အင်္ဂလန်မီဒီယာတွေမှာတော့ လီဗာပူးဟာ မန်စီးတီးထက်တောင်မှ သာလွန်သွားပြီဖြစ်တဲ့ အသင်းအဖြစ် ညွှန်းဆိုမှုတွေ လုပ်နေပြီး ချန်ပီယံဘွဲ့ကို အပြိုင်လုဖို့ ဂွာဒီယိုလာက သူ့ဘဝရဲ့ အခက်ခဲဆုံး ရာသီကို ကျော်ဖြတ်ရပါမယ်လို့ ဆိုနေကြပါတယ်။

လီဗာပူးအသင်းက လန်ဒန်ကလပ်တွေဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့ကို ဆက်တိုက် ရင်ဆိုင်ပြီး အနိုင်ယူခဲ့တာကြောင့် ကလော့ပ်လက်ထက် ကြီး ၆ ကြီးကြား ထိပ်တိုက်တွေ့မှုမှာ ရလဒ် အမြင့်ဆုံး ယူနိုင်တဲ့ မှတ်တမ်းကို ရလာခဲ့ပါပြီ။

လီဗာပူးအသင်းမှာ non home grown ကစားသမားက ၁၈ ဦးတောင် ရှိနေပြီး ပရီးမီးယားလိဂ် စည်းမျဉ်းအရ ၁၇ ဦးပဲ မှတ်ပုံတင်နိုင်မှာဖြစ်လို့ တစ်ဦးကတော့ လူစာရင်းကနေ သေချာပေါက် ထုတ်ခံရမှာဖြစ်ကာ ဂရုဂျစ်နဲ့ ရှာကွီရီ နှစ်ဦးထဲက တစ်ဦး ဖြစ်သွားနိုင်ပါတယ်။

အာဆင်နယ်မန်နေဂျာ အာတီတာက လီဗာပူးအသင်းကို ရံှူးနိမ့်အပြီးမှ အန်ဖီးကွင်းက ကစားရ သိပ်ခက်တဲ့ နေရာဖြစ်ကာ ဒီကွင်းမှာ ကစားရင် ရလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချဖို့ လိုအပ်မယ်လို့ ဝန်ခံသွားပါတယ်။

ဂယ်ရီနဗီးက ရာသီစတုန်းက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံက မန်စီးတီးဖြစ်မယ်ဆိုတဲ့ ဟောကိန်းကို ထုတ်ခဲ့ပေမယ့် လိဂ်ပွဲ ၃ ပွဲ ကစားပြီးချိန်မှာပဲ မန်စီးတီး မဟုတ်ဘဲ လီဗာပူးပဲ ချန်ပီယံဖြစ်မယ်လို့ သူ့ရဲ့ စိတ်ကို ပြောင်းလဲခဲ့ပါတယ်။

ကလော့ပ်ကလည်း လက်ထိဘော ဥပဒေသစ်ကို မနှစ်သက်သူထဲမှာ ပါဝင်ကြောင်း ဝန်ခံခဲ့တယ်။ ဒါ့အပြင် အာဆင်နယ်နဲ့ပွဲမှာလို လူကျွံဘောကို အချိန်အကြာကြီးနေမှ အချက်ပြတဲ့ ပုံစံကိုလည်း ကလေ့ာပ်က စိတ်ပျက်နေပါတယ်။

လီဗာပူးက အာဆင်နယ်ကို နိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ဘွန်ကီတွေရဲ့ အလေးပေးမှု ထိပ်ဆုံး ရောက်သွားပါတယ်။ ယခင်က ထိပ်ဆုံးမှာ ရှိနေတဲ့ မန်စီးတီးကတော့ ဒုတိယနေရာကို လျော့ကျသွားတယ်လို့ သိရတယ်။

သီယာဂိုနဲ့ ပက်သက်ပြီး ကလော့ပ်က ‘ နိုင်ငံတကာ သီတင်းပတ်အပြီးမှာ သီယာဂိုက အဆင်ပြေမှာပါ။ အဲ့တာက သေချာပါတယ်။ ဒါက လက်တလော အခြေအနေပါပဲ။ သူက အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိပါဘူး ‘ လို့ ဆိုခဲ့တယ်။

လီဗာပူးကစားသမားဘဝ ပထမဆုံး သွင်းဂိုးအတွက် ဂျိုတာက ” သိပ်ကောင်းတဲ့ ခံစားချက်ပါပဲ။ အန်ဖီးကွင်းတစ်ခုလုံး ပရိသတ်တွေ ပြည့်နေဖို့တောင်း ဆုတောင်းမိလိုက်ပါသေးတယ်ဗျာ။ ဒါပေမယ့် အသင်းအတွက် နိုင်ပွဲဆိုတာ ရလဒ်ကောင်းကို သေချာစေခဲ့တာအတွက် ပျော်မိပါတယ်။ ” လို့ ဖွင့်ဟပါတယ်။

ZAWGYI

အဂၤလန္မီဒီယာေတြမွာေတာ့ လီဗာပူးဟာ မန္စီးတီးထက္ေတာင္မွ သာလြန္သြားျပီျဖစ္တဲ့ အသင္းအျဖစ္ ညႊန္းဆိုမႈေတြ လုပ္ေနျပီး ခ်န္ပီယံဘြဲ႔ကို အျပိဳင္လုဖို႔ ဂြာဒီယိုလာက သူ႔ဘဝရဲ႕ အခက္ခဲဆံုး ရာသီကို ေက်ာ္ျဖတ္ရပါမယ္လို႔ ဆိုေနၾကပါတယ္။

