အာဆင်နယ်ကွင်းလယ် ကစားသမား အိုဇေးကတော့ သူ့ အနေနဲ့ အသင်းကနေ ထွက်ခွာ စရာအကြောင်း မရှိဘူးလို့ ယုံကြည်နေပြီး စာချုပ်ကုန်ဆုံးသည်ထိ အသင်းမှာ ဆက်နေဖို့ အလိုရှိနေပါတယ်။

မန်စီးတီးတို့ ချန်ပီယံလိဂ်ပိတ်ခံရမှုက လာမယ့်ရာသီဖြစ်မလား၊ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီဖြစ်မလားက မသိရသေးပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေကတော့ လာမယ့် ဘောလုံးရာသီဖြစ်တယ်လို့ သိရတယ်။ အကယ်လို့ မန်စီးတီးတို့ ချန်ပီယံလိဂ်ကစားခွင့် ပိတ်ခံရရင် အကျိုးထူးမယ့် ကလပ်တွေကတော့ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ဖြစ်လာပါတယ်။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် အာဆင်နယ်တိုက်စစ်သမား အူဘာမီးယန်းက ထိုဆုအတွက် ဂုဏ်ယူမိပြီး ဆုရအောင် ကူညီပေးခဲ့တဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ရမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီက ၄င်းကို ဘာစီလိုနာက စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းအပေါ် စိတ်လှုပ်ရှားမိကြောင်း ၀န်ခံလိုက်ပါတယ်။

ပရီးမီးယားလိဂ်၏ ရွှေဖိနပ်ဆုအား အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက ဆွတ်ခူးနိုင်ခဲ့သော်လည်း ရွှေလက်အိတ်ဆုအတွက်မူ ဂိုးသမား လီနို၏ ရပ်တည်မှုမှာ အခြေအနေမကောင်းလှဘဲ အဆင့် ၁၄ တွင်သာ ရှိခဲ့ပါတယ်။

ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီက ခြေစွမ်းထက်နေတဲ့ အင်္ဂလန်ကွင်းလယ် ဒီကလန်ရိုက်စ်ကို အသင်းကြီးတွေကသာ ၀ယ်ယူလိုရင် ထိန်းထားဖို့ ခက်မယ်လို့ ၀န်ခံလိုက်ပါတယ်။

အာဆင်နယ်ပစ်မှတ်ထားနေတဲ့ လိုင်လီတိုက်စစ်သမား နစ်ကိုးလပ် ပီပီက အပြောင်းအရွှေ့နဲ့ ပတ်သတ်တဲ့ မေးခွန်းများကို ဖြေဆိုဖို့ ငြင်းဆန်လိုက်ပြီး ဘောလုံးရာသီ မပြီးသေးကြောင်း တုန့်ပြန်လိုက်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်မှာ ချန်ပီယံလိဂ် ၀င်ခွင့်မရခဲ့ပေမယ့်လည်း ယူရိုပါလိဂ် ဗိုလ်လုပွဲကိုရောက်နေ လို့ ချန်ပီယံဖြစ်ခဲ့ရင် ချန်ပီယံလိဂ် ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ချန်ပီယံမဖြစ်ခဲ့ရင်တောင် နောက်ထပ် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ထပ်မံ ကျန်ရှိနေတာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၀င်ခွင့်မရထားတဲ့ အာဆင်နယ်အသင်းအနေနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကစားဖို့ရှိနေလို့ ချန်ပီယံဖြစ်ခဲ့ ရင် ချန်ပီယံဖြစ်ခွင့်ရမယ့် အခွင့်အရေး ရှိနေသေးပါတယ်။