၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုကိုတော့ မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက မဲခွဲမှုကို ဂရိမှာ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှု အနေအထားအရ ဆွစ်ဇလန်ကို ပြောင်းလဲ ကျင်းပမှာဖြစ်တယ်။ ပြိုင်ပွဲကျင်းပနိုင်မယ့် အချိန် ပိုတိုသွားပေမယ့်လည်း ချန်ပီယံလိဂ်ကို ပုံမှန်ပွဲစဉ်တွေအတိုင်း ကျင်းပနိုင်ဖို့ ယူအီးအက်ဖ်အေက ရည်ရွယ်ထားပါတယ်။

ဘောလုံးရာသီတိုင်းမှာ ချန်ပီယံလိဂ်ဟာ သြဂုတ်လ အလယ်မှာ စတင်ရပေမယ့် ဒီတစ်ကြိမ်မှာတော့ နောက်ကျနေခဲ့တယ်။ ဒါပေမယ့်လည်း အုပ်စုအဆင့်တွေကို ဒီဇင်ဘာ ဒုတိယအပတ်မှာ အပြီးသတ်ပြီး ရံှူးထွက်ပွဲတွေကိုတော့ ပုံမှန် ရာသီတွေလို ဇန်နဝါရီဈေးကွက် ပိတ်ချိန်မှာ စတင်သွားနိုင်ဖို့ ယူအီးအက်ဖ်အေက မျှော်လင့်နေတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တဲ့ လီဗာပူးအသင်းက Pot 1 မှာတော့ ဘိုင်ယန်မြူးနစ်၊ ဆီးဗီးလာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ ဇင်းနစ်၊ ပေါ်တို့အသင်းတို့နဲ့အတူ ကျရောက်ပါမယ်။

အခြားသော Pot သုံးခုမှ အသင်းတွေက လီဗာပူးနဲ့အတူ အုပ်စုအဆင့်မှာ အတွဲကျမှာဖြစ်ပေမယ့် တစ်နိုင်ငံတည်းသား ကလပ်တွေကတော့ အုပ်စုအဆင့်မှာ အတွဲကျဖို့ မရှိပါဘူး။ ဒါကြောင့် Pot 2 ထဲက ဘာစီလိုနာ၊ အက်သလက်တီကို၊ ရှက်တာဒိုးနက်၊ ဒေါ့မွန်နဲ့ အေးဂျက်တို့ထဲက တစ်သင်းဟာ လီဗာပူးရဲ့ အုပ်စုတွင်းပြိုင်ဘက် ဖြစ်လာပါမယ်။

ကျန် Pot နှစ်ခုအတွက် ပြိုင်ဘက်တွေကတော့ နောက်ဆုံးအဆင့် play-off တွေပြီးမှ သိရမှာဖြစ်တယ်။ မဲခွဲမှုကိုတော့ ယူအီးအက်ဖ်အေ ဝဘ်ဆိုဒ်မှာ တိုက်ရိုက် ထုတ်လွှင့်မှာဖြစ်ပါတယ်။

အုပ်စုအဆင့် ပွဲစဉ်တွေကတော့ အောက်ပါ ရက်စွဲတွေအတိုင်း ဖြစ်လာပါမယ်။

Group matches

  • Matchday one: October 20/21
  • Matchday two: October 27/28
  • Matchday three: November 3/4
  • Matchday four: November 24/25
  • Matchday five: December 1/2
  • Matchday six: December 8/9

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ မဲခြဲမႈကိုေတာ့ မနက္ျဖန္ ေအာက္တိုဘာလ ၁ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၉း၃၀ နာရီမွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအက မဲခြဲမႈကို ဂရိမွာ လုပ္ဖို႔ စီစဥ္ခဲ့ေပမယ့္ ကုိရုိနာဗိုင္းရပ္ ပ်ံ႔ႏွံ႔မႈ အေနအထားအရ ဆြစ္ဇလန္ကို ေျပာင္းလဲ က်င္းပမွာျဖစ္တယ္။ ျပိဳင္ပြဲက်င္းပႏုိင္မယ့္ အခ်ိန္ ပိုတိုသြားေပမယ့္လည္း ခ်န္ပီယံလိဂ္ကို ပံုမွန္ပြဲစဥ္ေတြအတိုင္း က်င္းပႏုိင္ဖို႔ ယူအီးအက္ဖ္ေအက ရည္ရြယ္ထားပါတယ္။

ေဘာလံုးရာသီတိုင္းမွာ ခ်န္ပီယံလိဂ္ဟာ ၾသဂုတ္လ အလယ္မွာ စတင္ရေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ ေနာက္က်ေနခဲ့တယ္။ ဒါေပမယ့္လည္း အုပ္စုအဆင့္ေတြကို ဒီဇင္ဘာ ဒုတိယအပတ္မွာ အျပီးသတ္ျပီး ရံွဴးထြက္ပြဲေတြကိုေတာ့ ပံုမွန္ ရာသီေတြလို ဇန္နဝါရီေစ်းကြက္ ပိတ္ခ်ိန္မွာ စတင္သြားႏုိင္ဖို႔ ယူအီးအက္ဖ္ေအက ေမွ်ာ္လင့္ေနတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တဲ့ လီဗာပူးအသင္းက Pot 1 မွာေတာ့ ဘိုင္ယန္ျမဴးနစ္၊ ဆီးဗီးလာ၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္၊ ပီအက္စ္ဂ်ီ၊ ဇင္းနစ္၊ ေပၚတို႔အသင္းတို႔နဲ႔အတူ က်ေရာက္ပါမယ္။

အျခားေသာ Pot သံုးခုမွ အသင္းေတြက လီဗာပူးနဲ႔အတူ အုပ္စုအဆင့္မွာ အတြဲက်မွာျဖစ္ေပမယ့္ တစ္ႏုိင္ငံတည္းသား ကလပ္ေတြကေတာ့ အုပ္စုအဆင့္မွာ အတြဲက်ဖို႔ မရွိပါဘူး။ ဒါေၾကာင့္ Pot 2 ထဲက ဘာစီလိုနာ၊ အက္သလက္တီကို၊ ရွက္တာဒိုးနက္၊ ေဒါ့မြန္နဲ႔ ေအးဂ်က္တို႔ထဲက တစ္သင္းဟာ လီဗာပူးရဲ႕ အုပ္စုတြင္းျပိဳင္ဘက္ ျဖစ္လာပါမယ္။

က်န္ Pot ႏွစ္ခုအတြက္ ျပိဳင္ဘက္ေတြကေတာ့ ေနာက္ဆံုးအဆင့္ play-off ေတြျပီးမွ သိရမွာျဖစ္တယ္။ မဲခြဲမႈကိုေတာ့ ယူအီးအက္ဖ္ေအ ဝဘ္ဆိုဒ္မွာ တိုက္ရိုက္ ထုတ္လႊင့္မွာျဖစ္ပါတယ္။

အုပ္စုအဆင့္ ပြဲစဥ္ေတြကေတာ့ ေအာက္ပါ ရက္စြဲေတြအတိုင္း ျဖစ္လာပါမယ္။

Group matches

  • Matchday one: October 20/21
  • Matchday two: October 27/28
  • Matchday three: November 3/4
  • Matchday four: November 24/25
  • Matchday five: December 1/2
  • Matchday six: December 8/9