လီဗာပူးအသင်းဟာ ပိုင်ရှင်အပြောင်းအလဲအဖြစ် FSG လက်ထက်မှာ အသိသာဆုံး အသွင်ပြောင်းမှုက ကလပ်ရဲ့ တည်ဆောက်ပုံကို မော်ဒန်ပုံစံ ပြောင်းလဲခြင်းဖြစ်ပြီး စိစစ်မှုနဲ့ ကင်းထောက်စနစ် တစ်ခုလုံးကို ချဲ့ထွင်ခြင်းပဲ ဖြစ်ပါတယ်။

FSG ဟာ သူတို့ လီဗာပူးအသင်းကို လွဲပြောင်းယူခါစမှာတော့ စနစ်တွေ အားလုံးကို မပြောင်းလဲသေးပါဘူး။ လီဗာပူးက ရှေးရိုးအသင်း အနေအထားအဖြစ် အသင်း အုပ်ချုပ်မှုကစလို့ ကင်းထောက်စနစ်တွေက ရှေးရိုးစွဲ ပုံစံတွေပဲ ဖြစ်တယ်။ ဒါကြောင့်လည်း ကင်နီ လက်ထက်မှာ ကာရိုးကို ခေါ်ယူမှုက Flop ဖြစ်ခဲ့ပြီး ယူကျူ့ကြည့်ပြီး ဒေါင်းနင်းကို ဝယ်ခဲ့တယ်ဆိုတဲ့ လှောင်ပြောင်ခံရမှုတွေ ရှိခဲ့တယ်။ ချာလီအဒမ်၊ ကိုအာတက်စ်တို့ကလည်း အံမဝင်ခဲ့ကြဘူး။

FSG ရဲ့ အစောပိုင်းကာလမှာ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ စီမံမှုတွေက မအောင်မြင်ခဲ့ပါဘူး။ ကိုမိုလီတို့ အိုင်ရန်အေရီတို့လို လီဗာပူးရဲ့ အကြီးတန်း အရာရှိတွေက အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စ စီစဉ်သူတွေကအဖြစ်ကနေ လက်ပြခဲ့ရတယ်။ နောက်ဆုံးမှာ ကင်နီကိုယ်တိုင်က အသင်းကနေ နုတ်ထွက်ခဲ့ရတယ်။

ဂါးဒီးယန်းသတင်းဌာနရဲ့ အားကစားဆိုင်ရာ လေ့လာသူ တင် လူးဝစ်က လီဗာပူးအသင်းဟာ ၂၀၁၂ ခုနှစ်မှာ အချက်အလက်ဆိုင်ရာ စိစစ်မှုအဖွဲ့ကို စဖွ့ဲတယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်မှာ စတင်တဲ့ လီဗာပူးရဲ့ ပုံစံသစ်တွေဟာ ဘရန်ဒန် ရော်ဂျာလက်ထက်မှာ အနည်းငယ် တက်ရိပ်ပြလာတယ်။ လီဗာပူးရဲ့ ကလပ် တည်ဆောက်ပုံနဲ့ ကင်းထောက်မှု ပုံစံတွေဟာ စတင်ကာ ပြောင်းလဲလာခဲ့ပြီး တကယ်တမ်း အကျိုးအမြတ် စတင် ရရှိလာတာက ၂၀၁၆ လောက်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ လီဗာပူးမန်နေဂျာက ယာဂင်ကလော့ပ် ဖြစ်နေပါပြီ။

လီဗာပူးရဲ့ ကစားသမားခေါ်ယူမှုဆိုင်ရာ ကော်မတီ

ဒီကော်မတီဟာ ဘရန်ဒန်ရော်ဂျာ လက်ထက်တုန်းကတော့ အပြောင်းအရွှေ့ ကော်မတီရယ်လို့ နာမည်ကြီးပါတယ်။ ယာဂင်လက်ထက်မှာတော့ နာမည် မထွက်တော့ပါဘူး။ ယခင်ကတော့ ၅ ဦးပါပြီး အခုချိန်မှာတော့ ၄ ဦးက အဓိက ကြိုးကိုင်ပါတယ်။ တချို့ကလည်း လီဗာပူးရဲ့ Fab Four လို့ နာမည်ပြောင် ပေးထားပါတယ်။

Fab Four မှာတော့ ယာဂင်ကလော့ပ် (မန်နေဂျာ)၊ မိုင်ကယ်အတ်ဝပ် (အားကစားဒါရိုက်တာ)၊ မိုက်ဂေါ်ဒန် (FSG ဥက္ကဌ) နဲ့ ဒေ့ ဖော်လိုး (လူသစ်ခေါ်ယူမှုဆိုင်ရာ အကြီးအကဲ) တို့ဖြစ်ပါတယ်။ ဒေ့ဖော်လိုးက လီဗာပူးရဲ့ ကမ္ဘာလုံးဆိုင်ရာ ကင်းထောက်ကွန်ယက်ကို တာဝန်ယူသူလည်း ဖြစ်ပါတယ်။ ဒီစာရင်းမှာ ယခင်က ပါခဲ့ပြီး အခုချိန်မှာ မပါတော့တာက ဂိုးနည်းပြ ဂျွန်အက်တာဘတ် ဖြစ်ပါတယ်။

လီဗာပူးရဲ့ အုပ်ချုပ်မှု ပုံစံမှာတော့ အသင်း ဥက္ကဌရဲ့ အောက်မှာ အဖွဲ့နှစ်ဖွဲ့ ရှိပါတယ်။ တစ်ဖွဲ့က နည်းပြတွေ၊ အားကစားသိပ္ပံနှင့် ဆေးဘက်ဆိုင်ရာ၊ အကယ်ဒမီ အစရှိတဲ့ အဖွဲ့တွေကို ဦးဆောင်တဲ့ ယာဂင်ကလောပ့်ဖြစ်ပြီး ကျန်တစ်ဖွဲ့ကတော့ စီးပွားရေးတာဝန်ခံတွေ၊ ကွင်းတာဝန်ခံတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲသူတွေကို ဦးဆောင်တဲ့ စီအီးအိုဖြစ်ပါတယ်။

လီဗာပူးရဲ့ တည်ဆောက်မှုဟာ အတွင်းသတင်းတွေကနေ သိရသလောက်ပဲဖြစ်ပြီး အသေးစိတ် တည်ဆောက်ပုံတွေကိုတော့ သိရဖို့ မရှိပါဘူး။ သက်ဆိုင်ရာ တာဝန်ခံတွေ၊ အသင်းကိုယ်စားလှယ်အဖြစ် တာဝန်ယူတဲ့ ကစားသမားဟောင်းတွေ၊ အားပေးသူအဖွဲ့တွေနဲ့ ဆက်သွယ်ရေး တာဝန်တွေ စသဖြင့် အများကြီးတော့ ကျန်ဦးမှာဖြစ်ပါတယ်။

