ဘန်လေအသင်းဟာ လီဗာပူးအသင်း တိုက်စစ်အားသန် ကွင်းလယ်လူ ဟယ်ရီဝဲလ်ဆန်ကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူဖို့ စတင်ကာ စကားပြောနေပြီဖြစ်ပါတယ်။

ဘန်လေက ဝဲလ်ဆန်ကို ခေါ်ယူဖို့ ယုံကြည်မှုရှိနေပြီး ဆွေးနွေးမှုမှာ ပြောင်းရွှေ့ကြေးကိစ္စ အဖြေထွက်ဖို့ မျှော်လင့်နေတယ်။ ဝဲလ်ဆန်ဟာ လီဗာပူးအသင်းနဲ့ လေ့ကျင့်ရေး ဆင်းနေသေးပေမယ့် မနက်ဖြန်ညမှာ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်းပွဲမှာလည်း ပါဝင်သွားဖို့ မရှိဘူလို့ သိရတယ်။

ကလပ်နှစ်သင်းကြားမှာ ညိနှိုင်းမှုတွေ စတင်ပေမယ့် လီဗာပူးက တောင်းဆိုထားတဲ့ ပေါင်း သန်း ၂၀ ကို ဘန်လေဘက်က ပေးဖို့ကတော့ မသေချာသေးပါဘူး။ ဝေလ်းလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ၂ ရာသီခွဲမှာ ဟူးစီးတီး၊ ဒါဘီနဲ့ ဘုန်းမောက်အသင်းတွေကို အငှားထွက်ကစားနေခဲ့သူဖြစ်တယ်။ ဒီနွေမှာတော့ အသင်းက သူ့ကို အပြီးသတ် ရောင်းထုတ်လိုနေပါတယ်။

ဘန်လေအသင်းက ဒီနွေမှာ အင်အားဖြည့်မှုတွေ ပြုလုပ်ဖို့ လိုနေတာပါ။ Jeff Hendrick နဲ့ Aaron Lennon တို့ ထွက်ခွာသွားတဲ့နောက် လက်စတာကို ၄-၂ နဲ့ အရေးနိမ့်တဲ့ပွဲမှာ ဒိုင်ချီဟာ ခံစစ်သမား ၄ ဦးထိကို အရန်စာရင်းမှာ ထိုင်ခိုင်ထားခဲ့ရတယ်။ သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းအတွက် ဝဲလ်ဆန်က အဓိက ပစ်မှတ် ဖြစ်လာနိုင်ပါတယ်။

လီဗာပူးဘက်က ဝဲလ်ဆန်အတွက် ပေါင် သန်း ၂၀ ကို လုံးဝ ဈေးချပေးမှာ မဟုတ်သလို ဘန်လေကလည်း အဆိုပါ ပြောင်းရွှေ့ကြေးတော့ ပေးဖို့ ခက်ခဲနေဆဲပါ။ ဒါကြောင့် ညိနှိုင်းရမှုတွေက ရှိလာဦးမှာဖြစ်ပါတယ်။ လီဗာပူးဟာ ဘရူးစတား အပြောင်းအရွှေ့အတွက်လည်း ညိနှိုင်းမှုတွေ လုပ်နေခဲ့ပြီး အဆင်မပြေသေးပါဘူး။

ZAWGYI

ဘန္ေလအသင္းဟာ လီဗာပူးအသင္း တိုက္စစ္အားသန္ ကြင္းလယ္လူ ဟယ္ရီဝဲလ္ဆန္ကို အျပီးသတ္ စာခ်ဳပ္ျဖင့္ ေခၚယူဖို႔ စတင္ကာ စကားေျပာေနျပီျဖစ္ပါတယ္။

ဘန္ေလက ဝဲလ္ဆန္ကို ေခၚယူဖို႔ ယံုၾကည္မႈရွိေနျပီး ေဆြးေႏြးမႈမွာ ေျပာင္းေရႊ႔ေၾကးကိစၥ အေျဖထြက္ဖို႔ ေမွ်ာ္လင့္ေနတယ္။ ဝဲလ္ဆန္ဟာ လီဗာပူးအသင္းနဲ႔ ေလ့က်င့္ေရး ဆင္းေနေသးေပမယ့္ မနက္ျဖန္ညမွာ ယွဥ္ျပိဳင္ကစားမယ့္ ကာရာေဘာင္းပြဲမွာလည္း ပါဝင္သြားဖို႔ မရွိဘူလို႔ သိရတယ္။

ကလပ္ႏွစ္သင္းၾကားမွာ ညိႏိႈင္းမႈေတြ စတင္ေပမယ့္ လီဗာပူးက ေတာင္းဆိုထားတဲ့ ေပါင္း သန္း ၂၀ ကို ဘန္ေလဘက္က ေပးဖို႔ကေတာ့ မေသခ်ာေသးပါဘူး။ ေဝလ္းလက္ေရြးစင္ဟာ ျပီးခဲ့တဲ့ ၂ ရာသီခြဲမွာ ဟူးစီးတီး၊ ဒါဘီနဲ႔ ဘုန္းေမာက္အသင္းေတြကို အငွားထြက္ကစားေနခဲ့သူျဖစ္တယ္။ ဒီေႏြမွာေတာ့ အသင္းက သူ႔ကို အျပီးသတ္ ေရာင္းထုတ္လိုေနပါတယ္။

ဘန္ေလအသင္းက ဒီေႏြမွာ အင္အားျဖည့္မႈေတြ ျပဳလုပ္ဖို႔ လိုေနတာပါ။ Jeff Hendrick နဲ႔ Aaron Lennon တို႔ ထြက္ခြာသြားတဲ့ေနာက္ လက္စတာကို ၄-၂ နဲ႔ အေရးနိမ့္တဲ့ပြဲမွာ ဒိုင္ခ်ီဟာ ခံစစ္သမား ၄ ဦးထိကို အရန္စာရင္းမွာ ထိုင္ခိုင္ထားခဲ့ရတယ္။ သူတို႔အသင္းရဲ႕ အားနည္းေနတဲ့ တိုက္စစ္ပိုင္းအတြက္ ဝဲလ္ဆန္က အဓိက ပစ္မွတ္ ျဖစ္လာႏုိင္ပါတယ္။

လီဗာပူးဘက္က ဝဲလ္ဆန္အတြက္ ေပါင္ သန္း ၂၀ ကို လံုးဝ ေစ်းခ်ေပးမွာ မဟုတ္သလို ဘန္ေလကလည္း အဆိုပါ ေျပာင္းေရႊ႔ေၾကးေတာ့ ေပးဖို႔ ခက္ခဲေနဆဲပါ။ ဒါေၾကာင့္ ညိႏိႈင္းရမႈေတြက ရွိလာဦးမွာျဖစ္ပါတယ္။ လီဗာပူးဟာ ဘရူးစတား အေျပာင္းအေရႊ႔အတြက္လည္း ညိႏိႈင္းမႈေတြ လုပ္ေနခဲ့ျပီး အဆင္မေျပေသးပါဘူး။