ဘော်ဘီဒွန်းကန့်ဟာ ဖီအိုရင်တီးနားကနေ ဒါဘီ ယူ-၂၃ အသင်းထံ ကူးပြောင်းခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်က လီဗာပူးနဲ့ သူ့ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာအတွက် ဒါလေးကို ဖတ်ပြီး Stay Home လိုက်ရအောင်လား ညီကိုတို့။

၂၀၁၆ ခုနှစ်ရဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ လီဗာပူးမြို့စင်တာကနေ ၁၀ မိုင်အကွာမှာရှိတဲ့ မိသားစု အိမ်ကို ဘော်ဘီဒွန်းကန့်နဲ့ မိသားစုဝင်တွေက လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်ကို ဖိတ်ခေါ်ခဲ့ကြတယ်။

ဂျိမ်းပီရက်စ်ဆိုတာကလည်း ဂုဏ်သိက္ခာအကြီးဆုံးလို့ ဆိုနိုင်တဲ့ လီဗာပူးဖွား လီဗာပူးသတင်းထောက် စစ်စစ် တစ်ယောက်ဖြစ်တယ်။ အခြားသော သတင်းထောက်တွေနဲ့ ခြားနားချက်က ဂျိမ်းပီရက်စ်ဟာ မာဆေးဆိုဒ်အခြေစိုက် Liverpool Echo မှာ လီဗာပူးကိုယ်စားပြုအဖြစ် ၁၄ နှစ် အလုပ်လုပ်ခဲ့တယ်။ သူက လီဗာပူးအသင်းက အကြီးတန်း အရာရှိတွေနဲ့ ရင်းနှီးသလို ဆန္ဒရှိရင် ယာဂင်ကလော့ပ်ရဲ့ ရုံးခန်းထဲကို ဝင်ဖို့ ကြိုတင်ချိန်းဆိုပြီး တွေ့ဆုံခွင့်ရှိသူဖြစ်တယ်။

ပြန်ဆက်ရမယ်ဆိုရင် ဘော်ဘီ ဒွန်းကန့်ဆိုတာက အချာပင် မဟုတ်ဘူး။ သူက လီဗာပူး ဂန္တဝင် အသင်းခေါင်းဆောင်ကြီး စတီဗင်ဂျရတ်ရဲ့ ညီ။ ဂျရတ်မိသားစုဝင်ဖြစ်တာနဲ့အညီ လီဗာပူးအသင်းက သူ့ကို သိပ်ဂရုစိုက်ပေးဖို့ဖြစ်ခဲ့တယ်။ နောက်ပြီး သူက အင်္ဂလန်ဘောလုံးသမိုင်းမှာ ပထမဆုံးအဖြစ် ဘရာဇီး သက်တမ်းအလိုက် လက်ရွေးစင်ကို ပထမဆုံးသော hat-trick သွင်းယူဖူးသူလည်းဖြစ်တယ်။

ဒီတော့ ဂျရတ်မိသားစုဝင်၊ လူငယ်အသင်းနည်းပြ ဂျရတ်ရဲ့ အကောင်းဆုံး တိုက်စစ်သမားလေး၊ အင်္ဂလန်ရဲ့ ရှားပါး မှတ်တမ်းဝင် ကစားသမား၊ အသက်ငယ်ငယ် ဒီကောင်လေးကမှ လီဗာပူးမှာ ဟီးရိုးမဖြစ်လာရင် ဘယ်သူမှ ဟီးရိုးဖြစ်တော့မှာလည်း မဟုတ်ဘူး။ ဒီလိုတွေ ထင်ခဲ့ကြတာပေါ့။

ပိုကောင်းတဲ့ ဇာတ်လမ်းက ထပ်ပြီး ရှိခဲ့သေးတယ်။ သူက လီဗာပူးအကယ်ဒမီကို တိုက်ရိုက် ပူးပေါင်းခဲ့သူ မဟုတ်ဘူး။ အသက် ၁၀ နှစ်မှာ ဝီဂန်ကနေ မန်စီးတီး အကယ်ဒမီကို ပြောင်းရွှေ့ တက်ရောက်ခြ့တယ်။ ယူ-၁၆ အောက်ပိုင်းမှာတော့ ဂိုးသွင်းသိပ်ကောင်းတဲ့ ကောင်လေးဖြစ်ခဲ့တယ်။

မန်စီးတီးကလည်း ဒွန်းကန့်ကို ကြယ် ငါးပွင့်အဆင့်ရှိတဲ့ ဂရုစိုက်မှုကို ပေးခဲ့တယ်။ မနက်တိုင်းမှာ တစ်နှစ်ကို ပေါင် ၁၂၀၀၀ ပေးရတဲ့ St Bede’s College မှာ ကျောင်းသွားတက်ဖို့ ဒွန်းကန့်ကို ဒရိုင်ဘာတစ်ဦးနဲ့ ကားမောင်းပို့ပေးတယ်။ ပြီးမှ အီသီဟတ် လေ့ကျင့်ရေးကွင်းကို လာရတယ်။ ဒွန့်ကန့် ပရိုကစားသမားဖြစ်လာခဲ့ရင် ဒီကောင်လေးက သန်းကြယ်သူဌေးဖြစ်မယ့် သူပေါ့။ အားလုံးဖူးဖူးမှုတ်ထားကြတာလေ။