ဗြိတိန် အဆင့်မြင့်တန်း ကလပ်တွေကို ကွန်ပြူတာစနစ်တွေ ဘယ်လို ဝင်ရောက်လာသလဲ

အင်္ဂလန်ဘောလုံးလောကထဲကို ကွန်ပြူတာစနစ်တွေ စဝင်လာတာက ကလပ်တွေ စိစစ်သူအဖွဲ့တွေ စသွင်းတာထက်တော့ ပိုစောပါတယ်။ နာမည်ကြီးတဲ့ sports statistics ကုမ္ပဏီကတော့ ပွဲစဉ်တိုင်းကို မှတ်တမ်းတွေ ပြုပေးနေတဲ့ Opta လို့ခေါ်တဲ့ sports statistics company ဖြစ်တယ်။

Match of the Day လို ပရိုဂရမ်တွေဟာဆိုရင်လည်း ပွဲစဉ်ရဲ့ အချက်အလက်တွေကို graphics and statistics တွေ ထုတ်ပြန်ပေးနေပါတယ်။ ဒီကနေ့ခေတ်မှာ ထောင့်ကန်ဘော ဘယ်နှစ်ကြိမ်ကန်ခဲ့တယ်၊ ဖောင်းဘယ်နှစ်ကြိမ်လုပ်သလဲကို မိနစ် ၉၀ ပြန်ကြည့်စရာ မလိုတော့ပါဘူး အားလုံးက graphic တွေပေါ်မှာ အတိအကျ မြင်လာနိုင်ပါပြီ။

လီဗာပူး လက်ရှိသုံးနေတဲ့ ဒေတာပိုင်းဆိုင်ရာ စိစစ်ခွဲခြမ်းမှု စနစ်မျိုးဟာ ယခင်ကတော့ ငွေကြေးအားနည်းတဲ့ အသင်းတွေ၊ ထိပ်သီးတွေလို သြဇာမကြီးတဲ့ အသင်းတွေမှာ သုံးနေကြတဲ့ စနစ်မျိုးဖြစ်ပါတယ်။ အသင်းငယ်တွေဟာ အသင်းကြီးတွေလို ကင်းထောက်ကွန်ယက်တွေ မကောင်းဘူး၊ ငွေကြေး မတတ်နိုင်ဘူး အဲ့အခါ သူတို့ဟာ ဒေတာလို့ခေါ်တဲ့ စိစစ်မှုတွေကိုပဲ ပိုမို အားပြုကြရပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အသင်းကြီးတွေကပါ ဒေတာစနစ်တွေကို သုံးလာကြပါတယ်။

ဒီကနေ့မှာ ပရီးမီးယားလိဂ်ကလပ် ၂၀ လုံးဟာ ကိုယ်ပိုင် မဟုတ်ရင်တောင် အနည်းဆုံးတော့ ကလပ်ရဲ့ အချက်အလက်တွေကို စိစစ်ပေးမယ့် ဝန်ထမ်း မဟုတ်တဲ့ ဒေတာခွဲခြမ်းစိတ်ဖြာသူတွေ ရှိကြပါတယ်။ အသင်းငယ်တွေ အများကြီးကလည်း ဒီလို အစိတ်အပိုင်းတွေ ပိုင်ဆိုင်ထားတယ်။ မန်စီးတီးအသင်းမှာဆိုရင် လူ ၁၁ ဦးပါဝင်တဲ့ ဒေတာစိစစ်ရေးအဖွဲ့တစ်ခုကို တရားဝင် ဖွဲ့စည်းထားတယ်။

ဂါးဒီးယန်းရဲ့ အဆိုအရ လီဗာပူးအသင်းဟာ ၂၀၁၂ ခုနှစ်မှာ theoretical physics နဲ့ ဒေါက်တာဘွဲ့ရခဲ့တဲ့ အိုင်ယန် ဂရေဟမ် ဦးဆောင်မှုဖြင့် ပွဲနေ့မတိုင်ခင် ပြင်ဆင်ခြင်းနဲ့ ပွဲနေ့ကို စိစစ်မှုတွေပါဝင်တဲ့ အထူးစိစစ်သူအဖွဲ့ (analysts) ကို စတင်ကာ ဖွဲ့စည်းခဲ့ပါတယ် (အိုင်ယန် ဂရေဟမ် အသင်းကို ဘယ်လိုရောက်လာသလဲ၊ ဘာတွေတာဝန်ယူသလဲကို ပေ့ရဲ့ Pin post က မိုင်ကယ်အတ်ဝပ် ဆောင်းပါးမှာ ဖတ်နိုင်ပါတယ်) ။ အဆိုပါ အဖွဲ့ဟာ ကစားသမား ခေါ်ယူမှု ပစ်မှတ်တွေကို စိစစ်ခြင်း၊ လူငယ်ကစားသမားတွေကို အဆင့်သက်မှတ်မှုတွေ လုပ်ခြင်းတွေကို ပြုလုပ်ပေးကြပါတယ်။

နည်းပညာပိုင်း အားပြုတဲ့ ဒေတာစိစစ်မှု နည်းလမ်းမှာ လီဗာပူးကလည်း ရင်းနှီးမြုပ်နှံမှုတွေကိုပါ လုပ်ဆောင်ထားပါတယ်။ လီဗာပူးဟာ ပြင်သစ်က SkillCorner လို့ခေါ်တဲ့ ကစားသမားတွေကို ခြေရာကောက်ခြင်းအား ကွန်ပြူတာစနစ်၊ AI စနစ်တို့နဲ့ ပြုလုပ်တဲ့ ဒေတာကုမ္ပဏီနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ ဒေတာတွေကို ရယူပါတယ်။

ဟုတ်ပြီ ကျနော်တို့ ပိုမြင့်တဲ့ တစ်ဆင့်ကို ထပ်ကြည့်ရအောင်။ ကလပ်တွေဟာ လေ့ကျင့်ရေးမှာ ကစားသမားတွေရဲ့ လှုပ်အားနှုန်းနဲ့ ဒဏ်ရာအနေအထားကို GPS တွေထည့်ပြီး စောင့်ကြည့်လာခဲ့တယ်။ GPS ခြေရာခံတဲ့ နည်းပညာတွေနဲ့ ကစားသမားတွေက လေ့ကျင့်ရေးမှာ ဘယ်လောက်နှုန်း လေ့ကျင့်လဲ၊ သူတို့ရဲ့ မြန်နှုန်းက ဘယ်လောက်လဲ၊ ဘယ်လောက် ကစားနိုင်သလဲ၊ သူတို့ရဲ့ ပွဲတစ်ပွဲမှာ နှလုံးခုန်နှုန်းက ဘယ်လောက်လဲ ဆိုတာ ထွက်ရှိပါတယ်။

ဒီအချက်အလက်တွေကနေ ဒီကစားသမားကို ဒီပွဲထည့်ရင် ဒဏ်ရာရသွားနိုင်လား၊ သူ့ရဲ့ ခန္ဓာကိုယ်က ပွဲကတောင်းဆိုမယ့် တန်ပိုကို လိုက်နိုင်မလား၊ သူက တာတိုပြေးနိုင်မလား၊ တာရှည်ကို ပြေးနိုင်မလား ဒါတွေကိုပါ တွက်ချက်ကြပါတယ်။ ဒါဟာ မော်ဒန်ခေတ်ဖြစ်ပါတယ်။ မန်နေဂျာတစ်ဦးထဲက ကစားသမားကို စိတ်ခံစားချက်နဲ့ ရွေးချယ်တဲ့ခေတ် မဟုတ်တော့ပါဘူး။ ငွေကြေး သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ကစားသမားတွေ လုံခြုံဘေးကင်းနေဖို့ကလည်း ဦးစားပေးဖြစ်လာတယ်။

