ကာရာဘောင်းပွဲမှာ လီဗာပူးထုတ်သုံးမှာကာ ပရီးမီးယားလိဂ်ပွဲမှာ မကစားထားရတဲ့ လန်းဆန်းနေတဲ့ ကစားသမားတွေ ဖြစ်လာမယ်ဆိုတာကို လက်ထောက်နည်းပြ လင်ဒါးက သတင်းပေးပါတယ်။

လင်ဒါးက “ နှစ်ရက်အကြာမှာပဲ အာဆင်နယ်နဲ့ ပြန်လည် ရင်ဆိုင်တွေ့မယ့် အခြေအနေမှာ ကျနေ်ာတို့ရဲ့ ကစားဟန်အတွက် လန်းဆန်းနေမှုက အဓိက ကျပါတယ် ” လို့ လီဗာပူးဝဘ်ဆိုဒ်ကနေ ပြောပါတယ်။

နယ်သာလန်သား နည်းပြက “ ကစားသမားတွေကို တိုက်စစ်နဲ့ ခံစစ် အနေအထားတွေမှာ လွတ်လပ်စွာ ကစားစေဖို့နဲ့ အထူးသဖြင့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ သက်သောင့်သက်သာ ဖြစ်စေဖို့က အရေးကြီးတယ်။ နေရာမှန်မှာ ရှိနေမှ အချိန်ကိုက် ရောက်မှာပါ။ နေရာမှန်မှာ ရှိနေဖို့ဆိုရင်လည်း အာရုံစိုက်နေမှ ရပါမယ်။

အသင်းမှာ နွမ်းနယ်မှုတွေ ရှိနေနိုင်တာကို သိပြီး ဒါက ခက်ခဲပေမယ့် ကျနေ်ာတို့က တောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ လူငယ်နဲ့ ဝါရင့်တွေကို တွဲဘက်ပြီး ထုတ်သုံးမှာ ဖြစ်တယ်။ အထူးသဖြင့် အန်ဖီးမှာ နောက်ဆုံးသော ဗိုလ်လုပွဲလို ယှဉ်ပြိုင်ကစားဖို့ သူတို့ရဲ့ အသွေးအသားထဲက တက်ကြွဆာလောင်နေမယ့် သူတွေကို ရွေးချယ်ပါမယ်။ ”

လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲမှာတော့ အတောင့်တင်းဆုံး လူစာရင်းကို ထုတ်ခဲ့ကာ ၃-၁ နဲ့ အနိုင်ရခဲ့တယ်။ ကာရာဘောင်းပွဲမှာတော့ အတ်ဒရီယန်၊ ဝီလီယမ်၊ မီနာမီနိုနဲ့ အိုရီဂီတို့ကို ထုတ်သုံးဖွယ် ရှိပါတယ်။

လင်ဒါးကပဲ “ ကုန်ခဲ့တဲ့ ရာသီတွေမှာ ကျနေ်ာတို့အသင်းရဲ့ အဓိက အားသာချက်က အလုပ်ကို အကောင်းဆုံး လုပ်နိုင်ဖို့ အသင်းဖော်တိုင်းကို လေးစားမှုရှိတာပါပဲ။ ပွဲထွက်ရသည်ဖြစ်စေ၊ ပွဲမကစားရဘူးဖြစ်စေ ဒါက အသင်းတစ်သင်းဖြစ်တယ်။ ဒီလေးစားမှုကပဲ ကျနေ်ာတို့ကို သန်မာစေတယ်။

ကျနေ်ာတို့ရဲ့ အားသာချက်တွေ၊ ပေါင်းစပ်မှုတွေ၊ ဆက်ဆံရေးတွေ အားလုံးကို အသုံးချပြီး စိန်ခေါ်မှုတွေကို ဆက်လက် ယှဉ်ပြိုင်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

ကာရာေဘာင္းပြဲမွာ လီဗာပူးထုတ္သံုးမွာကာ ပရီးမီးယားလိဂ္ပြဲမွာ မကစားထားရတဲ့ လန္းဆန္းေနတဲ့ ကစားသမားေတြ ျဖစ္လာမယ္ဆိုတာကို လက္ေထာက္နည္းျပ လင္ဒါးက သတင္းေပးပါတယ္။