ဒါပေမယ့် ဒွန်းကန့်ရဲ့ အဖေ ရောဘ့်က ဒါတွေအားလုံးကို ပြောင်းလဲခဲ့တယ်။ သူ့မှာ မာစတာပလန်ကြီးကြီးတစ်ခု ရှိထားပါတယ်။

ဂျိမ်းပီရက်စ်ကို ဖိတ်ခေါ်ခဲ့တဲ့နေ့က ရောဘ့်က ဒါကို ပြောခဲ့တယ် “ စီတီးဘက်က ကမ်းလှမ်းခဲ့တာပေါ့ဗျာ။ ပရိုကစားသမားဘဝ ကူးပြောင်းခဲ့ရင် ဘော်ဘီကို ချမ်းသာကြွယ်ဝစေရမယ်ပေါ့။ ဒါပေမယ့် သူက လက်မှတ်ထိုးမှာ မဟုတ်ပါဘူး။ မန်စီးတီးမှာ ဆက်ကစားစရာ ဘာအကြောင်းမှ မရှိဘူး။ သူက လီဗာပူးမှာပဲ ရှိရမယ်။ သူက လီဗာပူးသားလေးပဲ။ လီဗာပူးက သူ့ကလပ်ပဲ ” ဆိုတာပါပဲ။

အဲ့တုန်းက ၁၅ နှစ်သားလေးဖြစ်တဲ့ ဒွန်းကန့်ဟာ လီဗာပူးအကယ်ဒမီမှာ ပူးပေါင်းနေပြီးဖြစ်တဲ့ ညီငယ်တွေဖြစ်တဲ့ အိုလီယာ၊ ဖရက်ဒီတို့နဲ့အတူ ကီရာဘီကို မတက်ရောက်သေးပါဘူး။ ဝက်စတန်ဖွား တိုက်စစစ်သမားလေးက စတီဗင်ဂျရတ်ရဲ့ ဗီဒီယိုတွေကို အမြဲတမ်း ကြည့်ရှုခဲ့မှုနဲ့အတူ “တစ်ရက်မှာ ကျနော်လည်း ဖြစ်မြောက်ရမယ်” လို့ ကြုံးဝါးခဲ့တယ်။

၁၈ လကြာတော့ ဆွေးနွေးမှုတွေ အောင်မြင်ခဲ့တယ်။ ၂၀၁၈ ခုနှစ်မှာ သူဟာ မန်စီးတီးကနေ လီဗာပူးကို ပေါင် ၂ သိန်းနဲ့တင် ပြောင်းရွှေ့နိုင်ခဲ့တယ်။ သြဂုတ်လမှာတော့ စာရွက်စာတမ်းကိစ္စတွေ အောင်မြင်ခဲ့ပြီး သူဟာ လီဗာပူးနဲ့ သုံးနှစ်စာချုပ်ချုပ်ခဲ့တယ်။ အားလုံးက အပြုံးတွေဝေလို့။

ဒွန်းကန့်က “ အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ နေ့ရက်က ရောက်လာခဲ့ပါပြီ။ ကျနော် ဘဝတစ်ယောက်လုံး အားပေး ကြည့်ရှုခဲ့ရတဲ့ အသင်းပါ။ ကျနော်ရဲ့ အိပ်မက်အသင်းပါပဲ ” ဆိုတာက လီဗာပူးအသင်းသား ဖြစ်လာတဲ့နောက် ဒွန်းကန့်ရဲ့ ပထမဆုံး တွစ်တာ ဖော်ပြချက်ပါ။

၁၂ လ ထပ်ကြာသွားတော့ အခြေအနေတွေက ထပ်ပြီး ပြောင်းလဲလာခဲ့တယ်။ သူ့ရဲ့အေးဂျင့် Saif Rubie က လီဗာပူးအသင်းဟာ ကစားသမားလေးကို စိတ်ဓါတ်ပိုင်း ထိခိုက်စေပြီး ဘဝတက်လှမ်းကို ပိတ်ပင်ပါတယ်လို့ စွပ်စွဲခဲ့တယ်။ ဖီအိုရင်တီးနားနဲ့ နယ်သာလန်ကလပ် FC Nordsjaelland တို့ရဲ့ ကမ်းလှမ်းမှုတွေကို လီဗာပူးအသင်း ငြင်းဆန်ခြင်းက ကစားသမားရဲ့ အေးဂျင့်က အထက်ပါ စွပ်စွဲမှုတွေ လုပ်ဖို့ အကြောင်းရင်း ဖြစ်လာတယ်။