တိုးတက်ပြောင်းလဲလာတဲ့ ဒေတာစိစစ်မှုတွေဟာ ကိုယ်အသင်းရဲ့ ကစားသမားတွေတင် မဟုတ်ဘဲ အခြားအသင်းက ကစားသမားတွေကိုပါ စောင့်ကြည့်လို့ရလာခဲ့တယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် လီဗာပူးနဲ့ ချယ်ဆီးပွဲမှာ သီယာဂိုဟာ ၄၅ မိနစ် ကစားခဲ့တယ်။ ဒါပေမယ့် သူဟာ ဘောလုံးထိချက် ၈၉ ကြိမ် ရှိခဲ့ပြီး ပေးမှုက ၈၃ ကြိမ် ရှိခဲ့တယ်။ အသင်းဖော်တွေကို အောင်မြင်စွာ ပေးပို့နိုင်ခြင်းက ၇၅ ကြိမ် ရှိခဲ့ပါတယ်။ သူဟာ ပြိုင်ဘက်ကွင်းဘက်မှာ ဘောလုံးပေးမှု အများဆုံး လီဗာပူး ကစားသမားဖြစ်ခဲ့တယ်။

အဲ့တော့ ဘာဖြစ်လဲ။ ဒါကိုသိရတော့ ဘာဖြစ်လဲဆိုရင် ဒါက အချက်အလက်တွေ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေက သာမာန်ပရိသတ်တွေကိုတောင် ပွဲကို လက်ဖဝါးပေါ် တင်ထားသလို လှည့်ပတ်ကြည့်ပြီး သုံးသပ်ခွင့်ရလာတယ်။ ညံ့ဖျင်းမှုတွေကို ပြင်ဆင်လာနိုင်စေတယ်၊ ထူးချွန်မှုတွေကို ပိုကောင်းအောင် လုပ်လာနိုင်စေပါတယ်။

လီဗာပူးရဲ့ စိစစ်သူအဖွဲ့က ကင်းထောက်စနစ်နဲ့ ဘယ်လို ပေါင်းစပ်လဲ

ဆိုကြပါတော့ဗျာ လီဗာပူးအသင်းဟာ တိုက်စစ်အတွက် အမ်ဘတ်ပီကို စောင့်ကြည့်တယ်လို့ သတင်းတက်ပြီဆိုပါတော့။ သာမာန် ပရိသတ်တစ်ဦးရဲ့ အမြင်မှာတော့ လီဗာပူးအသင်းက ကင်းထောက်တစ်ဦးက မာဆေးဆိုဒ်ကနေ ပြင်သစ်က ပဲရစ်ကို လေယာဉ်နဲ့သွား အဲ့မှာ ပီအက်စ်ဂျီကွင်းထဲဝင် ပွဲကြည့်စင်ပေါ်ထိုင်ပြီး အမ်ဘတ်ပီ ကစားတာကို ထိုင်ကြည့်နေတယ်ပေါ့။ ဒါက ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမယ့် ကင်းထောက်စနစ် အလုပ်လုပ်တာက အဲ့လို မဟုတ်ပါဘူး။

ဒီနေရာမှာ The Times က လီဗာပူးသတင်းထောက် Paul Joyce က လီဗာပူးရဲ့ ကင်းထောက်စနစ်ကို အခုလို ပြောပြပါတယ်။

“ ကုန်ခဲ့တဲ့ ၁၈ လမှာ လီဗာပူးအသင်းဟာ မတူညီတဲ့ ဗဟိုခံစစ်သမား ၃၄ ယောက်ကို ခြေရာခံမှုတွေ ပြုလုပ်ခဲ့တယ်။ သူတို့ဟာ ခံစစ်သမားတွေရဲ့ တစ်ဦးချင်း အားသာချက်၊ အားနည်းချက်တွေကို တစ်ဦးကို အနည်းဆုံး ၁၅ ပွဲစာ ပွဲကစားမှုတွေကို လေ့လာခဲ့တယ်။ အဲ့သည် လေ့လာမှုအပြီးမှာ အေ အဆင့် ၄ ဦးနဲ့ ဘီ အဆင့် လေးဦး ဆိုပြီး ခွဲထုတ်ပါတယ်။

ထိပ်တန်းအဆင့်ဆိုတဲ့ အေ အဆင့်အတွက် လီဗာပူး ရွေးချယ်ခဲ့သူတွေက ဗန်ဒိုက်၊ လာပေါ်တေး၊ ကိုလီဘာလီနဲ့ ဘိုတန်တို့ဖြစ်တယ်။ ဘီ အဆင့်ကတော့ တစ်ချိန်မှာ အေ အဆင့်ကို ရောက်လာနိုင်တဲ့ အလားအလာရှိ လူငယ် ကစားသမားတွေ ဖြစ်ပါတယ် ” ဖော်ပြခဲ့တာဖြစ်တယ်။

ဈေးကွက်ထဲမှာ ပန်းသီးလှလှလေးတွေ အများကြီးရှိပါတယ်။ တွေ့ကရာ ပန်းသီးကို ကောက်ယူရတာမျိုး မဟုတ်ပါဘူး။ ဘယ်ပန်းသီးက ပထမတန်းစားလဲ၊ ဘယ်ပန်းသီးက ဒုတိယတန်းစားလည်းဆိုတာကို ခွဲခြမ်းရပါတယ်။ လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ဖို့ ၁ နှစ်နဲ့ ၆ လ ကင်းထောက်ခဲ့ပါတယ်။ သူတို့က ဒီ ၁ နှစ်နဲ့ ၆ လမှာ ကစားသမား တစ်ဦးထဲကို ထိုင်ကြည့်နေတာ မဟုတ်ဘဲ ကစားသမား ၃၄ ယောက်ထဲက ရွေးသင့် ပယ်သင့်တာတွေကို တွက်ချက်ပြီး အကောင်းဆုံး အကိုက်ညီဆုံးကို ရှာတယ်လို့ ဆိုလိုတာပါပဲ။

ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့နောက် အရန်အဖြစ် အစားထိုးစရာ တိုက်စစ်သမား တစ်ဦးရှာတော့ လီဗာပူးက တီမိုဝါနာ၊ ဆာ၊ ဂျိုနသန် ဒေးဗစ်၊ ဂျိုတာ တို့ကို ဆန်ကာတင်တွေ ထားခဲ့တယ်။ လီဗာပူးက တီမိုဝါနာကို ချိန်ရွယ်ခဲ့တာက သိသာလွန်းသလို ဆာကိုလည်း တရားဝင် ချိတ်ဆက်မှု လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လို့ အချိန်အခါနဲ့ ကိုက်ညီမယ့် ဂျိုတာကိုပဲ ခေါ်ယူခဲ့တယ်။

