လီဗာပူးပရိသတ်တွေကြားမှာ ဟာသတစ်ခုရှိပါတယ်။ အကယ်၍ နေအိမ်တစ်အိမ်မှာ လီဗာပူးအားကစားဒါရိုက်တာ မိုင်ကယ်အတ်ဝပ်ကို ရီးရဲလ်မက်ဒရစ် မန်နေဂျာ ဇီဒန်း၊ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာနဲ့ အတူတူထားမယ်ဆိုရင် အတ်ဝပ်က ဇီဒန်းနဲ့ ဂွာဒီယိုလာကို ခေါင်းဘီး တစ်ချောင်းဆီ ရောင်းပါလိမ့်မယ်လို့ ဖြစ်တယ်။

အဲ့သည်လို့ မိုင်ကယ်အတ်ဝပ်တောင်မှ ခက်ခဲတဲ့ ကာလတွေကို ရင်ဆိုင်နေရပါတယ်။ လီဗာပူးရဲ့ ဘရူးစတားနဲ့ ဝဲလ်ဆန်တို့ကို ရောင်းချရေးကိစ္စက မအောင်မြင်သေးပါဘူး။

ဘရူးစတားအတွက် ပေါင် ၁၇ သန်းပဲပေးတဲ့ ရှက်ဖီး

ဘရူးစတားအတွက် လီဗာပူးက မတူညီတဲ့ ကလပ်တွေနဲ့ ညိနှိုင်းနေတာ အချိန်တစ်ခု ရှိခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ပဲလေစ့်နဲ့ ရှက်ဖီး နှစ်သင်းပဲ ကျန်တော့တာဖြစ်ကာ ပဲလေစ့်က နောက်ဆုတ်ရိပ်ပြခဲ့ပြီး ရှက်ဖီးက ရှေ့တိုးလာခဲ့ပါတယ်။

ပဲလေစ့်ဘက်က ကနဦး ပေါင် ၁၉ သန်း ထပ်တိုး ပေါင် ၆ သန်း ပါဝင်တဲ့ ပေါင် ၂၅ သန်းတန် စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူခွင့်ကို ကမ်းလှမ်းခဲ့တယ်။ အနာဂတ်မှာ လီဗာပူးက ဘရူးစတားကို ပြန်ခေါ်ယူလိုရင် ပေါင် ၃၇ သန်းဖြင့် ခေါ်ယူခွင့်ရမယ့် အချက် ထည့်သွင်းခဲ့တယ်။ သို့ပေမယ့် နေ့မကူးခင်မှာပဲ သူတို့က ကမ်းလှမ်းမှုကို ပြန်ရုတ်သိမ်းသွားခဲ့တယ်။

ရှက်ဖီးကတော့ ဘရူးစတားအတွက် ပေါင် ၁၇ သန်း ရှိမယ့် ကမ်းလှမ်းမှုကိုပဲ ပေးကာ လီဗာပူးအလိုရှိတဲ့အတိုင်း ပြန်လည်ခေါ်ယူခွင့်ကိုလည်း ထည့်သွင်းပေးပါတယ်။ လီဗာပူးဘက်ကတော့ ဘရူးစတားကို အငှားမချလိုဘဲ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ နောက်ထပ် ထပ်တိုးကြေးတွေပါတဲ့ ကမ်းလှမ်းမှုကိုပဲ အလိုရှိတာပါ။

ဝဲလ်ဆန်အတွက် ဘန်လေရဲ့ ပေါင် ၁၆ သန်းဖြင့် ကမ်းလှမ်းမှု

ဝဲလ်ဆန်အတွက် ဘန်လေဘက်က ကမ်းလှမ်းမှုက ကနဦး ပေါင် ၁၂ သန်းဖြစ်ကာ ထပ်တိုး ပေါင် ၄ သန်း ပါဝင်မှာဖြစ်တယ်။ လီဗာပူးအသင်းဟာ ဝဲလ်ဆန်ကို သေချာပေါက် ရောင်းထုတ် လိုပေမယ့် ကလပ်မျှော်လင့်သလို ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းမှု မရဘဲ ဘန်လေရဲ့ ပေါင် ၁၆ သန်းဖြင့် ကမ်းလှမ်းမှုဟာ လက်ရှိ အချိန်ထိ ရထားတဲ့ အမြင့်ဆုံး ကမ်းလှမ်းမှုဖြစ်ပါတယ်။

လီဗာပူးက ဟယ်ရီဝဲလ်ဆန်အတွက် ဈေးမချခြင်းက သူဟာ homegrown ကစားသမားဖြစ်လို့ပါပဲ။ ဒါပေမယ့်လို့ အသက် ၂၃ နှစ်ကို ကျော်ခဲ့ပြီဖြစ်လို့ လီဗာပူးအသင်း နာမည်စာရင်းသွင်းရင် သူ့ကို ‘A list’ ထဲ ထည့်ရမှာဖြစ်ကာ အဆိုပါစာရင်းမှာလည်း homegrown ကစားသမားက ပြည့်နေပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးပရိသတ္ေတြၾကားမွာ ဟာသတစ္ခုရွိပါတယ္။ အကယ္၍ ေနအိမ္တစ္အိမ္မွာ လီဗာပူးအားကစားဒါရိုက္တာ မုိင္ကယ္အတ္ဝပ္ကို ရီးရဲလ္မက္ဒရစ္ မန္ေနဂ်ာ ဇီဒန္း၊ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာနဲ႔ အတူတူထားမယ္ဆိုရင္ အတ္ဝပ္က ဇီဒန္းနဲ႔ ဂြာဒီယိုလာကို ေခါင္းဘီး တစ္ေခ်ာင္းဆီ ေရာင္းပါလိမ့္မယ္လို႔ ျဖစ္တယ္။