Rubie က လီဗာပူး အားကစားဒါရိုက်တာ အတ်ဝဒ်ကို ပြင်းပြင်းထန်ထန် ဝေဖန်တယ်။ အတ်ဝဒ်က ဒွန်းကန့်ကို ထွက်ခွင့်မပေးကြောင်းနဲ့ ဒွန်းကန့်က လီဗာပူးအတွက် ထပ်ကစားပေးတော့မှာ မဟုတ်ဘူးလို့ သူက ကလန်ထိုးတယ်။

ဒွန်းကန့် ကိုယ်တိုင်ကလည်း လီဗာပူးနဲ့ ဆက်နွယ်တဲ့ ကိစ္စတွေ အားလုံးကို သူ့အကောင့်ကနေ ဖျက်ခဲ့တယ်။ အိမ်ထဲက အိမ်ပြင်ကို လေးရက် မထွက်ခဲ့ဘူး။ လီဗာပူးဘက်က နောက်ဆုံးမှာ ဒွန်းကန့်ကို ထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

လီဗာပူးကစားသမားဘဝ တစ်ရာသီတည်းမှာ ဒွန်းကန့်ဟာ ကိုယ်တိုင် ၃၂ ဂိုး သွင်းခဲ့ပြီး ဂိုးထောက်ပံ့မှု ၂၃ ကြိမ် လုပ်နိုင်ခဲ့တာပါ။ သူက လူငယ် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အသင်းဟောင်း မန်စီးတီးကို အနိုင်ယူပြီး အက်ဖ်အေချန်ပီယံဖြစ်ခဲ့တယ်။

သူ့ကို လီဗာပူး ယူ-၂၃ အသင်းထံ တိုးမြင့် ခေါ်ယူပြီး မဲဝုဒ်မှာ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့နဲ့ ပုံမှန် လေ့ကျင့်ခွင့်ပေးဖို့ထိ ရွေးချယ်ထားပြီးဖြစ်တယ်။ မန်နေဂျာ ယာဂင်ကလော့ပ်က နိုင်ငံတကာ သီတင်းပတ်မှာ ပထမအသင်း မရှိတုန်း လူငယ်တစ်စုလုံးကို ခေါ်ယူပြီး ခြေစမ်းပွဲလည်း ကစားခဲ့သေးတယ်။ ဂိုးသွင်းခဲ့တဲ့ ဒွန်းကန့်ရဲ့ ခြေစွမ်းကို ကလော့ပ်က တစ်ပြုံးပြုံးနဲ့ ကျေနပ်ခဲ့တာပေါ့။

ဒါပေမယ့်လို့ ဖာမင်နို၊ ဆာလက်၊ မာနေးတို့နောက် လီဗာပူးအသင်းမှာ နေရာမရနိုင်ဘူးဆိုတဲ့ အေးဂျင့်ဖြစ်သူရဲ့ မက်လုံးတွေကပဲ ဒွန်းကန့် လီဗာပူးနေ ထွက်ဖို့ အကြောင်းရင်းတွေ ဖြစ်လာခဲ့ပါတယ်။

ဒီလို ဇာတ်လမ်းတွေ ဖြစ်လာရတဲ့ အကြောင်းရင်းထဲမှာ ဒွန်းကန့်က အရမ်းကို ပစားပေးခံရမှုတွေကလည်း ပါဝင်ပါတယ်။ သူက မျိုးရိုးနောက်ခံ ကောင်းတယ်၊ အင်္ဂလန်ဘောလုံးသမိုင်းမှာ ဘယ်သူမှ မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ပြခဲ့တယ်။ ပထမဆုံးသော လီဗာပူးကစားသမားဘဝမှာ သွင်းဂိုး ၅၆ ဂိုးအတွက်ကို ပက်သက်ခဲ့တယ်။ ဒီတော့ ဒွန်းကန့်က သူဟာ စီနီယာအဆင့် ပွဲတွေကို ရသင့်သူလို့ ယုံကြည်လာတယ်။

လီဗာပူး လူငယ်ကစားသမားဘဝ သူက တစ်ပတ်ကို ပေါင် ၁၅၀၀ နဲ့ ဆုကြေးပဲ ရပါတယ်။ ဒီတော့ အေးဂျင့်က ဖီအိုရင်တီနားနဲ့ ညိနှိုင်းတယ် သူက ကောင်လေးကို ပွဲကစားခွင့်တွေရမယ်လို့ ဆွယ်ခဲ့တယ်။ ဒွန်းကန့်အတွက်ကတော့ ကစားချင်တာ အောင်မြင်လိုတာပဲ သိတယ်။ သူက စာရွက်စာတမ်းကိစ္စတွေ သိရအောင် အရွယ်မရောက်သေးဘူး။ သူနားလည်တာ ဖီအိုရင်ကို ပြောင်းရင် ပွဲကစားရမယ်။ ဒါလေးပဲ သိတယ်။