လင္ဒါးက “ ႏွစ္ရက္အၾကာမွာပဲ အာဆင္နယ္နဲ႔ ျပန္လည္ ရင္ဆိုင္ေတြ႔မယ့္ အေျခအေနမွာ က်ေန္ာတို႔ရဲ႕ ကစားဟန္အတြက္ လန္းဆန္းေနမႈက အဓိက က်ပါတယ္ ” လို႔ လီဗာပူးဝဘ္ဆိုဒ္ကေန ေျပာပါတယ္။

နယ္သာလန္သား နည္းျပက “ ကစားသမားေတြကို တိုက္စစ္နဲ႔ ခံစစ္ အေနအထားေတြမွာ လြတ္လပ္စြာ ကစားေစဖို႔နဲ႔ အထူးသျဖင့္ စိန္ေခၚမႈေတြကို ရင္ဆိုင္ရာမွာ သက္ေသာင့္သက္သာ ျဖစ္ေစဖို႔က အေရးၾကီးတယ္။ ေနရာမွန္မွာ ရွိေနမွ အခ်ိန္ကိုက္ ေရာက္မွာပါ။ ေနရာမွန္မွာ ရွိေနဖို႔ဆိုရင္လည္း အာရံုစိုက္ေနမွ ရပါမယ္။

အသင္းမွာ ႏြမ္းနယ္မႈေတြ ရွိေနႏုိင္တာကို သိျပီး ဒါက ခက္ခဲေပမယ့္ က်ေန္ာတို႔က ေတာင့္တင္းတဲ့ အသင္းတစ္သင္း ျဖစ္ပါတယ္။ လူငယ္နဲ႔ ဝါရင့္ေတြကို တြဲဘက္ျပီး ထုတ္သံုးမွာ ျဖစ္တယ္။ အထူးသျဖင့္ အန္ဖီးမွာ ေနာက္ဆံုးေသာ ဗိုလ္လုပဲြလို ယွဥ္ျပိဳင္ကစားဖို႔ သူတို႔ရဲ႕ အေသြးအသားထဲက တက္ၾကြဆာေလာင္ေနမယ့္ သူေတြကို ေရြးခ်ယ္ပါမယ္။ ”

လီဗာပူးဟာ ပရီးမီးယားလိဂ္ပြဲမွာေတာ့ အေတာင့္တင္းဆံုး လူစာရင္းကို ထုတ္ခဲ့ကာ ၃-၁ နဲ႔ အႏုိင္ရခဲ့တယ္။ ကာရာေဘာင္းပြဲမွာေတာ့ အတ္ဒရီယန္၊ ဝီလီယမ္၊ မီနာမီႏိုနဲ႔ အိုရီဂီတို႔ကို ထုတ္သံုးဖြယ္ ရွိပါတယ္။

လင္ဒါးကပဲ “ ကုန္ခဲ့တဲ့ ရာသီေတြမွာ က်ေန္ာတို႔အသင္းရဲ႕ အဓိက အားသာခ်က္က အလုပ္ကို အေကာင္းဆံုး လုပ္ႏုိင္ဖို႔ အသင္းေဖာ္တိုင္းကို ေလးစားမႈရွိတာပါပဲ။ ပြဲထြက္ရသည္ျဖစ္ေစ၊ ပြဲမကစားရဘူးျဖစ္ေစ ဒါက အသင္းတစ္သင္းျဖစ္တယ္။ ဒီေလးစားမႈကပဲ က်ေန္ာတို႔ကို သန္မာေစတယ္။

က်ေန္ာတို႔ရဲ႕ အားသာခ်က္ေတြ၊ ေပါင္းစပ္မႈေတြ၊ ဆက္ဆံေရးေတြ အားလံုးကို အသံုးခ်ျပီး စိန္ေခၚမႈေတြကို ဆက္လက္ ယွဥ္ျပိဳင္ဖို႔က အေရးၾကီးဆံုး ျဖစ္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။