၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုကိုတော့ မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကိုရိုနာကူးစက်မှုက ကလပ်ကစားသမားတွေမှာ မြင့်တက်နေပေမယ့်လည်း အောက်တိုဘာလမှာ ယှဉ်ပြိုင်ကစားရမယ့် နိုင်ငံတကာသီတင်းပတ်မှာ ကလပ်တွေက ကစားသမား စေလွှတ်ရမယ်လို့ ဖီဖာက ညွှန်ကြားလိုက်ပါတယ်။ လီဗာပူးဟာ အသင်းသား ၂၀ ကို လက်လွတ်ရပါမယ်။

လီဗာပူးလူငယ်လေး ဗန်ဒန်ဘယ်ရာကို နယ်သာလန်နဲ့ ဘွန်းဒက်လီဂါ ၂ မှ ကလပ်တွေက တစ်ရာသီ အငှားခေါ်ယူခွင့်ရဖို့ ကမ်းလှမ်းမှုတွေ လုပ်ဖို့ ရှိနေပါတယ်။

ပပ်လင်ဒါးက ညာအစွန်လူ ဝီလီယမ်ဟာ ကြံ့ခိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လူငယ် ကစားသမားတစ်ဦးအပေါ် ပြင်းထန်စွာ ဝေဖန်ကြတာမျိုးက မဖြစ်သင့်ပေမယ့် ဒီအနေအထားကို ဝီလီယမ်က ခံနိုင်ရည်ရှိပါလိမ့်မယ်လို့ ထုတ်ပြောပါတယ်။

စနေနေ့တုန်းက မန်စီးတီးနဲ့ ယှဉ်ပြိုင်တဲ့ ယူ-၂၁ ပွဲမှာ ခံစစ်မှူး ဘီလီကို သွားကစားစေခဲ့တာက သူ့ရဲ့ ကြံ့ခိုင်မှုကို တိုးတက်စေဖို့ဖြစ်တယ်လို့ နည်းပြ လင်ဒါးက ပြောပါတယ်။

ကာရာဘောင်းပွဲမှာ လီဗာပူးထုတ်သုံးမှာကာ ပရီးမီးယားလိဂ်ပွဲမှာ မကစားထားရတဲ့ လန်းဆန်းနေတဲ့ ကစားသမားတွေ ဖြစ်လာမယ်ဆိုတာကို လက်ထောက်နည်းပြ လင်ဒါးက သတင်းပေးပါတယ်။

ကာရာဘောင်း ပွဲကြို ဒဏ်ရာရ ကစားသမားစာရင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဟန်ဒါဆန်၊ မာတစ်နဲ့ ကိုစတက်တို့ ပါဝင်သွားကြမှာ မဟုတ်ပါဘူး။ သီယာဂိုက ကိုဗစ်ကြောင့် အနားယူရဦးမှာဖြစ်ကာ ချိန်ဘာလိန်ကလည်း ဒူးဒဏ်ရာကနေ ပြန်သက်သာလာဖို့ အနားယူရပါဦးမယ်။

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တဲ့ လီဗာပူးအသင်းက Pot 1 မှာ ပါဝင်ပါမယ်။ အုပ်စုအဆင့်မှာ တစ်နိုင်ငံတည်းသား ကလပ်တွေ အတွဲကျဖို့ မရှိခြင်းကြောင့် ဘာစီလိုနာ၊ အက်သလက်တီကို၊ ရှက်တာဒိုးနက်၊ ဒေါ့မွန်နဲ့ အေးဂျက်တို့ထဲက တစ်သင်းဟာ လီဗာပူးရဲ့ အုပ်စုတွင်းပြိုင်ဘက် ဖြစ်လာပါမယ်။

လီဗာပူးရဲ့ ဂရုဂျစ်၊ ဘရူးစတားနဲ့ ဝဲလ်ဆန်တို့ကို ရောင်းချရေးကိစ္စက မအောင်မြင်သေးဘဲ ဒီအပတ်ကို နောက်ဆုံးထားပြီး အပြီးသတ် ဆုံးဖြတ်မှုတွေ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ မဲခြဲမႈကိုေတာ့ မနက္ျဖန္ ေအာက္တိုဘာလ ၁ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၉း၃၀ နာရီမွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