ယာဂင်ကလော့ပ်ဟာ ဘယ်အစွန်နေရာအတွက် အင်အားဖြည့်လိုခဲ့ပြီး ကလပ်က လူးဝစ်တစ်ဦးထဲ ကြည့်ခဲ့တာ မဟုတ်ပါဘူး။ လက်ရှိ နယူးကာဆယ်က လူးဝစ်၊ ကိုစတက်၊ လက်ရှိ စပါးအသင်းသား ရီဂွယ်လွန် အစရှိတဲ့ ကစားသမားတွေကိုလည်း စောင့်ကြည့်ပြီးမှ ချိတ်ဆက်မှုတွေကနေ ကိုစတက်ကို ရွေးခဲ့တာဖြစ်တယ်။

ဒါဆိုရင် ယာဂင်ကလော့ပ်က ဘာမလုပ်တော့ဘူးလား၊ ဒီတိုင်း ထိုင်နေလားလို့ မေးကြမယ့်သူတွေ ရှိမယ်ဆိုရင်။ ဒီ စိစစ်ရေးအဖွဲ့နဲ့ ကင်းထောက်အဖွဲ့တွေက မန်နေဂျာအလိုရှိတဲ့ နေရာအတွက် သူတို့ ပိုင်နိုင်တဲ့ ဒေတာကနေ စစ်ထုတ်ယူခြင်းပဲဖြစ်ပါတယ်။ ရလာတဲ့ နာမည်စာရင်းကို ကစားသမား ခေါ်ယူမှုဆိုင်ရာ အဖွဲ့ထံ တင်ပြတယ်။ ဒီအဖွဲ့က ယာဂင်ကလော့ပ်အပါ ကလပ်ရဲ့ စီးပွားရေးတာဝန်ခံတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ပြန်တိုင်ပင်ရတယ်။

မန်နေဂျာကလော့ပ်က ဝါနာကို လိုချင်ခဲ့တယ်။ ဘဏ္ဍာရေးပိုင်း တာဝန်ခံက ပေါင် သန်း ၅၀ လောက်ကို တစ်လုံးတည် ပေးဖို့ မဖြစ်နိုင်ဘူး။ ဒီမှာတင် အားကစားဒါရိုက်တာက ပြောင်းရွှေ့ကြေး ညိနှိုင်းခဲ့တယ်။ ဒါပေမယ့် အဆင်မပြေခဲ့ဘူး။ အဲ့လို အခါမျိုးမှာ ကလော့ပ်က ဆုံးဖြတ်ပေးရမယ် ငါတော့ ဝါနာမှမရရင် မဖြစ်ဘူးလား? (သို့) နောက်ထပ် ပစ်မှတ်ကို ရွေးပေးမလား? ပါပဲ။

မော်ဒန်ခေတ် မန်နေဂျာနဲ့ ကျွမ်းကျင်သူတွေ ပေါင်းစည်းမှု

Tha Athletic မှ လီဗာပူးသတင်းထောက် James Pearce ရဲ့ အဆိုအရ ၂၀၁၇ မှာ တောင်ပံနေရာအတွက် မန်နေဂျာကလော့ပ်က ဂျာမနီလက်ရွေးစင် ဂျူလီယန် ဘာရတ်ကို ခေါ်ယူလိုပါတယ်။ အားကစားဒါရိုက်တာ အတ်ဝပ်က ဆာလက်က ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်မယ်လို့ ထောက်ပြပါတယ်။ သူတို့ နှစ်ဦး ဆွေးနွေးမှုကနေ အသင်းက ဘာရတ်အစား ဆာလက်ကိုပဲ ပေါင် ၃၆ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

လီဗာပူးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေက အဲ့လို အပြန်အလှန် နားလည်မှုတွေနဲ့ လုပ်ကြတာဖြစ်ပါတယ်။ အရာရာ ကလော့ပ် စိတ်တိုင်းကျ မဟုတ်သလို အားလုံးက စိစစ်ရေးအဖွဲ့ သဘောအတိုင်လည်း မဟုတ်ပါဘူး။

ဒီကနေ့ခေတ်မှာ ဘောလုံးကလပ်တစ်သင်းကို မန်နေဂျာတစ်ဦးတည်းက စီမံနိုင်တဲ့ အခြေအနေ မဟုတ်တော့ပါဘူး။ အဖွဲ့တစ်ခုကို မန်နေဂျာက လေ့ကျင့်ပေး နိုင်ပွဲတွေရအောင်လုပ် ချန်ပီယံဖြစ်ဆိုတဲ့ ခေတ်က ကုန်ခဲ့ပါပြီ။ ဒီကနေ့ခေတ်မှာ ဘောလုံးဆိုတာက စီးပွားရေးဖြစ်ပါတယ်။ သေးငယ်တဲ့ စီးပွားရေးတင် မဟုတ်ဘဲ အကြီးစား ဖျော်ဖြေရေး လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

ကလပ်အသင်းတွေဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေကို တိုးချဲ့လာခဲ့ပြီး အောင်မြင်မှုတွေရဖို့ ပိုမို အာရုံစိုက်လာကြပြီဖြစ်တယ်။ အားလုံးဟာ ပြေးလမ်းထဲမှာ တူညီတဲ့ တာထွက်မှုနဲ့ တူညီတဲ့ ပန်းတိုင်းကိုပဲ ယှဉ်ပြိုင်ကြရမှာဖြစ်တယ်။ အဆုံးမှာ အောင်ပွဲခံနိုင်သူက ဘယ်သူတွေဖြစ်မယ်ဆိုတာကတော့ မှန်ကန်တဲ့ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုတွေကပါ အရေးပါလာတော့မှာ ဖြစ်ပါတယ်။

ရေးသားသူ – ဟန်သာ

ZAWGYI

လီဗာပူးအသင္းဟာ ပိုင္ရွင္အေျပာင္းအလဲအျဖစ္ FSG လက္ထက္မွာ အသိသာဆံုး အသြင္ေျပာင္းမႈက ကလပ္ရဲ႕ တည္ေဆာက္ပံုကို ေမာ္ဒန္ပံုစံ ေျပာင္းလဲျခင္းျဖစ္ျပီး စိစစ္မႈနဲ႔ ကင္းေထာက္စနစ္ တစ္ခုလံုးကို ခ်ဲ႔ထြင္ျခင္းပဲ ျဖစ္ပါတယ္။

FSG ဟာ သူတို႔ လီဗာပူးအသင္းကို လြဲေျပာင္းယူခါစမွာေတာ့ စနစ္ေတြ အားလုံးကို မေျပာင္းလဲေသးပါဘူး။ လီဗာပူးက ေရွး႐ိုးအသင္း အေနအထားအျဖစ္ အသင္း အုပ္ခ်ဳပ္မႈကစလို႔ ကင္းေထာက္စနစ္ေတြက ေရွးရိုးစြဲ ပံုစံေတြပဲ ျဖစ္တယ္။ ဒါေၾကာင့္လည္း ကင္နီ လက္ထက္မွာ ကာ႐ိုးကို ေခၚယူမႈက Flop ျဖစ္ခဲ့ၿပီး ယူက်ဴ႕ၾကည့္ၿပီး ေဒါင္းနင္းကို ဝယ္ခဲ့တယ္ဆိုတဲ့ ေလွာင္ေျပာင္ခံရမႈေတြ ရွိခဲ့တယ္။ ခ်ာလီအဒမ္၊ ကိုအာတက္စ္တို႔ကလည္း အံမဝင္ခဲ့ၾကဘူး။