လီဗာပူးအသင္းက လန္ဒန္ကလပ္ေတြျဖစ္တဲ့ ခ်ယ္ဆီးနဲ႔ အာဆင္နယ္တို႔ကို ဆက္တိုက္ ရင္ဆိုင္ျပီး အႏုိင္ယူခဲ့တာေၾကာင့္ ကေလာ့ပ္လက္ထက္ ၾကီး ၆ ၾကီးၾကား ထိပ္တိုက္ေတြ႔မႈမွာ ရလဒ္ အျမင့္ဆံုး ယူႏုိင္တဲ့ မွတ္တမ္းကို ရလာခဲ့ပါျပီ။

လီဗာပူးအသင္းမွာ non home grown ကစားသမားက ၁၈ ဦးေတာင္ ရွိေနျပီး ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ ၁၇ ဦးပဲ မွတ္ပံုတင္ႏုိင္မွာျဖစ္လို႔ တစ္ဦးကေတာ့ လူစာရင္းကေန ေသခ်ာေပါက္ ထုတ္ခံရမွာျဖစ္ကာ ဂရုဂ်စ္နဲ႔ ရွာကီြရီ ႏွစ္ဦးထဲက တစ္ဦး ျဖစ္သြားႏုိင္ပါတယ္။

အာဆင္နယ္မန္ေနဂ်ာ အာတီတာက လီဗာပူးအသင္းကို ရံွဴးနိမ့္အျပီးမွ အန္ဖီးကြင္းက ကစားရ သိပ္ခက္တဲ့ ေနရာျဖစ္ကာ ဒီကြင္းမွာ ကစားရင္ ရလာတဲ့ အခြင့္အေရးတိုင္းကို အသံုးခ်ဖို႔ လိုအပ္မယ္လို႔ ဝန္ခံသြားပါတယ္။

ဂယ္ရီနဗီးက ရာသီစတုန္းက ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံက မန္စီးတီးျဖစ္မယ္ဆိုတဲ့ ေဟာကိန္းကို ထုတ္ခဲ့ေပမယ့္ လိဂ္ပြဲ ၃ ပြဲ ကစားျပီးခ်ိန္မွာပဲ မန္စီးတီး မဟုတ္ဘဲ လီဗာပူးပဲ ခ်န္ပီယံျဖစ္မယ္လို႔ သူ႔ရဲ႕ စိတ္ကို ေျပာင္းလဲခဲ့ပါတယ္။

ကေလာ့ပ္ကလည္း လက္ထိေဘာ ဥပေဒသစ္ကို မႏွစ္သက္သူထဲမွာ ပါဝင္ေၾကာင္း ဝန္ခံခဲ့တယ္။ ဒါ့အျပင္ အာဆင္နယ္နဲ႔ပြဲမွာလို လူကၽြံေဘာကို အခ်ိန္အၾကာၾကီးေနမွ အခ်က္ျပတဲ့ ပံုစံကိုလည္း ကေလ့ာပ္က စိတ္ပ်က္ေနပါတယ္။

လီဗာပူးက အာဆင္နယ္ကို ႏုိင္ပြဲအျပီးမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ေရး ဘြန္ကီေတြရဲ႕ အေလးေပးမႈ ထိပ္ဆံုး ေရာက္သြားပါတယ္။ ယခင္က ထိပ္ဆံုးမွာ ရွိေနတဲ့ မန္စီးတီးကေတာ့ ဒုတိယေနရာကို ေလ်ာ့က်သြားတယ္လို႔ သိရတယ္။

သီယာဂိုနဲ႔ ပက္သက္ျပီး ကေလာ့ပ္က ‘ ႏုိင္ငံတကာ သီတင္းပတ္အျပီးမွာ သီယာဂိုက အဆင္ေျပမွာပါ။ အဲ့တာက ေသခ်ာပါတယ္။ ဒါက လက္တေလာ အေျခအေနပါပဲ။ သူက အာဆင္နယ္နဲ႔ပြဲမွာ ပါဝင္ကစားဖို႔ လံုေလာက္တဲ့ ၾကံ႕ခိုင္မႈ မရွိပါဘူး ‘ လို႔ ဆိုခဲ့တယ္။

လီဗာပူးကစားသမားဘဝ ပထမဆံုး သြင္းဂိုးအတြက္ ဂိ်ဳတာက ” သိပ္ေကာင္းတဲ့ ခံစားခ်က္ပါပဲ။ အန္ဖီးကြင္းတစ္ခုလံုး ပရိသတ္ေတြ ျပည့္ေနဖို႔ေတာင္း ဆုေတာင္းမိလိုက္ပါေသးတယ္ဗ်ာ။ ဒါေပမယ့္ အသင္းအတြက္ ႏုိင္ပြဲဆိုတာ ရလဒ္ေကာင္းကို ေသခ်ာေစခဲ့တာအတြက္ ေပ်ာ္မိပါတယ္။ ” လို႔ ဖြင့္ဟပါတယ္။