ယူအီးအက်ဖ်အေက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုအတွက် ဆန်ကာတင်စာရင်း ထုတ်ပြန်ခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဘိုင်ယန်မြူးနစ် မန်နေဂျာ ဟန်ဆန် ဖီလစ်၊ လိုက်ဇစ်အသင်း မန်နေဂျာ ဂျူလီယန် နေဂဲလ်စမန်းတို့နဲ့အတူ ဆန်ကာတင် သုံးဦးစာရင်းထဲ ပါဝင်လာပါတယ်။ ထူးခြားချက်ကတော့ ဆန်ကာတင် ပုဂ္ဂိုလ်သုံးဦးလုံးက ဂျာမာန်သားတွေ ဖြစ်ကြပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ အုပ်စုအဆင့်ကို ဝင်ရောက်ခွင့်ရခဲ့တဲ့ ကလပ်တွေမှ မန်နေဂျာပေါင်း ၈၀ နဲ့ ယူအီးအက်ဖ်အေ အဖွဲ့ဝင် ၅၅ နိုင်ငံမှ နိုင်ငံအလိုက် ဂျာနယ်လစ် တစ်ဦးချင်းတွေက အကောင်းဆုံးဆုအတွက် ရွေချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

တစ်ယောက်ချင်းက သူတို့ရဲ့ ထိပ်ဆုံး မန်နေဂျာ ၃ ဦးကို ရွေးချယ်ပေးထားခဲ့ပြီဖြစ်ကာ ပထမနေရာအတွက် ၅ မှတ်၊ ဒုတိယနေရာအတွက် ၃ မှတ်နဲ့ တတိယနေရာအတွက် ၁ မှတ်တို့ ရမှာဖြစ်တယ်။ ရွေးချယ်ခံ ပုဂ္ဂိုလ် သုံးဦးကတော့ မဲပေးခွင့်ရှိမှာ မဟုတ်ပါဘူး။

အနိုင်ရသူကိုတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ် မဲခွဲပွဲ ပြုလုပ်မယ့် အောက်တိုဘာလ ၁ ရက်နေ့ နီယွန်က မဲခွဲမှု အစီအစဉ်မှာ ကြေညာပေးမှာပဲ ဖြစ်ပါတယ်။ ယာဂင်ဟာ အဆိုပါဆုကို နောက်ဆုံး ချီးမြင့်မှုမှာ အနိုင်ရထားခဲ့သူဖြစ်ပါတယ်။

ZAWGYI

ယူအီးအက္ဖ္ေအက ျပီးခဲ့တဲ့ ေဘာလံုးရာသီအတြက္ တစ္ႏွစ္တာ အေကာင္းဆံုး မန္ေနဂ်ာဆုအတြက္ ဆန္ကာတင္စာရင္း ထုတ္ျပန္ခဲ့ျပီ ျဖစ္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဘိုင္ယန္ျမဴးနစ္ မန္ေနဂ်ာ ဟန္ဆန္ ဖီလစ္၊ လိုက္ဇစ္အသင္း မန္ေနဂ်ာ ဂ်ဴလီယန္ ေနဂဲလ္စမန္းတို႔နဲ႔အတူ ဆန္ကာတင္ သံုးဦးစာရင္းထဲ ပါဝင္လာပါတယ္။ ထူးျခားခ်က္ကေတာ့ ဆန္ကာတင္ ပုဂၢိဳလ္သံုးဦးလံုးက ဂ်ာမာန္သားေတြ ျဖစ္ၾကပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ျပိဳင္ပြဲ အုပ္စုအဆင့္ကို ဝင္ေရာက္ခြင့္ရခဲ့တဲ့ ကလပ္ေတြမွ မန္ေနဂ်ာေပါင္း ၈၀ နဲ႔ ယူအီးအက္ဖ္ေအ အဖြဲ႔ဝင္ ၅၅ ႏုိင္ငံမွ ႏုိင္ငံအလိုက္ ဂ်ာနယ္လစ္ တစ္ဦးခ်င္းေတြက အေကာင္းဆံုးဆုအတြက္ ေရြခ်ယ္ခဲ့ၾကျခင္း ျဖစ္ပါတယ္။

တစ္ေယာက္ခ်င္းက သူတို႔ရဲ႕ ထိပ္ဆံုး မန္ေနဂ်ာ ၃ ဦးကို ေရြးခ်ယ္ေပးထားခဲ့ျပီျဖစ္ကာ ပထမေနရာအတြက္ ၅ မွတ္၊ ဒုတိယေနရာအတြက္ ၃ မွတ္နဲ႔ တတိယေနရာအတြက္ ၁ မွတ္တို႔ ရမွာျဖစ္တယ္။ ေရြးခ်ယ္ခံ ပုဂၢိဳလ္ သံုးဦးကေတာ့ မဲေပးခြင့္ရွိမွာ မဟုတ္ပါဘူး။

အႏုိင္ရသူကိုေတာ့ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ မဲခြဲပြဲ ျပဳလုပ္မယ့္ ေအာက္တိုဘာလ ၁ ရက္ေန႔ နီယြန္က မဲခြဲမႈ အစီအစဥ္မွာ ေၾကညာေပးမွာပဲ ျဖစ္ပါတယ္။ ယာဂင္ဟာ အဆိုပါဆုကို ေနာက္ဆံုး ခ်ီးျမင့္မႈမွာ အႏုိင္ရထားခဲ့သူျဖစ္ပါတယ္။