အဲ့သည္လို႔ မိုင္ကယ္အတ္ဝပ္ေတာင္မွ ခက္ခဲတဲ့ ကာလေတြကို ရင္ဆိုင္ေနရပါတယ္။ လီဗာပူးရဲ႕ ဘရူးစတားနဲ႔ ဝဲလ္ဆန္တို႔ကို ေရာင္းခ်ေရးကိစၥက မေအာင္ျမင္ေသးပါဘူး။

ဘရူးစတားအတြက္ ေပါင္ ၁၇ သန္းပဲေပးတဲ့ ရွက္ဖီး

ဘရူးစတားအတြက္ လီဗာပူးက မတူညီတဲ့ ကလပ္ေတြနဲ႔ ညိႏိႈင္းေနတာ အခ်ိန္တစ္ခု ရွိခဲ့ပါျပီ။ ေနာက္ဆံုးမွာေတာ့ ပဲေလစ့္နဲ႔ ရွက္ဖီး ႏွစ္သင္းပဲ က်န္ေတာ့တာျဖစ္ကာ ပဲေလစ့္က ေနာက္ဆုတ္ရိပ္ျပခဲ့ျပီး ရွက္ဖီးက ေရွ႔တိုးလာခဲ့ပါတယ္။

ပဲေလစ့္ဘက္က ကနဦး ေပါင္ ၁၉ သန္း ထပ္တိုး ေပါင္ ၆ သန္း ပါဝင္တဲ့ ေပါင္ ၂၅ သန္းတန္ စာခ်ဳပ္ျဖင့္ အျပီးသတ္ ေခၚယူခြင့္ကို ကမ္းလွမ္းခဲ့တယ္။ အနာဂတ္မွာ လီဗာပူးက ဘရူးစတားကို ျပန္ေခၚယူလိုရင္ ေပါင္ ၃၇ သန္းျဖင့္ ေခၚယူခြင့္ရမယ့္ အခ်က္ ထည့္သြင္းခဲ့တယ္။ သို႔ေပမယ့္ ေန႔မကူးခင္မွာပဲ သူတို႔က ကမ္းလွမ္းမႈကို ျပန္ရုတ္သိမ္းသြားခဲ့တယ္။

ရွက္ဖီးကေတာ့ ဘရူးစတားအတြက္ ေပါင္ ၁၇ သန္း ရွိမယ့္ ကမ္းလွမ္းမႈကိုပဲ ေပးကာ လီဗာပူးအလိုရွိတဲ့အတိုင္း ျပန္လည္ေခၚယူခြင့္ကိုလည္း ထည့္သြင္းေပးပါတယ္။ လီဗာပူးဘက္ကေတာ့ ဘရူးစတားကို အငွားမခ်လိုဘဲ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၂၀ နဲ႔ ေနာက္ထပ္ ထပ္တိုးေၾကးေတြပါတဲ့ ကမ္းလွမ္းမႈကိုပဲ အလိုရွိတာပါ။

ဝဲလ္ဆန္အတြက္ ဘန္ေလရဲ႕ ေပါင္ ၁၆ သန္းျဖင့္ ကမ္းလွမ္းမႈ

ဝဲလ္ဆန္အတြက္ ဘန္ေလဘက္က ကမ္းလွမ္းမႈက ကနဦး ေပါင္ ၁၂ သန္းျဖစ္ကာ ထပ္တိုး ေပါင္ ၄ သန္း ပါဝင္မွာျဖစ္တယ္။ လီဗာပူးအသင္းဟာ ဝဲလ္ဆန္ကို ေသခ်ာေပါက္ ေရာင္းထုတ္ လိုေပမယ့္ ကလပ္ေမွ်ာ္လင့္သလို ေပါင္ သန္း ၂၀ ျဖင့္ ကမ္းလွမ္းမႈ မရဘဲ ဘန္ေလရဲ႕ ေပါင္ ၁၆ သန္းျဖင့္ ကမ္းလွမ္းမႈဟာ လက္ရွိ အခ်ိန္ထိ ရထားတဲ့ အျမင့္ဆံုး ကမ္းလွမ္းမႈျဖစ္ပါတယ္။

လီဗာပူးက ဟယ္ရီဝဲလ္ဆန္အတြက္ ေစ်းမခ်ျခင္းက သူဟာ homegrown ကစားသမားျဖစ္လို႔ပါပဲ။ ဒါေပမယ့္လို႔ အသက္ ၂၃ ႏွစ္ကို ေက်ာ္ခဲ့ျပီျဖစ္လို႔ လီဗာပူးအသင္း နာမည္စာရင္းသြင္းရင္ သူ႔ကို ‘A list’ ထဲ ထည့္ရမွာျဖစ္ကာ အဆိုပါစာရင္းမွာလည္း homegrown ကစားသမားက ျပည့္ေနျပီျဖစ္ပါတယ္။