လီဗာပူး လက်ထောက်နည်းပြ လင်ဒါးက ကာရာဘောင်းပွဲကြိုမှာ ဘယ်လို လူစာရင်း ထုတ်မလဲဆိုတဲ့အပေါ် ထုတ်ပြောမှုတစ်ခု ပြုလုပ်လာပါတယ်။

ပပ်လင်ဒါးက “ ကစားသမားတွေက လီဗာပူးအသင်းရဲ့ ဆာလောင်မှုနဲ့ လိုအင်ဆန္ဒတွေကို ကိုယ်စားပြုရသူတွေဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ နှစ်နှစ်မှာ ကျနေ်ာတို့ရဲ့ အဓိက ဦးတည်ချက်က နောက်ပွဲတိုင်းကို ဗိုလ်လုပွဲလို သဘောထားသွားရမှာပါ။ ဒါက ဒီအဖွဲ့ရဲ့ စိတ်ဓါတ်ပိုင်း ဖြစ်ပါတယ်။ Lincoln အသင်းနဲ့ပွဲကိုလည်း တူညီတဲ့ နည်းလမ်းအတိုင်းပဲ ပြင်ဆင်သွားမှာပါ ” လို့ ဆိုပါတယ်။

လီဗာပူးအသင်းမှာတော့ ဘယ်အစွန်လူ ကိုစတက်၊ တိုက်စစ်သမား ဂျိုတာနဲ့ ကွင်းလယ်လူ သီယာဂိုတို့လို ကစားသမားတွေ ရှိထားတယ်။ ဒါ့အပြင် အိုရီဂီ၊ ဘရူးစတား၊ မီနာမီနို၊ ရှာကွီရီ၊ ဂရုဂျစ်၊ ဝဲလ်ဆန်၊ အတ်ဒရီယန်၊ ဝီလီယမ် အစရှိတဲ့ ကစားသမားတွေလည်း ရှိနေပါသေးတယ်။

တောင့်တင်းတဲ့ အရန်စာရင်းကို ပိုင်ဆိုင်လာတဲ့နောက် လီဗာပူးက ကာရာဘောင်းဖလားကို အောင်နိုင်ဖို့ဆိုတဲ့ ဦးတည်ချက် ရှိလာခဲ့ကာ အဓိက ကစားသမားတွေကို ထုတ်သုံးလာမယ့်သဘောကိုလည်း လက်ထောက်နည်းပြက သတင်းပေးခဲ့တယ်။

လင်ဒါးက “ ဒီပြိုင်ပွဲကို ကျနေ်ာတို့ တိုက်ခိုက်လိုပါတယ်။ ဒါက သေချာပါတယ်။ ပထမဆုံးပွဲကို စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မနက်ဖြန်မှာ ယှဉ်ပြိုင်ရမှာပါ။ ကျနေ်ာတို့ရဲ့ ဆာလောင်စိတ်တွေကို ပြသမှာဖြစ်ပြီး တကယ်ကို နာမည်ကြီး ကစားသမားတွေ၊ အသင်းရဲ့ တကယ့် ကစားသမားကောင်းတွေ ပါပါမယ်။ ကြယ်ပွင့်တွေလည်း ပါပါမယ်။

မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမယ့် လူစာရင်းက အသင်းရဲ့ အရေးပါတဲ့ သူတွေဖြစ်မှာပါ။ ဒီပြိုင်ပွဲကို ကျနေ်ာတို့ တိုက်ခိုက်လိုပါတယ်။ ဒီအခြေအနေမှာတော့ ဘယ်သူတွေကို ရွေးမလဲဆိုတာ မပြောလိုသေးပါဘူး။ ဘာလို့လည်းဆိုတော့ လေ့ကျင့်ချိန် တစ်ခု ကျန်ရှိနေသေးလို့ပါ။

ကစားသမားတိုင်းအတွက် ကျနေ်ာတို့ ကြိုးစားတာက သူတို့အတွက် ကောင်းလာဖို့ပါပဲ။ ဒီအပတ်တွေမှာ ဒါတွေကိုပဲ အာရုံစိုက်နေတယ်။ အခုချိန်မှာတော့ ဘာတွေလုပ်မယ်ဆိုတာကို အတိအကျ ပြောဖို့ဆိုတာ ခက်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး လက္ေထာက္နည္းျပ လင္ဒါးက ကာရာေဘာင္းပြဲၾကိဳမွာ ဘယ္လို လူစာရင္း ထုတ္မလဲဆိုတဲ့အေပၚ ထုတ္ေျပာမႈတစ္ခု ျပဳလုပ္လာပါတယ္။

