၂၀၁၈-၁၉ ပရီးမီးယားလိဂ် ပြီးဆုံးသွားချိန်မှာတော့ အချို့သော ကစားသမားတွေက ခြေစွမ်းကောင်းတွေနဲ့ အောင်မြင်စြွာ ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အချို့သော ကစားသမားတွေကတော့ အသင်းရဲ့ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။

မန်ယူတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်၊ အာဆင်နယ်ခံစစ်မှူး မူစတာဖီ အစရှိတဲ့ ကစားသမားတွေ ပါဝင်တဲ့ လက်ရှိ ရာသီ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံးသောအသင်းကို ဖော်ပြပေးလိုက်ရပါတယ်။

ဂိုးသမား – ဒီဂီယာ

ဒီဂီယာက လက်ရှိရာသီမှာ ပုံမှန်လက်စွမ်းအောက်ကို ရောက်ရှိခဲ့ပြီး ရာသီနှောင်းပိုင်းမှာ ပိုမိုအမှားများခဲ့ပါတယ်။

ညာနောက်ခံလူ – ထရစ်ပီယာ

ကမ္ဘာ့ဖလားမှာ အင်္ဂလန်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ထရစ်ပီယာဟာလည်း စပါးဆီကိုတော့ သူ့ရဲ့ပုံစံကောင်းတွေ ယူမလာနိုင်ခဲ့ပါဘူး။

ဗဟိုခံစစ်မှူး – မူစတာဖီ

တစ်ချိန်က အကောင်းဆုံး ခံစစ်မှူးတွေထဲမှာ ပါဝင်တဲ့ ဂျာမန်သားကြီး မူစတာဖီကတော့ လက်ရှိရာသီမှာ ဆိုးဆိုးရွားရွားကို အမှား များခဲ့ပါတယ်။

ဗဟိုခံစစ်မှူး – ဘိုင်လီ

ဘိုင်လီဟာ အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းကောင်းမွန်ခြင်းမရှိပါဘူး။ လာမယ့်နွေရာသီမှာ သူ့ကို အသင်းပြောင်းစေချင်တဲ့ ယူနိုက်တက် ပရိသတ်တွေ များနေခဲ့ပါပြီ။

ဘယ်နောက်ခံလူ – အက်ရှ်လေယန်း

ဘယ်/ညာ နောက်ခံလူတင် မကပဲ တောင်ပံအထိပါတက်ကစားခဲ့တဲ့ အက်ရှ်လေယန်းဟာ ခြေစွမ်း မကောင်းခဲ့ပေမယ့် မန်ယူရဲ့ စာချုပ်သစ် ကမ်းလှမ်းခံခဲ့ရတာကတော့ အံ့သြစရာကောင်းပါတယ်။

ကွင်းလယ်လူ – ကိုဗာဆစ်

ခရိုအေးရှားနဲ့ ခြေစွမ်းပြ ခဲ့တဲ့နောက်ပိုင်း ရီးရဲလ်ကနေ အငှားနဲ့ခေါ်ယူခဲ့ပေမယ့် စတမ်းဖို့ဘရစ်ခ်ျမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သေးတဲ့ ကစားသမားဖြစ်ပါတယ်။

ကွင်းလယ်လူ – ဖရက်ဒ်

ပေါင်(၅၂)သန်းတန် ဘရာဇီးသား ဖရက်ဒ်ဟာလည်း လက်ရှိရာသီမှာ မန်ယူအသင်းအတွက် ခြေစွမ်း တိုးတက်လာခြင်း မရှိသေးပါဘူး။

ကွင်းလယ်လူ – အိုဇေးလ်

အိုဇေးလ်ဟာ နည်းပြသစ် လက်ထက်မှာ ကစားပုံ တိုးတက်လာခြင်းမရှိလို့ အာဆင်နယ်အတွက် များများစားစား ကစာပေးလိုက်ရခြင်းတောင် မရှိခဲ့ဘူး။

ကွင်းလယ်လူ – ဒန်းနစ်ဆွာရက်ဇ်

ဘာစီလိုနာကနေ အာဆင်နယ်ကို အငှားနဲ့ လာရောက်ကစားနေတဲ့ ဒန်းနစ်ဆွာရက်ဇ်ဟာ ပရီမီးယားလိဂ် သမိုင်းမှာ အဆိုးရွားဆုံး ခေါ်ယူမှုတွေထဲ ပါဝင်သွားခဲ့တယ်။

တိုက်စစ်မှူး – ဟီဂွာအင်

ရာသီဝက်လောက်မှာ အငှားနဲ့ ရောက်လာပြီး ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်မှူး ဟီဂွာအင်ကို ချဲလ်ဆီး ဆက်ထိန်းထားဖို့ ရည်ရွယ်ချက် မရှိဘူးလို့ သိရပါတယ်။

တိုက်စစ်မှူး – ဆန်းချက်ဇ်

ဆန်းချက်အပေါ် မန်ယူ ပရိသတ်တွေရဲ့ သည်းခံနိုင်စွမ်းက ကုန်ဆုံးသွားခဲ့ပါပြီ၊ လက်ရှိရာသီမှာ ဆန်းချက်ဟာ
ပရီးမီးယားလိဂ် တစ်ဂိုးသာ သွင်းယူပေးထားပါတယ်။