ကာရေဂါက ဒွန်းကန့်ရဲ့ အေးဂျန်ကို ထမထိုးရုံတမယ် ဝေဖန်တယ်။ ကောင်လေးရဲ့ ကစားသမားကို ဖျက်ဆီးနေတယ်၊ အမှားကြီးလုပ်ဖို့ ဆွယ်နေတယ်၊ ဒွန့်ကန့်ကိုလည်း အေးဂျန့်နဲ့ လက်တွဲ ဖြုတ်လိုက်ဖို့ပေါ့။ အဘက်ဘက်က ပေးလာတဲ့ တွန်းအားတွေက မထင်မှတ်ပဲ ဒွန့်ကန့်ကို သူ့အေးဂျန့်ကို ပိုယုံကြည်ဖို့ပဲ ဖြစ်စေခဲ့တာကတော့ ဝမ်းနည်းစရာပါပဲ။

လီဗာပူးအသိုင်းအဝိုင်းနဲ့ ဘော်ဘီ ဒွန်းကန့်ရဲ့ အေးဂျန့်တို့ ပြဿနာတွေ အကြီးအကျယ် တက်ခဲ့ပြီးနောက် အေးဂျန့်က လူမှုကွန်ယက်ကို ပိတ်သွားတယ်။ နောက်ကွယ်ကနေပဲ ကိစ္စတွေကို ကြိုးကိုင်ခဲ့ပြီး အီတလီကို ပြောင်းသွားခဲ့တာဖြစ်တယ်။

ဒါပေမယ့် မအောင်မြင်ပါဘူး။ ဖီအိုရင်တီးနားဘက်ကလည်း ကစားသမားကို ပွဲကစားခွင့် မပေးခဲ့ဘူး။ လူငယ်အသင်းမှာပဲ ထားခဲ့တယ်။ ဒွန့်ကန့်ရဲ့ ခြေစွမ်းက လီဗာပူးမှာထက်ကို ယုတ်လျော့သွားတယ်။ ဒီနွေမှာတော့ သူ အင်္ဂလန်ကို ပြန်ပြောင်းလာပြီး ဒါဘီ ယူ-၂၃ အသင်းနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

ဒီကိစ္စတွေက လီဗာပူးအတွက် အလားအလာ အကောင်းဆုံး ကြယ်ပွင့်ကို ဆုံးရံှူးစေခဲ့သလို လီဗာပူးမြို့ကလည်း တောက်ပတဲ့ အနာဂတ်ရှိတဲ့ ဒွန့်ကန့်လို မြိုသားရဲ့ အောင်မြင်မှုကို မမြင်ရဖို့ ဖြစ်စေခဲ့တယ်။ ကစားသမားလေးအတွက်ကလည်း တောက်မယ့်မီးခဲ တရဲရဲအဖြစ်ကနေ မီးခဲပြာဖုံးဘဝကို ရောက်ခဲ့ရတယ်။

ဒွန်းကန့်က အခုမှ ၁၈ နှစ်ပဲ ရှိပါသေးတယ်။ တစ်ချိန်မှာ သူ မအောင်မြင်လာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါပေမယ့်လို့ သူနဲ့ လီဗာပူးကြား ဇာတ်လမ်းကတော့ စိတ်မချမ်းသာစရာ ကိစ္စအဖြစ် အဆုံးသတ်ခဲ့တာကိုတော့ ပြောင်းလဲလို့ ရစေမှာ မဟုတ်တော့ပါဘူး။

ရေးသားသူ – ဟန်သာ

Tha Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်ရဲ့ ‘Money not the motivation for Bobby Duncan’ အမည်ရ ဆောင်းပါးကို ကိုးကားပါသည်။

ZAWGYI

ေဘာ္ဘီဒြန္းကန္႔ဟာ ဖီအိုရင္တီးနားကေန ဒါဘီ ယူ-၂၃ အသင္းထံ ကူးေျပာင္းခဲ့ျပီျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၁ ႏွစ္က လီဗာပူးနဲ႔ သူ႔ၾကားမွာ ဘာေတြျဖစ္ခဲ့လဲဆိုတာအတြက္ ဒါေလးကို ဖတ္ျပီး Stay Home လိုက္ရေအာင္လား ညီကိုတို႔။

၂၀၁၆ ခုႏွစ္ရဲ႕ ဒီဇင္ဘာလ အေစာပိုင္းမွာ လီဗာပူးျမိဳ႕စင္တာကေန ၁၀ မိုင္အကြာမွာရွိတဲ့ မိသားစု အိမ္ကို ေဘာ္ဘီဒြန္းကန္႔နဲ႔ မိသားစုဝင္ေတြက လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္ကို ဖိတ္ေခၚခဲ့ၾကတယ္။