FSG ရဲ႕ အေစာပိုင္းကာလမွာ လီဗာပူးအသင္းရဲ႕ အေျပာင္းအေရႊ႔ စီမံမႈေတြက မေအာင္ျမင္ခဲ့ပါဘူး။ ကိုမိုလီတို႔ အိုင္ရန္ေအရီတို႔လို လီဗာပူးရဲ႕ အႀကီးတန္း အရာရွိေတြက အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥ စီစဥ္သူေတြကအျဖစ္ကေန လက္ျပခဲ့ရတယ္။ ေနာက္ဆုံးမွာ ကင္နီကိုယ္တိုင္က အသင္းကေန ႏုတ္ထြက္ခဲ့ရတယ္။

ဂါးဒီးယန္းသတင္းဌာနရဲ႕ အားကစားဆိုင္ရာ ေလ့လာသူ တင္ လူးဝစ္က လီဗာပူးအသင္းဟာ ၂၀၁၂ ခုႏွစ္မွာ အခ်က္အလက္ဆိုင္ရာ စိစစ္မႈအဖြဲ႔ကို စဖြ႔ဲတယ္လို႔ ဆိုပါတယ္။

၂၀၁၂ ခုႏွစ္မွာ စတင္တဲ့ လီဗာပူးရဲ႕ ပုံစံသစ္ေတြဟာ ဘရန္ဒန္ ေရာ္ဂ်ာလက္ထက္မွာ အနည္းငယ္ တက္ရိပ္ျပလာတယ္။ လီဗာပူးရဲ႕ ကလပ္ တည္ေဆာက္ပုံနဲ႔ ကင္းေထာက္မႈ ပုံစံေတြဟာ စတင္ကာ ေျပာင္းလဲလာခဲ့ၿပီး တကယ္တမ္း အက်ိဳးအျမတ္ စတင္ ရရွိလာတာက ၂၀၁၆ ေလာက္မွာ ျဖစ္ပါတယ္။ ဒီအခ်ိန္မွာေတာ့ လီဗာပူးမန္ေနဂ်ာက ယာဂင္ကေလာ့ပ္ ျဖစ္ေနပါၿပီ။

လီဗာပူးရဲ႕ ကစားသမားေခၚယူမႈဆိုင္ရာ ေကာ္မတီ

ဒီေကာ္မတီဟာ ဘရန္ဒန္ေရာ္ဂ်ာ လက္ထက္တုန္းကေတာ့ အေျပာင္းအေရႊ႔ ေကာ္မတီရယ္လို႔ နာမည္ၾကီးပါတယ္။ ယာဂင္လက္ထက္မွာေတာ့ နာမည္ မထြက္ေတာ့ပါဘူး။ ယခင္ကေတာ့ ၅ ဦးပါျပီး အခုခ်ိန္မွာေတာ့ ၄ ဦးက အဓိက ၾကိဳးကိုင္ပါတယ္။ တခ်ိဳ႔ကလည္း လီဗာပူးရဲ႕ Fab Four လို႔ နာမည္ေျပာင္ ေပးထားပါတယ္။

Fab Four မွာေတာ့ ယာဂင္ကေလာ့ပ္ (မန္ေနဂ်ာ)၊ မုိင္ကယ္အတ္ဝပ္ (အားကစားဒါရိုက္တာ)၊ မိုက္ေဂၚဒန္ (FSG ဥကၠဌ) နဲ႔ ေဒ့ ေဖာ္လိုး (လူသစ္ေခၚယူမႈဆုိင္ရာ အၾကီးအကဲ) တို႔ျဖစ္ပါတယ္။ ေဒ့ေဖာ္လိုးက လီဗာပူးရဲ႕ ကမၻာလံုးဆိုင္ရာ ကင္းေထာက္ကြန္ယက္ကို တာဝန္ယူသူလည္း ျဖစ္ပါတယ္။ ဒီစာရင္းမွာ ယခင္က ပါခဲ့ျပီး အခုခ်ိန္မွာ မပါေတာ့တာက ဂိုးနည္းျပ ဂၽြန္အက္တာဘတ္ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ အုပ္ခ်ဳပ္မႈ ပံုစံမွာေတာ့ အသင္း ဥကၠဌရဲ႕ ေအာက္မွာ အဖြဲ႔ႏွစ္ဖြဲ႔ ရွိပါတယ္။ တစ္ဖြဲ႔က နည္းျပေတြ၊ အားကစားသိပၸံႏွင့္ ေဆးဘက္ဆိုင္ရာ၊ အကယ္ဒမီ အစရွိတဲ့ အဖြဲ႔ေတြကို ဦးေဆာင္တဲ့ ယာဂင္ကေလာပ့္ျဖစ္ျပီး က်န္တစ္ဖြဲ႔ကေတာ့ စီးပြားေရးတာဝန္ခံေတြ၊ ကြင္းတာဝန္ခံေတြနဲ႔ ဘ႑ာေရးဆိုင္ရာ စီမံခန္႔ခြဲသူေတြကို ဦးေဆာင္တဲ့ စီအီးအိုျဖစ္ပါတယ္။

လီဗာပူးရဲ႕ တည္ေဆာက္မႈဟာ အတြင္းသတင္းေတြကေန သိရသေလာက္ပဲျဖစ္ျပီး အေသးစိတ္ တည္ေဆာက္ပံုေတြကိုေတာ့ သိရဖို႔ မရွိပါဘူး။ သက္ဆိုင္ရာ တာဝန္ခံေတြ၊ အသင္းကိုယ္စားလွယ္အျဖစ္ တာဝန္ယူတဲ့ ကစားသမားေဟာင္းေတြ၊ အားေပးသူအဖြဲ႔ေတြနဲ႔ ဆက္သြယ္ေရး တာဝန္ေတြ စသျဖင့္ အမ်ားၾကီးေတာ့ က်န္ဦးမွာျဖစ္ပါတယ္။

ၿဗိတိန္ အဆင့္ျမင့္တန္း ကလပ္ေတြကို ကြန္ျပဴတာစနစ္ေတြ ဘယ္လို ဝင္ေရာက္လာသလဲ

အဂၤလန္ေဘာလုံးေလာကထဲကို ကြန္ျပဴတာစနစ္ေတြ စဝင္လာတာက ကလပ္ေတြ စိစစ္သူအဖြဲ႕ေတြ စသြင္းတာထက္ေတာ့ ပိုေစာပါတယ္။ နာမည္ႀကီးတဲ့ sports statistics ကုမၸဏီကေတာ့ ပြဲစဥ္တိုင္းကို မွတ္တမ္းေတြ ျပဳေပးေနတဲ့ Opta လို႔ေခၚတဲ့ sports statistics company ျဖစ္တယ္။