ကိုရိုနာကူးစက္မႈက ကလပ္ကစားသမားေတြမွာ ျမင့္တက္ေနေပမယ့္လည္း ေအာက္တိုဘာလမွာ ယွဥ္ျပိဳင္ကစားရမယ့္ ႏုိင္ငံတကာသီတင္းပတ္မွာ ကလပ္ေတြက ကစားသမား ေစလႊတ္ရမယ္လို႔ ဖီဖာက ညႊန္ၾကားလိုက္ပါတယ္။ လီဗာပူးဟာ အသင္းသား ၂၀ ကို လက္လြတ္ရပါမယ္။

လီဗာပူးလူငယ္ေလး ဗန္ဒန္ဘယ္ရာကို နယ္သာလန္နဲ႔ ဘြန္းဒက္လီဂါ ၂ မွ ကလပ္ေတြက တစ္ရာသီ အငွားေခၚယူခြင့္ရဖို႔ ကမ္းလွမ္းမႈေတြ လုပ္ဖို႔ ရွိေနပါတယ္။

ပပ္လင္ဒါးက ညာအစြန္လူ ဝီလီယမ္ဟာ ၾကံ႕ခိုင္တဲ့ ကစားသမားတစ္ဦးျဖစ္ျပီး လူငယ္ ကစားသမားတစ္ဦးအေပၚ ျပင္းထန္စြာ ေဝဖန္ၾကတာမ်ိဳးက မျဖစ္သင့္ေပမယ့္ ဒီအေနအထားကို ဝီလီယမ္က ခံႏုိင္ရည္ရွိပါလိမ့္မယ္လို႔ ထုတ္ေျပာပါတယ္။

စေနေန႔တုန္းက မန္စီးတီးနဲ႔ ယွဥ္ျပိဳင္တဲ့ ယူ-၂၁ ပြဲမွာ ခံစစ္မွဴး ဘီလီကို သြားကစားေစခဲ့တာက သူ႔ရဲ႕ ၾကံ႕ခိုင္မႈကို တိုးတက္ေစဖို႔ျဖစ္တယ္လို႔ နည္းျပ လင္ဒါးက ေျပာပါတယ္။

ကာရာေဘာင္းပြဲမွာ လီဗာပူးထုတ္သံုးမွာကာ ပရီးမီးယားလိဂ္ပြဲမွာ မကစားထားရတဲ့ လန္းဆန္းေနတဲ့ ကစားသမားေတြ ျဖစ္လာမယ္ဆိုတာကို လက္ေထာက္နည္းျပ လင္ဒါးက သတင္းေပးပါတယ္။

ကာရာေဘာင္း ပြဲၾကိဳ ဒဏ္ရာရ ကစားသမားစာရင္းေတြ ထြက္ေပၚလာခဲ့ျပီး ဟန္ဒါဆန္၊ မာတစ္နဲ႔ ကိုစတက္တို႔ ပါဝင္သြားၾကမွာ မဟုတ္ပါဘူး။ သီယာဂိုက ကိုဗစ္ေၾကာင့္ အနားယူရဦးမွာျဖစ္ကာ ခ်ိန္ဘာလိန္ကလည္း ဒူးဒဏ္ရာကေန ျပန္သက္သာလာဖို႔ အနားယူရပါဦးမယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တဲ့ လီဗာပူးအသင္းက Pot 1 မွာ ပါဝင္ပါမယ္။ အုပ္စုအဆင့္မွာ တစ္ႏုိင္ငံတည္းသား ကလပ္ေတြ အတြဲက်ဖို႔ မရွိျခင္းေၾကာင့္ ဘာစီလိုနာ၊ အက္သလက္တီကို၊ ရွက္တာဒိုးနက္၊ ေဒါ့မြန္နဲ႔ ေအးဂ်က္တို႔ထဲက တစ္သင္းဟာ လီဗာပူးရဲ႕ အုပ္စုတြင္းျပိဳင္ဘက္ ျဖစ္လာပါမယ္။

လီဗာပူးရဲ႕ ဂရုဂ်စ္၊ ဘရူးစတားနဲ႔ ဝဲလ္ဆန္တို႔ကို ေရာင္းခ်ေရးကိစၥက မေအာင္ျမင္ေသးဘဲ ဒီအပတ္ကို ေနာက္ဆံုးထားျပီး အျပီးသတ္ ဆံုးျဖတ္မႈေတြ ျပဳလုပ္ေပးရမွာ ျဖစ္ပါတယ္။