ပြိုလဲစ ပြုနေတဲ့ မန်ယူနိုက်တက်ရဲ့ အင်ပါယာအကြောင်း အီဗရာက သတိပေးစကား ဆိုလိုက်ပြီး အိုးထရက်ဖို့ဒ်မှာ အရည်အသွေးရှိ ကစားသမားတွေ လစ်ဟာနေတာက ယခင်ရှေ့က အသင်းတွေလမ်းစဉ် လိုက်မိတော့ဖို့ အချက်ပေးခေါင်းလောင်း မြည်နေပြီ ဖြစ်ကြောင်း အီဗရာက ဆိုပါတယ်။

မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သူ အီဗရာက လက်ရှိအသင်းရဲ့ အနေအထားအပြင် အဓိကကွင်းလယ်ကစားသမား ပေါ့ဘာဟာ မန်ယူအသင်းကို ချစ်မြတ်နိုးခြင်းမရှိတာက ပရိသတ်တွေနဲ့လည်းဆိုင်ပြီး သူကတော့ ပြင်သစ်သားဟာ အသင်းကနေ ထွက်ခွာလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ပေါ့ဘာဟာ ဝေဖန်မှုတွေ အများကြီးကို ပိုင်ဆိုင်ခဲ့ပေမယ့် ဒီနှစ်မှာ ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးသွင်းယူပေးပြီး ၉ ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါဟာ အခြားမန်ယူကစားသမားတွေအားလုံးထက် ပိုမိုသာလွန်တဲ့ အရည်အချင်းလည်းဖြစ်သလို ဒီအတွက်လည်းသူဟာ PFA ရဲ့ Team of the year စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အီဗရာက “ကျွန်တော် ကစားသမားတစ်ချို့ကို အပြစ်မတင်ချင်ပါဘူး။ ဘာလို့ဆို တစ်ချို့သူတွေက သူတို့ မန်ယူမှာသာ ကစားနေကြပေမယ့် ဘာလို့ ဒီအသင်းမှာ လာကစားနေလဲဆိုတာကို မသိကြလို့ပါပဲ။ ကျွန်တော်ကတော့ ပေါ့ဘာဟာ အသင်းကို စွန့်ခွာတော့မယ်လို့ ထင်ပါတယ်။

ဘာလို့ဆို သူ့အနေနဲ့ သူပျော်တဲ့ သူချစ်တဲ့အသင်းမှာ ကစားရတာကို သဘောကျမှာမို့လို့ပါ။ တစ်ကယ်လို့ ပေါ့ဘာသာ အသင်းမှာ နှစ်တွေအကြာကြီးနေပြီးမှ ထွက်ခွာတာပဲဖြစ်ဖြစ် နောက်ထပ် နှစ်အနည်းငယ်ထပ်နေသေးတာပဲဖြစ်ဖြစ် ဒါဆိုရင်တော့ ပရိသတ်တွေက သူ့သစ္စာအတွက် သူ့ကိုချစ်ကြမှာပါ။

ကျွန်တော်က ပေါလ်ကို ကာကွယ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချို့ပရိသတ်တွေက မရည်ရွယ်ဘဲ ပေါ့ဘာကို သတ်နေသလိုဖြစ်နေပါတယ်

မန်ယူနိုက်တက်ကို လီဗာပူး၊ အေစီမီလန် ဒါမှတ်မဟုတ် အာဆင်နယ် တို့လို မဖြစ်စေချင်ဘူး။ သူတို့ ထိပ်တန်းအဆင့်ကို ပြန်ရောက်ဖို့ နှစ်တွေ အများကြီး ပြန် အချိန်ယူရတယ်။ ယူနိုက်တက် အခြေအနေ အနာဂတ်ကလည်း ကြည့်ရတာ သိပ်တော့ မကောင်းဘူး။” လို့ အီဗရာက ၀န်ခံ ပြောကြားလိုက်ပါတယ်။