Match of the Day လို ပ႐ိုဂရမ္ေတြဟာဆိုရင္လည္း ပြဲစဥ္ရဲ႕ အခ်က္အလက္ေတြကို graphics and statistics ေတြ ထုတ္ျပန္ေပးေနပါတယ္။ ဒီကေန႔ေခတ္မွာ ေထာင့္ကန္ေဘာ ဘယ္ႏွစ္ၾကိမ္ကန္ခဲ့တယ္၊ ေဖာင္းဘယ္ႏွစ္ၾကိမ္လုပ္သလဲကို မိနစ္ ၉၀ ျပန္ၾကည့္စရာ မလိုေတာ့ပါဘူး အားလံုးက graphic ေတြေပၚမွာ အတိအက် ျမင္လာႏုိင္ပါျပီ။

လီဗာပူး လက္ရွိသုံးေနတဲ့ ေဒတာပိုင္းဆိုင္ရာ စိစစ္ခြဲျခမ္းမႈ စနစ္မ်ိဳးဟာ ယခင္ကေတာ့ ေငြေၾကးအားနည္းတဲ့ အသင္းေတြ၊ ထိပ္သီးေတြလို ၾသဇာမႀကီးတဲ့ အသင္းေတြမွာ သုံးေနၾကတဲ့ စနစ္မ်ိဳးျဖစ္ပါတယ္။ အသင္းငယ္ေတြဟာ အသင္းႀကီးေတြလို ကင္းေထာက္ကြန္ယက္ေတြ မေကာင္းဘူး၊ ေငြေၾကး မတတ္ႏိုင္ဘူး အဲ့အခါ သူတို႔ဟာ ေဒတာလို႔ေခၚတဲ့ စိစစ္မႈေတြကိုပဲ ပိုမို အားျပဳၾကရပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ အသင္းႀကီးေတြကပါ ေဒတာစနစ္ေတြကို သုံးလာၾကပါတယ္။

ဒီကေန႔မွာ ပရီးမီးယားလိဂ္ကလပ္ ၂၀ လုံးဟာ ကိုယ္ပိုင္ မဟုတ္ရင္ေတာင္ အနည္းဆုံးေတာ့ ကလပ္ရဲ႕ အခ်က္အလက္ေတြကို စိစစ္ေပးမယ့္ ဝန္ထမ္း မဟုတ္တဲ့ ေဒတာခြဲျခမ္းစိတ္ျဖာသူေတြ ရွိၾကပါတယ္။ အသင္းငယ္ေတြ အမ်ားႀကီးကလည္း ဒီလို အစိတ္အပိုင္းေတြ ပိုင္ဆိုင္ထားတယ္။ မန္စီးတီးအသင္းမွာဆိုရင္ လူ ၁၁ ဦးပါဝင္တဲ့ ေဒတာစိစစ္ေရးအဖြဲ႕တစ္ခုကို တရားဝင္ ဖြဲ႕စည္းထားတယ္။

ဂါးဒီးယန္းရဲ႕ အဆိုအရ လီဗာပူးအသင္းဟာ ၂၀၁၂ ခုႏွစ္မွာ theoretical physics နဲ႔ ေဒါက္တာဘြဲ႕ရခဲ့တဲ့ အိုင္ယန္ ဂေရဟမ္ ဦးေဆာင္မႈျဖင့္ ပြဲေန႔မတိုင္ခင္ ျပင္ဆင္ျခင္းနဲ႔ ပြဲေန႔ကို စိစစ္မႈေတြပါဝင္တဲ့ အထူးစိစစ္သူအဖြဲ႕ (analysts) ကို စတင္ကာ ဖြဲ႕စည္းခဲ့ပါတယ္ (အိုင္ယန္ ဂေရဟမ္ အသင္းကို ဘယ္လုိေရာက္လာသလဲ၊ ဘာေတြတာဝန္ယူသလဲကို ေပ့ရဲ႕ Pin post က မိုင္ကယ္အတ္ဝပ္ ေဆာင္းပါးမွာ ဖတ္ႏုိင္ပါတယ္) ။ အဆိုပါ အဖြဲ႕ဟာ ကစားသမား ေခၚယူမႈ ပစ္မွတ္ေတြကို စိစစ္ျခင္း၊ လူငယ္ကစားသမားေတြကို အဆင့္သက္မွတ္မႈေတြ လုပ္ျခင္းေတြကို ျပဳလုပ္ေပးၾကပါတယ္။

နည္းပညာပိုင္း အားျပဳတဲ့ ေဒတာစိစစ္မႈ နည္းလမ္းမွာ လီဗာပူးကလည္း ရင္းႏွီးျမဳပ္ႏွံမႈေတြကိုပါ လုပ္ေဆာင္ထားပါတယ္။ လီဗာပူးဟာ ျပင္သစ္က SkillCorner လို႔ေခၚတဲ့ ကစားသမားေတြကို ေျခရာေကာက္ျခင္းအား ကြန္ျပဴတာစနစ္၊ AI စနစ္တို႔နဲ႔ ျပဳလုပ္တဲ့ ေဒတာကုမၸဏီနဲ႔ ပူးေပါင္းျပီး လိုအပ္တဲ့ ေဒတာေတြကို ရယူပါတယ္။

ဟုတ္ၿပီ က်ေနာ္တို႔ ပိုျမင့္တဲ့ တစ္ဆင့္ကို ထပ္ၾကည့္ရေအာင္။ ကလပ္ေတြဟာ ေလ့က်င့္ေရးမွာ ကစားသမားေတြရဲ႕ လႈပ္အားႏႈန္းနဲ႔ ဒဏ္ရာအေနအထားကို GPS ေတြထည့္ၿပီး ေစာင့္ၾကည့္လာခဲ့တယ္။ GPS ေျခရာခံတဲ့ နည္းပညာေတြနဲ႔ ကစားသမားေတြက ေလ့က်င့္ေရးမွာ ဘယ္ေလာက္ႏႈန္း ေလ့က်င့္လဲ၊ သူတို႔ရဲ႕ ျမန္ႏႈန္းက ဘယ္ေလာက္လဲ၊ ဘယ္ေလာက္ ကစားႏိုင္သလဲ၊ သူတို႔ရဲ႕ ပြဲတစ္ပြဲမွာ ႏွလုံးခုန္ႏႈန္းက ဘယ္ေလာက္လဲ ဆိုတာ ထြက္ရွိပါတယ္။

ဒီအခ်က္အလက္ေတြကေန ဒီကစားသမားကို ဒီပြဲထည့္ရင္ ဒဏ္ရာရသြားႏိုင္လား၊ သူ႔ရဲ႕ ခႏၶာကိုယ္က ပြဲကေတာင္းဆိုမယ့္ တန္ပိုကို လိုက္ႏိုင္မလား၊ သူက တာတိုေျပးႏိုင္မလား၊ တာရွည္ကို ေျပးႏိုင္မလား ဒါေတြကိုပါ တြက္ခ်က္ၾကပါတယ္။ ဒါဟာ ေမာ္ဒန္ေခတ္ျဖစ္ပါတယ္။ မန္ေနဂ်ာတစ္ဦးထဲက ကစားသမားကို စိတ္ခံစားခ်က္နဲ႔ ေ႐ြးခ်ယ္တဲ့ေခတ္ မဟုတ္ေတာ့ပါဘူး။ ေငြေၾကး သန္းေပါင္းမ်ားစြာ တန္ေၾကးရွိတဲ့ ကစားသမားေတြ လုံၿခဳံေဘးကင္းေနဖို႔ကလည္း ဦးစားေပးျဖစ္လာတယ္။

