နွေအပြောင်းအရွှေ့မှာ မန်ယူရဲ့ ဦးစားပေး ပစ်မှတ်တွေထဲက တစ်ဦးဖြစ်သူ မက်ဂွဲရားကို လန်ဒန်ပြိုင်ဘက်တွေကလည်း အပြိုင်လုဖို့ ကြိုးစားလာပါတယ်။ ကြီး ၆ ကြီးထဲက လေးသင်းလောက်ဟာ သူ့ကို ခေါ်ယူနိုင်ဖို့ နွေမှာ ကြိုးစားသွားကြမှာပါ။

ဒီကနေ့ ကစားရမယ့် လက်စတာရဲ့ ရာသီသိမ်းပွဲဟာ မက်ဂွဲရားအတွက် နောက်ဆုံးသော လက်စတာကစားသမားဘယ အမှတ်ပေးပွဲ ဖြစ်သွားနိုင်ပြီး သူ့ကို ခေါ်ယူနိုင်ဖို့ရာ စပါး၊ ချယ်ဆီး၊ အာဆင်နယ်၊ မန်ယူတို့က ပေါင် သန်း ၆၀ နဲ့ အပြိုင်ကြိုးစားကြမယ်လို့ ဒေးလီးမေလ်းက ဖော်ပြခဲ့တယ်။

မန်စီးတီးခံစစ်သမားတွေဖြစ်တဲ့ ဂျွန်စတုန်းနဲ့ ကိုင်လီ ဝေါ်ကာတို့ဟာ ဗြိတိန်ကစားသမားတွေထဲ အမြင့်ဆုံးသော ပြောင်းရွှေ့ကြေးတွေ ပေးထားရတဲ့ ခံစစ်သမားတွေဖြစ်တယ်။ မက်ဂွဲရားကို ပေးရမယ့် ပြောင်းရွှေ့ကြေးဟာ သူတို့ထက် များနိုင်ပြီး ဗြိတိန်ခံစစ်သမားတစ်ဦးအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်သွားမှာဖြစ်ပါတယ်။

မန်ယူဟာ သူ့ကို ခေါ်ယူဖို့ မနှစ်တုန်းက အသိအလင်း ကြိုးစားခဲ့သေးပေမယ့် ကစားသမားက လက်စတာနဲ့ စာချုပ်သစ် ချုပ်ဆိုသွားခဲ့တာပါ။ မော်ရင်ညိုကို စိတ်ဝင်စားခဲ့တဲ့ သူ့ကို ဆိုးရှားကလည်း သဘောကျနေတယ်လို့ သိထားရတယ်။

ကမ္ဘာဖလားမှာ ပြသခဲ့တဲ့ မက်ဂွဲရားရဲ့ ခြေစွမ်းနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုဟာ အသင်းကြီးတွေကို အဓိက မျက်စိကျစေတာဖြစ်ပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုနဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်တွေကြောင့် နွေမှာ ထိပ်သီးအသင်းတွေကြား အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ရရှိမယ်လို့ သိလာရတာ ဖြစ်ပါတယ်။