ပီအက်စ်ဂျီက မန်ယူ တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ အင်တာမီလန်အသင်းနဲ့ အပြိုင်အဆိုင် ကြိုးစားနေပါတယ်။ လူကာကူဟာ အီတလီ စီးရီးအေမှာ ကစားချင်ကြောင်း ဖွင့်ဟဝန်ခံထားခဲ့ဖူးပြီး အင်တာမီလန်အသင်းကတော့ လူကာကူကို ခေါ်ယူနိုင်ဖို့ ပိုမို အခြေအနေကောင်းလျက် ရှိပါတယ်။

ကာဒစ်နည်းပြ ၀ါးနော့က မန်ယူအသင်း အနေနဲ့ မန်စီးတီး၊ လီဗာပူးတို့ကို နှစ်အနည်းငယ် အတွင်း အမှီလိုက်ဖို့ ခက်ခဲပြီး ပရီးမီးယားလိဂ်မှာ အမှတ်ပေးဖလား စိန်ခေါ်ဖို့ဆို နောက်ထပ် ဆယ်နှစ် ဆယ့်ငါးနှစ်လောက် ကြာဦးမယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီရာသီမှာ စမောလင်း၊ ဖီးဂျုံးစ်နဲ့ အက်ရှ်လေယန်းတို့ကို သက်တမ်းတိုး စာချုပ်များ အသီးသီး ချုပ်ဆိုခဲ့သော်လည်း ဟာရဲရားကိုတော့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာခွင့်ပေးလိုက်တဲ့ အပေါ် ယူနိုက်တက် ပရိသတ်များ ဒေါသပေါက်ကွဲနေကြပါတယ်။ ဟာရဲရား ရာသီကုန်ရင် အသင်းက ထွက်ခွာမှာ ဖြစ်ကြောင်း ကလပ်အသင်းက တရားဝင် ကြေငြာခဲ့ပြီ ဖြစ်ပါတယ်။

ဆန်းချက်ရဲ့ အေး၈ျင့်ဖြစ်သူက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဥရောပတခွင် ခရီးထွက်ခဲ့ကာ ၄င်းကစားသမား အတွက် ကလပ်အသင်း အချို့နဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ ဂျူဗင်တပ်မှ အားကစား ဒါရိုက်တာ Paratici နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပေါမာဆန်က မန်ယူအသင်းထံ ကစားသမားတွေ လာချင်တယ်ဆိုတာ အောင်မြင်မှုတွေကို ရယူဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေကြောင့် မဟုတ်ပါပဲ အေးဂျင့်တွေက ပွဲခမြိုးမြိုးမြက်မြက်ရသလို ကစားသမားတွေကလည်း မတန်တဆ လုပ်ခတွေရတာကြောင့်လို့ ဝေဖန်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေထဲက ယူနိုက်တက်၊ အာဆင်နယ်၊ ချယ်ဆီးတို့ အပြိုင် မျက်စိကျနေတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား လော်ရန်တေးဟာ ရာသီကုန်မှာ ဘာနေဗျူးကနေ ထွက်ခွာဖို့ ကြံရွယ်နေပါတယ်။ ၄င်းက ဒီရာသီ လိဂ်ပွဲ ၆ ပွဲသာ ကစားထားရပါသေးတယ်။

မန်ယူ ကွင်းလယ် ပေါ့ဘာက – ” ကျနော်က ဘယ်ခြမ်း၊ ညာခြမ်းရော အရှေ့မှာပါ ကစားနိုင်တယ်။ ဘာဖြစ်ဖြစ် ကျနော် ဂရုမစိုက်ပါဘူး။ တိုက်စစ်သမားတွေနောက်မှာ၊ ခံစစ်ကစားသမားတွေရှေ့မှာလဲ ကစားနိုင်တယ်။ ကျနော့်နေရာဆိုတာ နည်းပြရဲ့ စိတ်ကူး၊ အသင်းရဲ့ ကစားပုံပေါ်မှာ မူတည်တယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးက အသင်းအဖွဲ့နဲ့ ကစားရတဲ့ဂိမ်းဆိုတာ ကျနော်တို့ ဘယ်တော့မှ မမေ့ဘူး။ အသင်းက အတူတကွ ကောင်းကောင်းလုပ်ရင် ကျနော်တို့ အများကြီးပိုပျော်ရမယ်။ ” လို့ အသင်းလိုအပ်တဲ့ နေရာ ကစားနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပေါ့ဘာက လာမယ့်နွေမှာ ရီးရဲလ်သို့ ပြောင်းရွှေ့ရန် စိုင်ပြင်းနေပေမယ့် အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာ အပြောင်းအရွှေ့ ကိစ္စများ ဆောင်ရွက်ခွင့် ၃လ အပိတ်ခံလိုက်ရတာကြောင့် ဖြစ်မြောက် လာဖွယ် မရှိဘူးဖြစ်နေပါတယ်။

မန်ယူနဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ အဲဗာတန်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဂွေယီကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဖြစ်နေကြတယ်လို့ သိရှိရပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ဂွေယီကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာတည်းက စိတ်ဝင်စားနေပြီး မန်ယူကလည်း ဂွေယီအတွက် အဲဗာတန်အသင်းဘက်က တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) ကို ပေးချေဖို့ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၄င်းတို့ရဲ့ ကြယ်ပွင့်ကစားသမား ရူဘန်ဒိုင်ယက်စ်ကို ခေါ်ယူလိုပါက ပေါင်(၅၂)သန်းပေးချေရလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

အင်္ဂလန်သား တောင်ပံတိုက်စစ်သမား ဂျော်ဒန်ဆန်ချိုက လာမယ့်ဘောလုံးရာသီမှာလည်း ဒေါ့မွန်မှာ ဆက်နေသွားဖို့ ဆုံးဖြတ်ထားပြီး ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့ ဆုံးဖြတ်ထားပါတယ်။

ဟာရဲရားနည်းတူ အသင်းကနေ ထွက်ခွာတော့မယ့် ယူနိုက်တက် အသင်းခေါင်းဆောင် ဗလင်စီယာကလည်း – ” ယူနိုက်တက် ပရိသတ်တွေ အားလုံးကို ကျနော့် အနေနဲ့၊ ကျနော့် မိသားစု အနေနဲ့ အစဉ်တစိုက် အားပေးခဲ့မှုတွေ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။” လို့ ဆိုခဲ့ပါတယ်။