မနက်ဖြန် အန်ဖီးကွင်းမှာပဲ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ကာရာဘောင်း ပွဲမှာတော့ လီဗာပူးအသင်းသားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ မာတစ်နဲ့ ကိုစတက်တို့ ပါဝင်သွားကြမှာ မဟုတ်ပါဘူး။

ချယ်ဆီးနဲ့ပွဲ ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပြီးနောက် လီဗာပူးရဲ့ နောက်ဆုံး နှစ်ပွဲကို လွဲချော်ထားတဲ့ ဟန်ဒါဆန်ဟာ ကာရာဘောင်းပွဲအတွက် အဆင်သင့် မဖြစ်ပေမယ့်လည်း ဒီအပတ် အက်စတွန်ဗီလာနဲ့ပွဲအတွက် အသင်းလူစာရင်းမှာတော့ ပြန်လည် ပါဝင်လာမှာဖြစ်တယ်။ သီယာဂိုကလည်း ကိုဗစ်ကြောင့် နောက်ထပ် ၁၀ ရက် သီးသန့်နေရဦးမှာ ဖြစ်ပါတယ်။

မာတစ်ဟာ ကြွက်သား ဒဏ်ရာကနေ တိုးတက်လာဖို့ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ကိုစတက်ကတော့ ပြီးခဲ့တဲ့ Lincoln City နဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ချိန်ဘာလိန်က ဒူးဒဏ်ရာကနေ ပြန်သက်သာလာနေတယ်လို့ ပပ်လင်ဒါးက ပြောပါတယ်။

အာဆင်နယ်ပွဲကြိုမှာ လင်ဒါးက ” ဟန်ဒါဆန်ကိုတော့ ဒီပွဲအပြီး သောကြာနေ့မှာမှ ကျနေ်ာတို့ ပြန်လည် ကြည့်မှာပါ။ အက်စတွန်ဗီလာနဲ့ပွဲမှာ သူပါဝင်နိုင်မလားဆိုတာကိုပေါ့။ မာတစ်ကတော့ အရင်အပတ်က ပြောသလိုပါပဲ နိုင်ငံတကာ သီတင်းပတ် အကုန်မှ ပြန်သက်သာလာမှာဖြစ်တယ်။ အဲဗာတန်နဲ့ပွဲ ပြင်ဆင်မှုမှာတော့ သူ့ကို သုံးလို့ ရပါမယ်။

ချိန်ဘာလိန်က တိုးတက်လာပါတယ်။ သူက လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ သူ့အတွက်လည်း ဒီအဆင့်က အရမ်းကို အရေးကြီးပါတယ်။ ဒါပေမယ့် အချိန်တော့ ယူရဦးမှာပေါ့။ Lincoln နဲ့ပွဲအပြီးမှာတော့ ကိုစတက်က ဒဏ်ရာပြဿနာ ရှိခဲ့တယ်။ ကျနေ်ာတို့ ဖြေရှင်းနိုင်ခဲ့မယ်လို့ ထင်ပေမယ့်လည်း မလုပ်နိုင်ခဲ့ပါဘူး။

ကိုစတက်က ပွဲကစားနိုင်ဖို့ အချိန်ယူရမှာပါ။ သူက အာဆင်နယ်နဲ့ပွဲကို ပါနိုင်မှာ မဟုတ်သလို တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် အက်စတွန်ဗီလာနဲ့ပွဲကိုလည်း ပါဝင်မှာ မဟုတ်ပါဘူး။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မနက္ျဖန္ အန္ဖီးကြင္းမွာပဲ အာဆင္နယ္နဲ႔ ယွဥ္ျပိဳင္ကစားရမယ့္ ကာရာေဘာင္း ပြဲမွာေတာ့ လီဗာပူးအသင္းသားေတြျဖစ္တဲ့ ဟန္ဒါဆန္၊ မာတစ္နဲ႔ ကိုစတက္တို႔ ပါဝင္သြားၾကမွာ မဟုတ္ပါဘူး။