ဂ်ိမ္းပီရက္စ္ဆိုတာကလည္း ဂုဏ္သိကၡာအၾကီးဆံုးလို႔ ဆိုႏုိင္တဲ့ လီဗာပူးဖြား လီဗာပူးသတင္းေထာက္ စစ္စစ္ တစ္ေယာက္ျဖစ္တယ္။ အျခားေသာ သတင္းေထာက္ေတြနဲ႔ ျခားနားခ်က္က ဂ်ိမ္းပီရက္စ္ဟာ မာေဆးဆိုဒ္အေျခစိုက္ Liverpool Echo မွာ လီဗာပူးကိုယ္စားျပဳအျဖစ္ ၁၄ ႏွစ္ အလုပ္လုပ္ခဲ့တယ္။ သူက လီဗာပူးအသင္းက အၾကီးတန္း အရာရွိေတြနဲ႔ ရင္းႏွီးသလို ဆႏၵရွိရင္ ယာဂင္ကေလာ့ပ္ရဲ႕ ရံုးခန္းထဲကို ဝင္ဖို႔ ၾကိဳတင္ခ်ိန္းဆိုျပီး ေတြ႔ဆံုခြင့္ရွိသူျဖစ္တယ္။

ျပန္ဆက္ရမယ္ဆိုရင္ ေဘာ္ဘီ ဒြန္းကန္႔ဆိုတာက အခ်ာပင္ မဟုတ္ဘူး။ သူက လီဗာပူး ဂႏၱဝင္ အသင္းေခါင္းေဆာင္ၾကီး စတီဗင္ဂ်ရတ္ရဲ႕ ညီ။ ဂ်ရတ္မိသားစုဝင္ျဖစ္တာနဲ႔အညီ လီဗာပူးအသင္းက သူ႔ကို သိပ္ဂရုစိုက္ေပးဖို႔ျဖစ္ခဲ့တယ္။ ေနာက္ျပီး သူက အဂၤလန္ေဘာလံုးသမိုင္းမွာ ပထမဆံုးအျဖစ္ ဘရာဇီး သက္တမ္းအလိုက္ လက္ေရြးစင္ကို ပထမဆံုးေသာ hat-trick သြင္းယူဖူးသူလည္းျဖစ္တယ္။

ဒီေတာ့ ဂ်ရတ္မိသားစုဝင္၊ လူငယ္အသင္းနည္းျပ ဂ်ရတ္ရဲ႕ အေကာင္းဆံုး တိုက္စစ္သမားေလး၊ အဂၤလန္ရဲ႕ ရွားပါး မွတ္တမ္းဝင္ ကစားသမား၊ အသက္ငယ္ငယ္ ဒီေကာင္ေလးကမွ လီဗာပူးမွာ ဟီးရိုးမျဖစ္လာရင္ ဘယ္သူမွ ဟီးရိုးျဖစ္ေတာ့မွာလည္း မဟုတ္ဘူး။ ဒီလိုေတြ ထင္ခဲ့ၾကတာေပါ့့။

ပိုေကာင္းတဲ့ ဇာတ္လမ္းက ထပ္ျပီး ရွိခဲ့ေသးတယ္။ သူက လီဗာပူးအကယ္ဒမီကို တိုက္ရိုက္ ပူးေပါင္းခဲ့သူ မဟုတ္ဘူး။ အသက္ ၁၀ ႏွစ္မွာ ဝီဂန္ကေန မန္စီးတီး အကယ္ဒမီကို ေျပာင္းေရႊ႔ တက္ေရာက္ချ့တယ္။ ယူ-၁၆ ေအာက္ပိုင္းမွာေတာ့ ဂိုးသြင္းသိပ္ေကာင္းတဲ့ ေကာင္ေလးျဖစ္ခဲ့တယ္။

မန္စီးတီးကလည္း ဒြန္းကန္႔ကို ၾကယ္ ငါးပြင့္အဆင့္ရွိတဲ့ ဂရုစိုက္မႈကို ေပးခဲ့တယ္။ မနက္တိုင္းမွာ တစ္ႏွစ္ကို ေပါင္ ၁၂၀၀၀ ေပးရတဲ့ St Bede’s College မွာ ေက်ာင္းသြားတက္ဖို႔ ဒြန္းကန္႔ကို ဒရိုင္ဘာတစ္ဦးနဲ႔ ကားေမာင္းပို႔ေပးတယ္။ ျပီးမွ အီသီဟတ္ ေလ့က်င့္ေရးကြင္းကို လာရတယ္။ ဒြန္႔ကန္႔ ပရိုကစားသမားျဖစ္လာခဲ့ရင္ ဒီေကာင္ေလးက သန္းၾကယ္သူေဌးျဖစ္မယ့္ သူေပါ့။ အားလံုးဖူးဖူးမႈတ္ထားၾကတာေလ။

