မန်ချက်စတာအခြေစိုက် သတင်းဌာနကတော့ မန်ယူအသင်းဟာ နွေအတွက် ဦးစားပေးပစ်မှတ်အဖြစ် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကူလီဘာလီကို ခေါ်ယူဖို့ သက်မှတ်ခဲ့ပြီလို့ သိရပါတယ်။

မန်ယူဟာ ဦးစားပေးအဖြစ် တိုက်စစ်သမားတွေကို ခေါ်ယူဖို့ ရည်ရွယ်ခဲ့ပေမယ့်လို့ မအောင်မြင်ဖြစ်နေတဲ့နောက် နာပိုလီအသင်းမှ ဗဟိုခံစစ်မှူး ကူလီဘာလီကိုပဲ အသုံးစရိတ်ကြီးနဲ့အတူ နွေမှာ ဦးစားပေး ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

အစောပိုင်းက အေဂျက်အသင်းမှ ဒီလစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နွေတုန်းက မော်ရင်ညိုရဲ့ ကမ်းလှမ်းမှုကို လက်စတာကနေ ချက်ခြင်းမထွက်လိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆန်ခဲ့တဲ့ မက်ဂွဲရားဟာ လာမယ့် နွေမှာတော့ ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ အဆင်သင့် ဖြစ်နေတယ်။

နာပိုလီဘက်က ဆီနီဂေါ ခံစစ်မှူးကို 2023 ခုနှစ်ထိ ဆက်ရှိနေမယ့် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုထားခဲ့တာကြောင့် နွေမှာ ရောင်းထုတ်ဖို့ရာ ဆန္ဒတွေ မစောဘူးလို့လည်း သိထားရပါတယ်။ မန်ယူကတော့ စီးရီးအေ အကောင်းဆုံး ခံစစ်မှူးဖြစ်တဲ့ ကူလီဘာလီကို ပြောင်းရွှေ့ကြေး မြင့်မြင့်ပေးမှာဖြစ်တယ်။

ဆိုးရှားဟာ ဗဟိုခံစစ်နေရာကို အားဖြည့်ရာမှာ ဦးဆောင်နိုင်စွမ်းရှိပြီး နောက်တန်းကို နိုင်နင်းစွာ ကိုင်တွယ်နိုင်တဲ့ ကိုလီဘာလီကို သဘောကျနေပါတယ်။ သူ့ကို ခေါ်ယူနိုင်ဖို့က ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် 75 သန်းထက် မနည်းတဲ့ အသုံးစရိတ်ကို ပေးချေရဖို့ ရှိနေပါတယ်။