ်အသင်းမှာမဆို ခြေစွမ်းပြကာ အကောင်းဆုံး ကစားနိုင်မယ့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးအဖြစ် ညွှန်းဆိုလိုက်ပါတယ်။

ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ကစားသမားတွေအားလုံး တာဝန်ကျေပြီး အကောင်းဆုံး ကစားပေးနေပါတယ်။ ခြေစွမ်းပြကစားနေတဲ့ ကစားသမားတွေထဲမှာ တိုက်စစ်အားသန် ကွင်းလယ်လူ ဘာနာဒိုဆေးဗားလည်း ပါဝင်နေပါတယ်။

ပေါ်တူဂီလက်ရွေးစင် ကစားသမား ဆေးဗားဟာ ခြေစွမ်းကောင်းမွန်မှုကြောင့် ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းမှာ ရွေးခံခဲ့ရတယ်။ါးပေမယ့် ဘာနာဒို ပြသနေတဲ့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကြောင့် ဒီထက်ပိုပြီး ချီးကျူးခံထိုက်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ယုံကြည်နေပါတယ်။

ဂွာဒီယိုလာက ” ဘာနာဒိုဟာ ဒီရာသီမှာ ကျွန်တော်တို့ အသင်းအတွက်မှ မဟုတ်ဘူး။ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ခြေစွမ်းပြနေပါတယ်။ သူဟာ ဘယ်နေရာမှာမဆို အံအားသင့်စရာကောင်းအောင် ကစားနိုင်ပါတယ်။ ဘောလုံးနိုင်နင်းပြီး သူ့ ခြေစွမ်းတော်တော်လေး ကောင်းနေပါတယ် ” လို့ ပြောခဲ့ပါတယ်။

ဆေးဗားဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃၃ ပွဲ ကစားထားရာမှာ ၇ ဂိုး သွင်းပေးထားပါတယ်။ သူဟာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဘာနာဒိုဆေးဗားဟာ မန်စီးတီး ကစားသမားဘဝ ပြိုင်ပွဲစုံ ပွဲ ၁၀၀ ကစားထားရာမှာ ၂၂ ဂိုးသွင်းထားပါတယ်။