ဒါေပမယ့္ ဒြန္းကန္႔ရဲ႕ အေဖ ေရာဘ့္က ဒါေတြအားလံုးကို ေျပာင္းလဲခဲ့တယ္။ သူ႔မွာ မာစတာပလန္ၾကီးၾကီးတစ္ခု ရွိထားပါတယ္။

ဂ်ိမ္းပီရက္စ္ကို ဖိတ္ေခၚခဲ့တဲ့ေန႔က ေရာဘ့္က ဒါကို ေျပာခဲ့တယ္ “ စီတီးဘက္က ကမ္းလွမ္းခဲ့တာေပါ့ဗ်ာ။ ပရိုကစားသမားဘဝ ကူးေျပာင္းခဲ့ရင္ ေဘာ္ဘီကို ခ်မ္းသာၾကြယ္ဝေစရမယ္ေပါ့့။ ဒါေပမယ့္ သူက လက္မွတ္ထိုးမွာ မဟုတ္ပါဘူး။ မန္စီးတီးမွာ ဆက္ကစားစရာ ဘာအေၾကာင္းမွ မရွိဘူး။ သူက လီဗာပူးမွာပဲ ရွိရမယ္။ သူက လီဗာပူးသားေလးပဲ။ လီဗာပူးက သူ႔ကလပ္ပဲ ” ဆိုတာပါပဲ။

အဲ့တုန္းက ၁၅ ႏွစ္သားေလးျဖစ္တဲ့ ဒြန္းကန္႔ဟာ လီဗာပူးအကယ္ဒမီမွာ ပူးေပါင္းေနျပီးျဖစ္တဲ့ ညီငယ္ေတြျဖစ္တဲ့ အိုလီယာ၊ ဖရက္ဒီတို႔နဲ႔အတူ ကီရာဘီကို မတက္ေရာက္ေသးပါဘူး။ ဝက္စတန္ဖြား တိုက္စစစ္သမားေလးက စတီဗင္ဂ်ရတ္ရဲ႕ ဗီဒီယိုေတြကို အျမဲတမ္း ၾကည့္ရႈခဲ့မႈနဲ႔အတူ “တစ္ရက္မွာ က်ေနာ္လည္း ျဖစ္ေျမာက္ရမယ္” လို႔ ၾကံဳးဝါးခဲ့တယ္။

၁၈ လၾကာေတာ့ ေဆြးေႏြးမႈေတြ ေအာင္ျမင္ခဲ့တယ္။ ၂၀၁၈ ခုႏွစ္မွာ သူဟာ မန္စီးတီးကေန လီဗာပူးကို ေပါင္ ၂ သိန္းနဲ႔တင္ ေျပာင္းေရႊ႔ႏုိင္ခဲ့တယ္။ ၾသဂုတ္လမွာေတာ့ စာရြက္စာတမ္းကိစၥေတြ ေအာင္ျမင္ခဲ့ျပီး သူဟာ လီဗာပူးနဲ႔ သံုးႏွစ္စာခ်ဳပ္ခ်ဳပ္ခဲ့တယ္။ အားလံုးက အျပံဳးေတြေဝလို႔။

ဒြန္းကန္႔က “ အၾကာၾကီး ေစာင့္ေမွ်ာ္ေနခဲ့ရတဲ့ ေန႔ရက္က ေရာက္လာခဲ့ပါျပီ။ က်ေနာ္ ဘဝတစ္ေယာက္လံုး အားေပး ၾကည့္ရႈခဲ့ရတဲ့ အသင္းပါ။ က်ေနာ္ရဲ႕ အိပ္မက္အသင္းပါပဲ ” ဆိုတာက လီဗာပူးအသင္းသား ျဖစ္လာတဲ့ေနာက္ ဒြန္းကန္႔ရဲ႕ ပထမဆံုး တြစ္တာ ေဖာ္ျပခ်က္ပါ။

၁၂ လ ထပ္ၾကာသြားေတာ့ အေျခအေနေတြက ထပ္ျပီး ေျပာင္းလဲလာခဲ့တယ္။ သူ႔ရဲ႕ေအးဂ်င့္ Saif Rubie က လီဗာပူးအသင္းဟာ ကစားသမားေလးကို စိတ္ဓါတ္ပိုင္း ထိခိုက္ေစျပီး ဘဝတက္လွမ္းကို ပိတ္ပင္ပါတယ္လို႔ စြပ္စြဲခဲ့တယ္။ ဖီအုိရင္တီးနားနဲ႔ နယ္သာလန္ကလပ္ FC Nordsjaelland တို႔ရဲ႕ ကမ္းလွမ္းမႈေတြကို လီဗာပူးအသင္း ျငင္းဆန္ျခင္းက ကစားသမားရဲ႕ ေအးဂ်င့္က အထက္ပါ စြပ္စြဲမႈေတြ လုပ္ဖို႔ အေၾကာင္းရင္း ျဖစ္လာတယ္။

