ဒီကနေ့မနက်မှာတော့ လီဗာပူးအသင်းဟာ ဘိုင်ယန်ကနေ သီယာဂိုကို ဘယ်လို ခေါ်ယူနိုင်ခဲ့သလဲဆိုတာအတွက် ဗီဒီယိုတစ်ခုကို တရားဝင် လွှတ်တင်ခဲ့ပါတယ်။

သီယာဂို လီဗာပူးကို ရောက်လာပြီးနောက် ဗီဒီယို ဖြေဆိုမှုတွေကို အဆိုပါ ဗီဒီယိုမှာ မြင်ရမှာဖြစ်တယ်။ ဒါပေမယ့် လီဗာပူးပရိသတ်တွေ မသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ အဲ့တာကတော့ စပိန်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်က ‘This is Anfield’ ကို ထိခွင့်မရှိဘူးလို့ တားမြစ်ခဲ့ခြင်းပါပဲ။

သီယာဂိုက ပြောရာမှာ “ တောရက်စ်က ကလပ်မှာ ဆုဖလား တစ်ခုခုကို အနိုင်မရမချင်း ‘This is Anfield’ တံဆိပ်ကို လက်နဲ့ လုံးဝ မထိပါနဲ့လို့ သတိပေးခဲ့တယ်။ အဲ့တာကို ကျနော် လေးစားသွားမှာပါ ’ လို့ ဝန်ခံခဲ့ပါတယ်။

‘This is Anfield’ တံဆိပ်ဟာ လီဗာပူးသမိုင်းမှာ ကာလရှည် ရှိနေခဲ့တဲ့ အမှတ်အသားပါ။ လီဗာပူးဂန္တဝင်မန်နေဂျာကြီး ဘီရှန်ကလေက ပြိုင်ဘက် ကစားသမားတွေက သူတို့ရင်ဆိုင်နေရတဲ့ အသင်းက ဘာအသင်းလဲဆိုတာကို စွဲမြဲနေစေဖို့ အဆိုပါ တံဆိပ်ကို အန်ဖီးကွင်းမှာ တပ်ဆင်ခဲ့တာဖြစ်တယ်။

အဓိက ပွဲကြည့်စင် အဟောင်းမှာတုန်းက လေခါးအတက်အဆင်းမှာ ချိတ်ခဲ့တာဖြစ်ပေမယ့် ပွဲကြည့်စင် အသစ်မှာတော့ ထွက်ပေါက်မှာ ပြန်လည် ချိတ်ဆွဲခဲ့တာဖြစ်ပါတယ်။

ယခင်တုန်းကတော့ အဆိုပါ တံဆိပ်ကို ဆုဖလားရမှ လက်နဲ့ထိခွင့်ရှိမယ်လို့ တားမြစ်ချက်မျိုး မရှိခဲ့ပေမယ့် မန်နေဂျာယာဂင်ကလော့ပ် လက်ထက်မှာတော့ အတိတ်က ဂန္တဝင်ကြီးတွေကို လေးစားမှုအနေနဲ့ ဆုဖလား မအောင်မြင်သ၍ ထိခွင့်မရှိဘူးလို့ တားမြစ်ထားတာဖြစ်တယ်။

၂၀၁၉ ချန်ပီယံလိဂ်ဖလားကို အောင်မြင်တဲ့နောက် လီဗာပူးအသင်းသားတွေဟာ ‘This is Anfield’ တံဆိပ်ကို စတင်ထိတွေ့ခွင့် ရခဲ့ပါတယ်။

ZAWGYI

ဒီကေန႔မနက္မွာေတာ့ လီဗာပူးအသင္းဟာ ဘိုင္ယန္ကေန သီယာဂိုကို ဘယ္လို ေခၚယူႏုိင္ခဲ့သလဲဆိုတာအတြက္ ဗီဒီယိုတစ္ခုကို တရားဝင္ လႊတ္တင္ခဲ့ပါတယ္။

သီယာဂို လီဗာပူးကို ေရာက္လာျပီးေနာက္ ဗီဒီယို ေျဖဆိုမႈေတြကို အဆိုပါ ဗီဒီယိုမွာ ျမင္ရမွာျဖစ္တယ္။ ဒါေပမယ့္ လီဗာပူးပရိသတ္ေတြ မသိေသးတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုလည္း ပါဝင္ခဲ့ပါတယ္။ အဲ့တာကေတာ့ စပိန္တိုက္စစ္မွဴးေဟာင္း ဖာနန္ဒိုေတာရက္စ္က ‘This is Anfield’ ကို ထိခြင့္မရွိဘူးလို႔ တားျမစ္ခဲ့ျခင္းပါပဲ။

သီယာဂိုက ေျပာရာမွာ “ ေတာရက္စ္က ကလပ္မွာ ဆုဖလား တစ္ခုခုကို အႏုိင္မရမခ်င္း ‘This is Anfield’ တံဆိပ္ကို လက္နဲ႔ လံုးဝ မထိပါနဲ႔လို႔ သတိေပးခဲ့တယ္။ အဲ့တာကို က်ေနာ္ ေလးစားသြားမွာပါ ’ လို႔ ဝန္ခံခဲ့ပါတယ္။

‘This is Anfield’ တံဆိပ္ဟာ လီဗာပူးသမိုင္းမွာ ကာလရွည္ ရွိေနခဲ့တဲ့ အမွတ္အသားပါ။ လီဗာပူးဂႏၱဝင္မန္ေနဂ်ာၾကီး ဘီရွန္ကေလက ျပိဳင္ဘက္ ကစားသမားေတြက သူတို႔ရင္ဆိုင္ေနရတဲ့ အသင္းက ဘာအသင္းလဲဆိုတာကို စြဲျမဲေနေစဖို႔ အဆိုပါ တံဆိပ္ကို အန္ဖီးကြင္းမွာ တပ္ဆင္ခဲ့တာျဖစ္တယ္။

အဓိက ပြဲၾကည့္စင္ အေဟာင္းမွာတုန္းက ေလခါးအတက္အဆင္းမွာ ခ်ိတ္ခဲ့တာျဖစ္ေပမယ့္ ပြဲၾကည့္စင္ အသစ္မွာေတာ့ ထြက္ေပါက္မွာ ျပန္လည္ ခ်ိတ္ဆြဲခဲ့တာျဖစ္ပါတယ္။

ယခင္တုန္းကေတာ့ အဆိုပါ တံဆိပ္ကို ဆုဖလားရမွ လက္နဲ႔ထိခြင့္ရွိမယ္လို႔ တားျမစ္ခ်က္မ်ိဳး မရွိခဲ့ေပမယ့္ မန္ေနဂ်ာယာဂင္ကေလာ့ပ္ လက္ထက္မွာေတာ့ အတိတ္က ဂႏၱဝင္ၾကီးေတြကို ေလးစားမႈအေနနဲ႔ ဆုဖလား မေအာင္ျမင္သ၍ ထိခြင့္မရွိဘူးလို႔ တားျမစ္ထားတာျဖစ္တယ္။

၂၀၁၉ ခ်န္ပီယံလိဂ္ဖလားကို ေအာင္ျမင္တဲ့ေနာက္ လီဗာပူးအသင္းသားေတြဟာ ‘This is Anfield’ တံဆိပ္ကို စတင္ထိေတြ႔ခြင့္ ရခဲ့ပါတယ္။