တိုးတက္ေျပာင္းလဲလာတဲ့ ေဒတာစိစစ္မႈေတြဟာ ကိုယ္အသင္းရဲ႕ ကစားသမားေတြတင္ မဟုတ္ဘဲ အျခားအသင္းက ကစားသမားေတြကိုပါ ေစာင့္ၾကည့္လို႔ရလာခဲ့တယ္။ ဥပမာအားျဖင့္ ေျပာရမယ္ဆိုရင္ လီဗာပူးနဲ႔ ခ်ယ္ဆီးပြဲမွာ သီယာဂိုဟာ ၄၅ မိနစ္ ကစားခဲ့တယ္။ ဒါေပမယ့္ သူဟာ ေဘာလုံးထိခ်က္ ၈၉ ႀကိမ္ ရွိခဲ့ၿပီး ေပးမႈက ၈၃ ႀကိမ္ ရွိခဲ့တယ္။ အသင္းေဖာ္ေတြကို ေအာင္ျမင္စြာ ေပးပို႔ႏိုင္ျခင္းက ၇၅ ႀကိမ္ ရွိခဲ့ပါတယ္။ သူဟာ ၿပိဳင္ဘက္ကြင္းဘက္မွာ ေဘာလုံးေပးမႈ အမ်ားဆုံး လီဗာပူး ကစားသမားျဖစ္ခဲ့တယ္။

အဲ့ေတာ့ ဘာျဖစ္လဲ။ ဒါကိုသိရေတာ့ ဘာျဖစ္လဲဆိုရင္ ဒါက အခ်က္အလက္ေတြ ျဖစ္ပါတယ္။ ဒီအခ်က္အလက္ေတြက သာမာန္ပရိသတ္ေတြကိုေတာင္ ပြဲကို လက္ဖဝါးေပၚ တင္ထားသလို လွည့္ပတ္ၾကည့္ၿပီး သုံးသပ္ခြင့္ရလာတယ္။ ညံ့ဖ်င္းမႈေတြကို ျပင္ဆင္လာႏိုင္ေစတယ္၊ ထူးခြၽန္မႈေတြကို ပိုေကာင္းေအာင္ လုပ္လာႏိုင္ေစပါတယ္။

လီဗာပူးရဲ႕ စိစစ္သူအဖြဲ႕က ကင္းေထာက္စနစ္နဲ႔ ဘယ္လို ေပါင္းစပ္လဲ

ဆိုၾကပါေတာ့ဗ်ာ လီဗာပူးအသင္းဟာ တိုက္စစ္အတြက္ အမ္ဘတ္ပီကို ေစာင့္ၾကည့္တယ္လို႔ သတင္းတက္ၿပီဆိုပါေတာ့။ သာမာန္ ပရိသတ္တစ္ဦးရဲ႕ အျမင္မွာေတာ့ လီဗာပူးအသင္းက ကင္းေထာက္တစ္ဦးက မာေဆးဆိုဒ္ကေန ျပင္သစ္က ပဲရစ္ကို ေလယာဥ္နဲ႔သြား အဲ့မွာ ပီအက္စ္ဂ်ီကြင္းထဲဝင္ ပြဲၾကည့္စင္ေပၚထိုင္ၿပီး အမ္ဘတ္ပီ ကစားတာကို ထိုင္ၾကည့္ေနတယ္ေပါ့။ ဒါက ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္ ဒါေပမယ့္ ကင္းေထာက္စနစ္ အလုပ္လုပ္တာက အဲ့လို မဟုတ္ပါဘူး။

ဒီေနရာမွာ The Times က လီဗာပူးသတင္းေထာက္ Paul Joyce က လီဗာပူးရဲ႕ ကင္းေထာက္စနစ္ကို အခုလို ေျပာျပပါတယ္။

“ ကုန္ခဲ့တဲ့ ၁၈ လမွာ လီဗာပူးအသင္းဟာ မတူညီတဲ့ ဗဟိုခံစစ္သမား ၃၄ ေယာက္ကို ေျခရာခံမႈေတြ ျပဳလုပ္ခဲ့တယ္။ သူတို႔ဟာ ခံစစ္သမားေတြရဲ႕ တစ္ဦးခ်င္း အားသာခ်က္၊ အားနည္းခ်က္ေတြကို တစ္ဦးကို အနည္းဆုံး ၁၅ ပြဲစာ ပြဲကစားမႈေတြကို ေလ့လာခဲ့တယ္။ အဲ့သည္ ေလ့လာမႈအၿပီးမွာ ေအ အဆင့္ ၄ ဦးနဲ႔ ဘီ အဆင့္ ေလးဦး ဆိုၿပီး ခြဲထုတ္ပါတယ္။

ထိပ္တန္းအဆင့္ဆိုတဲ့ ေအ အဆင့္အတြက္ လီဗာပူး ေ႐ြးခ်ယ္ခဲ့သူေတြက ဗန္ဒိုက္၊ လာေပၚေတး၊ ကိုလီဘာလီနဲ႔ ဘိုတန္တို႔ျဖစ္တယ္။ ဘီ အဆင့္ကေတာ့ တစ္ခ်ိန္မွာ ေအ အဆင့္ကို ေရာက္လာႏိုင္တဲ့ အလားအလာရွိ လူငယ္ ကစားသမားေတြ ျဖစ္ပါတယ္ ” ေဖာ္ျပခဲ့တာျဖစ္တယ္။

ေစ်းကြက္ထဲမွာ ပန္းသီးလွလွေလးေတြ အမ်ားၾကီးရွိပါတယ္။ ေတြ႔ကရာ ပန္းသီးကို ေကာက္ယူရတာမ်ိဳး မဟုတ္ပါဘူး။ ဘယ္ပန္းသီးက ပထမတန္းစားလဲ၊ ဘယ္ပန္းသီးက ဒုတိယတန္းစားလည္းဆိုတာကို ခြဲျခမ္းရပါတယ္။ လီဗာပူးအသင္းဟာ ဗဟိုခံစစ္မႉးတစ္ဦးကို ေခၚဖို႔ ၁ ႏွစ္နဲ႔ ၆ လ ကင္းေထာက္ခဲ့ပါတယ္။ သူတို႔က ဒီ ၁ ႏွစ္နဲ႔ ၆ လမွာ ကစားသမား တစ္ဦးထဲကို ထိုင္ၾကည့္ေနတာ မဟုတ္ဘဲ ကစားသမား ၃၄ ေယာက္ထဲက ေ႐ြးသင့္ ပယ္သင့္တာေတြကို တြက္ခ်က္ၿပီး အေကာင္းဆုံး အကိုက္ညီဆုံးကို ရွာတယ္လို႔ ဆိုလိုတာပါပဲ။

ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ရဲ႕ေနာက္ အရန္အျဖစ္ အစားထိုးစရာ တိုက္စစ္သမား တစ္ဦးရွာေတာ့ လီဗာပူးက တီမိုဝါနာ၊ ဆာ၊ ဂ်ိဳနသန္ ေဒးဗစ္၊ ဂ်ိဳတာ တို႔ကို ဆန္ကာတင္ေတြ ထားခဲ့တယ္။ လီဗာပူးက တီမိုဝါနာကို ခ်ိန္႐ြယ္ခဲ့တာက သိသာလြန္းသလို ဆာကိုလည္း တရားဝင္ ခ်ိတ္ဆက္မႈ လုပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္လို႔ အခ်ိန္အခါနဲ႔ ကိုက္ညီမယ့္ ဂ်ိဳတာကိုပဲ ေခၚယူခဲ့တယ္။

ယာဂင္ကေလာ့ပ္ဟာ ဘယ္အစြန္ေနရာအတြက္ အင္အားျဖည့္လိုခဲ့ျပီး ကလပ္က လူးဝစ္တစ္ဦးထဲ ၾကည့္ခဲ့တာ မဟုတ္ပါဘူး။ လက္ရွိ နယူးကာဆယ္က လူးဝစ္၊ ကိုစတက္၊ လက္ရွိ စပါးအသင္းသား ရီဂြယ္လြန္ အစရွိတဲ့ ကစားသမားေတြကိုလည္း ေစာင့္ၾကည့္ျပီးမွ ခ်ိတ္ဆက္မႈေတြကေန ကိုစတက္ကို ေရြးခဲ့တာျဖစ္တယ္။

ဒါဆိုရင္ ယာဂင္ကေလာ့ပ္က ဘာမလုပ္ေတာ့ဘူးလား၊ ဒီတိုင္း ထိုင္ေနလားလို႔ ေမးၾကမယ့္သူေတြ ရွိမယ္ဆိုရင္။ ဒီ စိစစ္ေရးအဖြဲ႕နဲ႔ ကင္းေထာက္အဖြဲ႕ေတြက မန္ေနဂ်ာအလိုရွိတဲ့ ေနရာအတြက္ သူတို႔ ပိုင္ႏိုင္တဲ့ ေဒတာကေန စစ္ထုတ္ယူျခင္းပဲျဖစ္ပါတယ္။ ရလာတဲ့ နာမည္စာရင္းကို ကစားသမား ေခၚယူမႈဆိုင္ရာ အဖြဲ႕ထံ တင္ျပတယ္။ ဒီအဖြဲ႕က ယာဂင္ကေလာ့ပ္အပါ ကလပ္ရဲ႕ စီးပြားေရးတာဝန္ခံေတြ၊ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ ျပန္တိုင္ပင္ရတယ္။

မန္ေနဂ်ာကေလာ့ပ္က ဝါနာကို လိုခ်င္ခဲ့တယ္။ ဘ႑ာေရးပိုင္း တာဝန္ခံက ေပါင္ သန္း ၅၀ ေလာက္ကို တစ္လံုးတည္ ေပးဖို႔ မျဖစ္ႏိုင္ဘူး။ ဒီမွာတင္ အားကစားဒါရိုက္တာက ေျပာင္းေရႊ႔ေၾကး ညိႏိႈင္းခဲ့တယ္။ ဒါေပမယ့္ အဆင္မေျပခဲ့ဘူး။ အဲ့လို အခါမ်ိဳးမွာ ကေလာ့ပ္က ဆုံးျဖတ္ေပးရမယ္ ငါေတာ့ ဝါနာမွမရရင္ မျဖစ္ဘူးလား? (သို႔) ေနာက္ထပ္ ပစ္မွတ္ကို ေ႐ြးေပးမလား? ပါပဲ။

ေမာ္ဒန္ေခတ္ မန္ေနဂ်ာနဲ႔ ကြၽမ္းက်င္သူေတြ ေပါင္းစည္းမႈ

Tha Athletic မွ လီဗာပူးသတင္းေထာက္ James Pearce ရဲ႕ အဆိုအရ ၂၀၁၇ မွာ ေတာင္ပံေနရာအတြက္ မန္ေနဂ်ာကေလာ့ပ္က ဂ်ာမနီလက္ေရြးစင္ ဂ်ဴလီယန္ ဘာရတ္ကို ေခၚယူလိုပါတယ္။ အားကစားဒါရိုက္တာ အတ္ဝပ္က ဆာလက္က ပိုေကာင္းတဲ့ ေရြးခ်ယ္မႈျဖစ္မယ္လို႔ ေထာက္ျပပါတယ္။ သူတို႔ ႏွစ္ဦး ေဆြးေႏြးမႈကေန အသင္းက ဘာရတ္အစား ဆာလက္ကိုပဲ ေပါင္ ၃၆ သန္းျဖင့္ ေခၚယူခဲ့ပါတယ္။

လီဗာပူးရဲ႔ အေျပာင္းအေရႊ႔ ကိစၥေတြက အဲ့လို အျပန္အလွန္ နားလည္မႈေတြနဲ႔ လုပ္ၾကတာျဖစ္ပါတယ္။ အရာရာ ကေလာ့ပ္ စိတ္တိုင္းက် မဟုတ္သလို အားလုံးက စိစစ္ေရးအဖြဲ႕ သေဘာအတိုင္လည္း မဟုတ္ပါဘူး။

ဒီကေန႔ေခတ္မွာ ေဘာလုံးကလပ္တစ္သင္းကို မန္ေနဂ်ာတစ္ဦးတည္းက စီမံႏိုင္တဲ့ အေျခအေန မဟုတ္ေတာ့ပါဘူး။ အဖြဲ႕တစ္ခုကို မန္ေနဂ်ာက ေလ့က်င့္ေပး ႏိုင္ပြဲေတြရေအာင္လုပ္ ခ်န္ပီယံျဖစ္ဆိုတဲ့ ေခတ္က ကုန္ခဲ့ပါၿပီ။ ဒီကေန႔ေခတ္မွာ ေဘာလုံးဆိုတာက စီးပြားေရးျဖစ္ပါတယ္။ ေသးငယ္တဲ့ စီးပြားေရးတင္ မဟုတ္ဘဲ အႀကီးစား ေဖ်ာ္ေျဖေရး လုပ္ငန္းတစ္ခု ျဖစ္ပါတယ္။

ကလပ္အသင္းေတြဟာ သက္ဆိုင္ရာ နယ္ပယ္အလိုက္ ကြၽမ္းက်င္သူေတြကို တိုးခ်ဲ႕လာခဲ့ၿပီး ေအာင္ျမင္မႈေတြရဖို႔ ပိုမို အာ႐ုံစိုက္လာၾကၿပီျဖစ္တယ္။ အားလုံးဟာ ေျပးလမ္းထဲမွာ တူညီတဲ့ တာထြက္မႈနဲ႔ တူညီတဲ့ ပန္းတိုင္းကိုပဲ ယွဥ္ၿပိဳင္ၾကရမွာျဖစ္တယ္။ အဆုံးမွာ ေအာင္ပြဲခံႏိုင္သူက ဘယ္သူေတြျဖစ္မယ္ဆိုတာကေတာ့ မွန္ကန္တဲ့ အုပ္ခ်ဳပ္မႈနဲ႔ စီမံခန႔္ခြဲမႈေတြကပါ အေရးပါလာေတာ့မွာ ျဖစ္ပါတယ္။

ေရးသားသူ – ဟန္သာ