Rubie က လီဗာပူး အားကစားဒါရိုက္တာ အတ္ဝဒ္ကို ျပင္းျပင္းထန္ထန္ ေဝဖန္တယ္။ အတ္ဝဒ္က ဒြန္းကန္႔ကို ထြက္ခြင့္မေပးေၾကာင္းနဲ႔ ဒြန္းကန္႔က လီဗာပူးအတြက္ ထပ္ကစားေပးေတာ့မွာ မဟုတ္ဘူးလို႔ သူက ကလန္ထိုးတယ္။

ဒြန္းကန္႔ ကိုယ္တိုင္ကလည္း လီဗာပူးနဲ႔ ဆက္ႏြယ္တဲ့ ကိစၥေတြ အားလံုးကို သူ႔အေကာင့္ကေန ဖ်က္ခဲ့တယ္။ အိမ္ထဲက အိမ္ျပင္ကို ေလးရက္ မထြက္ခဲ့ဘူး။ လီဗာပူးဘက္က ေနာက္ဆံုးမွာ ဒြန္းကန္႔ကို ထြက္ခြင့္ေပးဖို႔ ဆံုးျဖတ္ခဲ့တယ္။

လီဗာပူးကစားသမားဘဝ တစ္ရာသီတည္းမွာ ဒြန္းကန္႔ဟာ ကိုယ္တိုင္ ၃၂ ဂိုး သြင္းခဲ့ျပီး ဂိုးေထာက္ပံ့မႈ ၂၃ ၾကိမ္ လုပ္ႏုိင္ခဲ့တာပါ။ သူက လူငယ္ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ အသင္းေဟာင္း မန္စီးတီးကို အႏုိင္ယူျပီး အက္ဖ္ေအခ်န္ပီယံျဖစ္ခဲ့တယ္။

သူ႔ကို လီဗာပူး ယူ-၂၃ အသင္းထံ တိုးျမင့္ ေခၚယူျပီး မဲဝုဒ္မွာ ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔နဲ႔ ပံုမွန္ ေလ့က်င့္ခြင့္ေပးဖို႔ထိ ေရြးခ်ယ္ထားျပီးျဖစ္တယ္။ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ႏုိင္ငံတကာ သီတင္းပတ္မွာ ပထမအသင္း မရွိတုန္း လူငယ္တစ္စုလံုးကို ေခၚယူျပီး ေျခစမ္းပြဲလည္း ကစားခဲ့ေသးတယ္။ ဂိုးသြင္းခဲ့တဲ့ ဒြန္းကန္႔ရဲ႕ ေျခစြမး္ကို ကေလာ့ပ္က တစ္ျပံဳးျပံဳးနဲ႔ ေက်နပ္ခဲ့တာေပါ့။

ဒါေပမယ့္လို႔ ဖာမင္ႏို၊ ဆာလက္၊ မာေနးတို႔ေနာက္ လီဗာပူးအသင္းမွာ ေနရာမရႏုိင္ဘူးဆိုတဲ့ ေအးဂ်င့္ျဖစ္သူရဲ႕ မက္လံုးေတြကပဲ ဒြန္းကန္႔ လီဗာပူးေန ထြက္ဖို႔ အေၾကာင္းရင္းေတြ ျဖစ္လာခဲ့ပါတယ္။

ဒီလို ဇာတ္လမ္းေတြ ျဖစ္လာရတဲ့ အေၾကာင္းရင္းထဲမွာ ဒြန္းကန္႔က အရမ္းကို ပစားေပးခံရမႈေတြကလည္း ပါဝင္ပါတယ္။ သူက မ်ိဳးရိုးေနာက္ခံ ေကာင္းတယ္၊ အဂၤလန္ေဘာလံုးသမိုင္းမွာ ဘယ္သူမွ မလုပ္ဖူးတဲ့ အလုပ္ကို လုပ္ျပခဲ့တယ္။ ပထမဆံုးေသာ လီဗာပူးကစားသမားဘဝမွာ သြင္းဂိုး ၅၆ ဂိုးအတြက္ကို ပက္သက္ခဲ့တယ္။ ဒီေတာ့ ဒြန္းကန္႔က သူဟာ စီနီယာအဆင့္ ပြဲေတြကို ရသင့္သူလို႔ ယံုၾကည္လာတယ္။

