မန်ယူအသင်းက အခြားသော ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ လန်ဒန်ကလပ်တွေနဲ့အပြိုင် မျက်စိကျနေတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား လော်ရန်တေးဟာ ရာသီကုန်မှာ ဘာနေဗျူးကနေ ထွက်ခွာဖို့ ကြံရွယ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းထံ ဇီဒန်း ပြန်ရောက်လာခဲ့ပေမယ့် အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အသင်းရဲ့ နောက်ရာသီ အစီအစဉ်တွေထဲလည်း ပါဝင်ဟန် မရှိပါဘူး။ ၄င်းက ဒီရာသီ လိဂ်ပွဲ ၆ ပွဲသာ ကစားထားရပါသေးတယ်။

စပိန် လူငယ်လက်ရွေးစင်လည်း ဖြစ်တဲ့ လော်ရန်တေးကို အက်သလက်တီကိုနဲ့ ဆီဗီလာတို့က စိတ်ဝင်စားသော်လည်း ပရီးမီးယားလိဂ်သို့ ဦးတည်သွားဖို့ ပိုများနေတယ်လို့ သိရပါတယ်။ေ လ်ာရန်တေးကို ပရီးမီးယားလိဂ် ကြီး ၆ ကြီးထဲမှ မန်ယူ၊ အာဆင်နယ်၊ ချယ်ဆီးတို့ အပြိုင် စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့အပြောင်းအရွှေ့ နှစ်ကြိမ်ဆက် စောင့်ကြည့်မှုတွေ ရှိခဲ့ပါတယ်။

ချယ်ဆီးအသင်းကတော့ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုများကြောင့် ဒီတကြိမ်မှာ နောက်ဆုတ်ရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် လန်ဒန်သားတွေက အားကစားဆိုင်ရာ ခုံရုံးတော်ထိ တက်ကာ အယူခံ ၀င်ဦးမှာ ဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ပြောင်းရွှေ့ကြေး အကန့်အသတ်ရှိလို့ အခွင့်အရေးက မန်ယူဘက်မှာ ရှိနေပါတယ်။

စပိန်သား ကွင်းလယ်ကစားသမားဟာ ၂၀၁၆-၁၇ က ဒီပို့တီပို့မှာလည်း အငှား သွားကစားခဲ့ပါသေးတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လော်ရန်တေး အတွက် ရေရာတဲ့ ကမ်းလှမ်းမှုမျိုး လက်ခံ မရရှိသေးပေမယ့် လာမယ့် သီတင်းပတ်များ အတွင်းမှ သတင်းထူးဖွယ် ရှိနေတာပါ။