မနက်ဖြန်ညမှာတော့ လီဗာပူးအသင်းဟာ ကာရာဘောင်း တတိယအဆင့်ပွဲအဖြစ် Lincoln City နဲ့ ယှဉ်ပြိုင်ရမှာပါ။

ပွဲကြို အင်တာဗျူးအဖြစ် ဒီကနေ့မှာတော့ မန်နေဂျာယာဂင်ကလော့ပ် ကိုယ်စား လက်ထောက်နည်းပြ လင်ဒါးက တက်ရောက်ဖြေဆိုပေးပါတယ်။ ဂိုးမက်စ်၊ မာတစ်တို့ရဲ့ ဒဏ်ရာ အခြေအနေနဲ့အတူ အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ကြံ့ခိုင်မှုအကြောင်း သတင်းပေးခဲ့တယ်။

လင်ဒါးက ပြောရာမှာ “ ဂိုးမက်စ်အတွက်က ဒီပွဲမှာ ပြန်လာဖို့က သိပ်စောလွန်းနေပါတယ်။ သောကြာနေ့မှာတော့ သူက အသင်းနဲ့ လေ့ကျင့်ပါလိမ့်မယ်။ ဒါကပဲ သတင်းကောင်း ဖြစ်ပါတယ်။ မာတစ်ကတော့ နိုင်ငံတကာ သီတင်းပတ် အပြီးမှ ပြန်လာနိုင်ပါလိမ့်မယ်။ သူကတော့ အချိန်ပိုကြာကြာ ယူရမယ့် အနေအထားဖြစ်ပါတယ်။

ဟန်ဒိုကို နောက်အပတ်မှာ သေချာပေါက် ပြန်ရမှာပါ။ မနက်ဖြန်ပွဲအတွက်ကတော့ သူ့အတွက် သိပ်စောလွန်းပါတယ်။ အာဆင်နယ်ပွဲအတွက်လောက် ပြန်သက်သာလာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ကာရာဘောင်းပွဲအတွက် ရွေးချယ်စရာ ခံစစ်မှူးတွေအနေနဲ့ ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့ ရှိနေပါတယ်။ ဒါပေမယ့်လို့ မန်နေဂျာကလော့ပ်က သူတို့ကို သုံးမလား လူငယ်ခံစစ်သမားတွေ သုံးမလား မသိရသေးပါဘူး။ နက်ဖီလစ်နဲ့ ဗန်ဒန်ဘယ်ရာတို့က အသင်းမှာပဲ ဆက်ရှိနေသေးတာကြောင့် သူတို့ကို သုံးလို့ရနိုင်တဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။

လီဗာပူးကစားသမားသစ်တွေဖြစ်တဲ့ ဂျိုတာ၊ ကိုစတက်၊ သီယာဂိုတို့ ကာရာဘောင်းပွဲစဉ်မှာ ပွဲထွက်ခွင့်ရမယ်လို့ မျှော်လင့်ထားရပါတယ်။

ZAWGYI

မနက္ျဖန္ညမွာေတာ့ လီဗာပူးအသင္းဟာ ကာရာေဘာင္း တတိယအဆင့္ပြဲအျဖစ္ Lincoln City နဲ႔ ယွဥ္ျပိဳင္ရမွာပါ။

ပြဲၾကိဳ အင္တာဗ်ဴးအျဖစ္ ဒီကေန႔မွာေတာ့ မန္ေနဂ်ာယာဂင္ကေလာ့ပ္ ကိုယ္စား လက္ေထာက္နည္းျပ လင္ဒါးက တက္ေရာက္ေျဖဆိုေပးပါတယ္။ ဂိုးမက္စ္၊ မာတစ္တို႔ရဲ႕ ဒဏ္ရာ အေျခအေနနဲ႔အတူ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ ၾကံ႕ခိုင္မႈအေၾကာင္း သတင္းေပးခဲ့တယ္။

လင္ဒါးက ေျပာရာမွာ “ ဂိုးမက္စ္အတြက္က ဒီပြဲမွာ ျပန္လာဖို႔က သိပ္ေစာလြန္းေနပါတယ္။ ေသာၾကာေန႔မွာေတာ့ သူက အသင္းနဲ႔ ေလ့က်င့္ပါလိမ့္မယ္။ ဒါကပဲ သတင္းေကာင္း ျဖစ္ပါတယ္။ မာတစ္ကေတာ့ ႏုိင္ငံတကာ သီတင္းပတ္ အျပီးမွ ျပန္လာႏုိင္ပါလိမ့္မယ္။ သူကေတာ့ အခ်ိန္ပိုၾကာၾကာ ယူရမယ့္ အေနအထားျဖစ္ပါတယ္။

ဟန္ဒိုကို ေနာက္အပတ္မွာ ေသခ်ာေပါက္ ျပန္ရမွာပါ။ မနက္ျဖန္ပြဲအတြက္ကေတာ့ သူ႔အတြက္ သိပ္ေစာလြန္းပါတယ္။ အာဆင္နယ္ပြဲအတြက္ေလာက္ ျပန္သက္သာလာတာလည္း ျဖစ္ေကာင္း ျဖစ္ႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ကာရာေဘာင္းပြဲအတြက္ ေရြးခ်ယ္စရာ ခံစစ္မွဴးေတြအေနနဲ႔ ဗန္ဒိုက္နဲ႔ ဖာဘင္ညိဳတို႔ ရွိေနပါတယ္။ ဒါေပမယ့္လို႔ မန္ေနဂ်ာကေလာ့ပ္က သူတို႔ကို သံုးမလား လူငယ္ခံစစ္သမားေတြ သံုးမလား မသိရေသးပါဘူး။ နက္ဖီလစ္နဲ႔ ဗန္ဒန္ဘယ္ရာတို႔က အသင္းမွာပဲ ဆက္ရွိေနေသးတာေၾကာင့္ သူတို႔ကို သံုးလို႔ရႏုိင္တဲ့ အေျခအေနမွာ ရွိေနပါေသးတယ္။

လီဗာပူးကစားသမားသစ္ေတြျဖစ္တဲ့ ဂ်ိဳတာ၊ ကိုစတက္၊ သီယာဂိုတို႔ ကာရာေဘာင္းပြဲစဥ္မွာ ပြဲထြက္ခြင့္ရမယ္လို႔ ေမွ်ာ္လင့္ထားရပါတယ္။