လီဗာပူး ကစားသမားဟောင်းကြီး မတ်လောရန်ဆန်က အသင်းဟောင်းအား ချယ်ဆီးအသင်းမှ လူငယ်ကြယ်ပွင့် ရိစ့်ဂျိမ်းကို နွေ အပြောင်းအရွှေ့မှာ လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့ရာ ကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။

ရိစ့်ဂျိမ်းဟာ ချယ်ဆီးအသင်းအတွက် ပွဲထွက်ကစားပေးရခြင်း မရှိသေးပေမယ့် ဒီရာသီ ဝီဂန်အသင်းကို အငှားထွက်ပြီး ခြေစွမ်းကောင်းတွေ ပြသထားသူပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်များ ထွက်ပေါ်လာအပြီးမှာ လက်မှတ်ဈေးနှုန်း၊ ဟိုတယ်ဈေးနှုန်းများ ထိုးတက်သွားတဲ့အပေါ် ဝေဖန်လိုက်ပြီး ယူအီးအက်ဖ်အေနဲ့ ခရီးသွား ကုမ္ပဏီများရဲ့ အစီအမံတွေ အပေါ် ပြစ်တင်လိုက်ပါတယ်။

ဝုဗ်နည်းပြ ဆန်တိုကတော့ ဘောလုံးရာသီ နောက်ဆုံး ပွဲစဉ်မှာ နိုင်ပွဲရယူလိုပြီး လီဗာပူးကို ယှဉ်ကစားဖို့ အန်းဖီးလာမှာ ဖြစ်ကြောင်း ပွဲကြိုစကား ပါးထားပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံလုပွဲက အသက်ဝင်နေသလို ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုအတွက် ပြေးလမ်းမှာလည်း လီဗာပူးတိုက်စစ်မှူး ဆာလက်က သွင်းဂိုး ၂၂ ဂိုးနဲ့ ဦးဆောင်ထားပါတယ်။ ဒုတိယနေရာမှာ အသင်းဖော် မာနေးနဲ့ မန်စီးတီးမှ အဂွယ်ရို၊ အာဆင်နယ်ရဲ့ အူဘာမီယန်းတို့ ဂိုး ၂၀ စီနဲ့ ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ဟာ နျူးကမ့်ကပွဲမှာနဲ့ သူတို့ အရေးနိမ့်ခဲ့တဲ့ အန်ဖီးပွဲမှာ အထင်ကြီးလောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့သူ ရော်ဘတ်ဆန်ကို အတော်လေး အထင်ကြီးနေပြီး ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

ဒါပေမယ့် ကော်တင်ညိုကို ခေါ်ယူစဉ်က လီဗာပူးအားကစားဒါရိုက်တာ အဒ်ဝတ်က ဘာစီလိုနာနဲ့ သဘောတူညီထားမှုအရ ၂၀၂၀ ခုနှစ်ထိ မည်သည့် လီဗာပူးကစားသမားကို ထပ် ခေါ်ယူလိုရင် ဘာစီလိုနာက ပေါင် သန်း ၁၀၀ ကို ထပ်တိုးပေးရမှာ ဖြစ်ပါတယ်။

GiveMeSport က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ညာခြမ်းခံစစ်မှူး ဘယ်သူလဲ ဆိုပြီး တွစ်တာ၊ ဖေ့စ်ဘွတ်တို့ကနေ တဆင့် ဆန္ဒမဲ ကောက်ခံခဲ့ပါတယ်။ လီဗာပူးမှ ထရန့် အလက်ဇန္ဒါးအာနိုး၊ ရီးရဲလ်မက်ဒရစ်မှ ကာဗာဂျယ်၊ ဘိုင်ယန်မြူးနစ်မှ ကင်မစ်၊ ပီအက်စ်ဂျီမှ ဒန်နီ အဲလ်ဗတ်တို့ ကို မဲပေးစေခဲ့ရာ တွစ်တာနဲ့ ဖေ့စ်ဘွတ် voting နှစ်ရပ်လုံးမှာ အလက်ဇန္ဒါးအာနိုးက ၇၀% နှုန်းကျော်နဲ့ ကမ္ဘာ့အကောင်းဆုံး အဖြစ် မဲပေးခံခဲ့ရပါတယ်။