ခ်ယ္ဆီးနဲ႔ပြဲ ဒုတိယပိုင္းမွာ လူစားလဲခဲ့ရျပီးေနာက္ လီဗာပူးရဲ႕ ေနာက္ဆံုး ႏွစ္ပြဲကို လြဲေခ်ာ္ထားတဲ့ ဟန္ဒါဆန္ဟာ ကာရာေဘာင္းပြဲအတြက္ အဆင္သင့္ မျဖစ္ေပမယ့္လည္း ဒီအပတ္ အက္စတြန္ဗီလာနဲ႔ပြဲအတြက္ အသင္းလူစာရင္းမွာေတာ့ ျပန္လည္ ပါဝင္လာမွာျဖစ္တယ္။ သီယာဂိုကလည္း ကိုဗစ္ေၾကာင့္ ေနာက္ထပ္ ၁၀ ရက္ သီးသန္႔ေနရဦးမွာ ျဖစ္ပါတယ္။

မာတစ္ဟာ ၾကြက္သား ဒဏ္ရာကေန တိုးတက္လာဖို႔ ဆက္လက္ လုပ္ေဆာင္ေနဆဲျဖစ္ျပီး ကိုစတက္ကေတာ့ ျပီးခဲ့တဲ့ Lincoln City နဲ႔ပြဲမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ အာဆင္နယ္နဲ႔ပြဲမွာ ပါဝင္ကစားႏုိင္မွာ မဟုတ္ပါဘူး။ ခ်ိန္ဘာလိန္က ဒူးဒဏ္ရာကေန ျပန္သက္သာလာေနတယ္လို႔ ပပ္လင္ဒါးက ေျပာပါတယ္။

အာဆင္နယ္ပြဲၾကိဳမွာ လင္ဒါးက ” ဟန္ဒါဆန္ကိုေတာ့ ဒီပြဲအျပီး ေသာၾကာေန႔မွာမွ က်ေန္ာတို႔ ျပန္လည္ ၾကည့္မွာပါ။ အက္စတြန္ဗီလာနဲ႔ပြဲမွာ သူပါဝင္ႏုိင္မလားဆိုတာကိုေပါ့။ မာတစ္ကေတာ့ အရင္အပတ္က ေျပာသလိုပါပဲ ႏုိင္ငံတကာ သီတင္းပတ္ အကုန္မွ ျပန္သက္သာလာမွာျဖစ္တယ္။ အဲဗာတန္နဲ႔ပြဲ ျပင္ဆင္မႈမွာေတာ့ သူ႔ကို သံုးလို႔ ရပါမယ္။

ခ်ိန္ဘာလိန္က တိုးတက္လာပါတယ္။ သူက လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနပါျပီ။ သူ႔အတြက္လည္း ဒီအဆင့္က အရမ္းကို အေရးၾကီးပါတယ္။ ဒါေပမယ့္ အခ်ိန္ေတာ့ ယူရဦးမွာေပါ့။ Lincoln နဲ႔ပြဲအျပီးမွာေတာ့ ကိုစတက္က ဒဏ္ရာျပႆနာ ရွိခဲ့တယ္။ က်ေန္ာတို႔ ေျဖရွင္းႏုိင္ခဲ့မယ္လို႔ ထင္ေပမယ့္လည္း မလုပ္ႏုိင္ခဲ့ပါဘူး။

ကိုစတက္က ပြဲကစားႏုိင္ဖို႔ အခ်ိန္ယူရမွာပါ။ သူက အာဆင္နယ္နဲ႔ပြဲကို ပါႏုိင္မွာ မဟုတ္သလို တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္မယ့္ အက္စတြန္ဗီလာနဲ႔ပြဲကိုလည္း ပါဝင္မွာ မဟုတ္ပါဘူး။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။