လီဗာပူး လူငယ္ကစားသမားဘဝ သူက တစ္ပတ္ကို ေပါင္ ၁၅၀၀ နဲ႔ ဆုေၾကးပဲ ရပါတယ္။ ဒီေတာ့ ေအးဂ်င့္က ဖီအိုရင္တီနားနဲ႔ ညိႏိႈင္းတယ္ သူက ေကာင္ေလးကို ပြဲကစားခြင့္ေတြရမယ္လို႔ ဆြယ္ခဲ့တယ္။ ဒြန္းကန္႔အတြက္ကေတာ့ ကစားခ်င္တာ ေအာင္ျမင္လိုတာပဲ သိတယ္။ သူက စာရြက္စာတမ္းကိစၥေတြ သိရေအာင္ အရြယ္မေရာက္ေသးဘူး။ သူနားလည္တာ ဖီအိုရင္ကို ေျပာင္းရင္ ပြဲကစားရမယ္။ ဒါေလးပဲ သိတယ္။

ကာေရဂါက ဒြန္းကန္႔ရဲ႕ ေအးဂ်န္ကို ထမထိုးရံုတမယ္ ေဝဖန္တယ္။ ေကာင္ေလးရဲ႕ ကစားသမားကို ဖ်က္ဆီးေနတယ္၊ အမွားၾကီးလုပ္ဖို႔ ဆြယ္ေနတယ္၊ ဒြန္႔ကန္႔ကိုလည္း ေအးဂ်န္႔နဲ႔ လက္တြဲ ျဖဳတ္လိုက္ဖို႔ေပါ့။ အဘက္ဘက္က ေပးလာတဲ့ တြန္းအားေတြက မထင္မွတ္ပဲ ဒြန္႔ကန္႔ကို သူ႔ေအးဂ်န္႔ကို ပိုယံုၾကည္ဖို႔ပဲ ျဖစ္ေစခဲ့တာကေတာ့ ဝမ္းနည္းစရာပါပဲ။

လီဗာပူးအသိုင္းအဝိုင္းနဲ႔ ေဘာ္ဘီ ဒြန္းကန္႔ရဲ႕ ေအးဂ်န္႔တို႔ ျပႆနာေတြ အၾကီးအက်ယ္ တက္ခဲ့ျပီးေနာက္ ေအးဂ်န္႔က လူမႈကြန္ယက္ကို ပိတ္သြားတယ္။ ေနာက္ကြယ္ကေနပဲ ကိစၥေတြကို ၾကိဳးကိုင္ခဲ့ျပီး အီတလီကို ေျပာင္းသြားခဲ့တာျဖစ္တယ္။

ဒါေပမယ့္ မေအာင္ျမင္ပါဘူး။ ဖီအိုရင္တီးနားဘက္ကလည္း ကစားသမားကို ပြဲကစားခြင့္ မေပးခဲ့ဘူး။ လူငယ္အသင္းမွာပဲ ထားခဲ့တယ္။ ဒြန္႔ကန္႔ရဲ႕ ေျခစြမ္းက လီဗာပူးမွာထက္ကို ယုတ္ေလ်ာ့သြားတယ္။ ဒီေႏြမွာေတာ့ သူ အဂၤလန္ကို ျပန္ေျပာင္းလာျပီး ဒါဘီ ယူ-၂၃ အသင္းနဲ႔ ပူးေပါင္းမွာ ျဖစ္ပါတယ္။

ဒီကိစၥေတြက လီဗာပူးအတြက္ အလားအလာ အေကာင္းဆံုး ၾကယ္ပြင့္ကို ဆံုုးရံွဴးေစခဲ့သလို လီဗာပူးျမိဳ႔ကလည္း ေတာက္ပတဲ့ အနာဂတ္ရွိတဲ့ ဒြန္႔ကန္႔လို ျမိဳသားရဲ႕ ေအာင္ျမင္မႈကို မျမင္ရဖို႔ ျဖစ္ေစခဲ့တယ္။ ကစားသမားေလးအတြက္ကလည္း ေတာက္မယ့္မီးခဲ တရဲရဲအျဖစ္ကေန မီးခဲျပာဖံုးဘဝကို ေရာက္ခဲ့ရတယ္။

ဒြန္းကန္႔က အခုမွ ၁၈ ႏွစ္ပဲ ရွိပါေသးတယ္။ တစ္ခ်ိန္မွာ သူ မေအာင္ျမင္လာဘူးလို႔ ဘယ္သူမွ မေျပာႏုိင္ပါဘူး။ ဒါေပမယ့္လို႔ သူနဲ႔ လီဗာပူးၾကား ဇာတ္လမ္းကေတာ့ စိတ္မခ်မ္းသာစရာ ကိစၥအျဖစ္ အဆံုးသတ္ခဲ့တာကိုေတာ့ ေျပာင္းလဲလို႔ ရေစမွာ မဟုတ္ေတာ့ပါဘူး။

ေရးသားသူ – ဟန္သာ

Tha Athletic မွ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္ရဲ႕ ‘Money not the motivation for Bobby Duncan’ အမည္ရ ေဆာင္းပါးကို ကိုးကားပါသည္။