ပပ္လင္ဒါးက “ ကစားသမားေတြက လီဗာပူးအသင္းရဲ႕ ဆာေလာင္မႈနဲ႔ လိုအင္ဆႏၵေတြကို ကိုယ္စားျပဳရသူေတြျဖစ္ပါတယ္။ ကုန္ခဲ့တဲ့ ႏွစ္ႏွစ္မွာ က်ေန္ာတို႔ရဲ႕ အဓိက ဦးတည္ခ်က္က ေနာက္ပြဲတိုင္းကို ဗိုလ္လုပြဲလို သေဘာထားသြားရမွာပါ။ ဒါက ဒီအဖြဲ႔ရဲ႕ စိတ္ဓါတ္ပိုင္း ျဖစ္ပါတယ္။ Lincoln အသင္းနဲ႔ပြဲကိုလည္း တူညီတဲ့ နည္းလမ္းအတိုင္းပဲ ျပင္ဆင္သြားမွာပါ ” လို႔ ဆိုပါတယ္။

လီဗာပူးအသင္းမွာေတာ့ ဘယ္အစြန္လူ ကိုစတက္၊ တိုက္စစ္သမား ဂ်ိဳတာနဲ႔ ကြင္းလယ္လူ သီယာဂိုတို႔လို ကစားသမားေတြ ရွိထားတယ္။ ဒါ့အျပင္ အိုရီဂီ၊ ဘရူးစတား၊ မီနာမီႏို၊ ရွာကီြရီ၊ ဂရဳဂ်စ္၊ ဝဲလ္ဆန္၊ အတ္ဒရီယန္၊ ဝီလီယမ္ အစရွိတဲ့ ကစားသမားေတြလည္း ရွိေနပါေသးတယ္။

ေတာင့္တင္းတဲ့ အရန္စာရင္းကို ပိုင္ဆိုင္လာတဲ့ေနာက္ လီဗာပူးက ကာရာေဘာင္းဖလားကို ေအာင္ႏုိင္ဖို႔ဆိုတဲ့ ဦးတည္ခ်က္ ရွိလာခဲ့ကာ အဓိက ကစားသမားေတြကို ထုတ္သံုးလာမယ့္သေဘာကိုလည္း လက္ေထာက္နည္းျပက သတင္းေပးခဲ့တယ္။

လင္ဒါးက “ ဒီျပိဳင္ပြဲကို က်ေန္ာတို႔ တိုက္ခိုက္လိုပါတယ္။ ဒါက ေသခ်ာပါတယ္။ ပထမဆံုးပြဲကို စတင္ယွဥ္ျပိဳင္ရမွာျဖစ္ျပီး မနက္ျဖန္မွာ ယွဥ္ျပိဳင္ရမွာပါ။ က်ေန္ာတို႔ရဲ႕ ဆာေလာင္စိတ္ေတြကို ျပသမွာျဖစ္ျပီး တကယ္ကို နာမည္ၾကီး ကစားသမားေတြ၊ အသင္းရဲ႕ တကယ့္ ကစားသမားေကာင္းေတြ ပါပါမယ္။ ၾကယ္ပြင့္ေတြလည္း ပါပါမယ္။

မနက္ျဖန္မွာ ယွဥ္ျပိဳင္ကစားမယ့္ လူစာရင္းက အသင္းရဲ႕ အေရးပါတဲ့ သူေတြျဖစ္မွာပါ။ ဒီျပိဳင္ပြဲကို က်ေန္ာတုိ႔ တိုက္ခိုက္လိုပါတယ္။ ဒီအေျခအေနမွာေတာ့ ဘယ္သူေတြကို ေရြးမလဲဆိုတာ မေျပာလိုေသးပါဘူး။ ဘာလို႔လည္းဆိုေတာ့ ေလ့က်င့္ခ်ိန္ တစ္ခု က်န္ရွိေနေသးလို႔ပါ။

ကစားသမားတိုင္းအတြက္ က်ေန္ာတို႔ ၾကိဳးစားတာက သူတို႔အတြက္ ေကာင္းလာဖို႔ပါပဲ။ ဒီအပတ္ေတြမွာ ဒါေတြကိုပဲ အာရံုစိုက္ေနတယ္။ အခုခ်ိန္မွာေတာ့ ဘာေတြလုပ္မယ္ဆိုတာကို အတိအက် ေျပာဖို႔ဆိုတာ ခက္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။