အာဆင်နယ်နဲ့ ကာရာဘောင်းပွဲမတိုင်ခင်မှာ လက်ထောက်နည်းပြ ပပ်လင်ဒါးက အသင်းပရိသတ်တွေကို အကြောင်းကြားမှုတစ်ခု လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကာရာဘောင်းပွဲမှာ လူငယ်ညာအစွန်လူ ဝီလီယမ်ဟာ လူမှုကွန်ယက်ကနေ စော်ကားဖိနိပ်ခြင်းတွေကို ခံခဲ့ရတယ်။ ဒီဖြစ်ရပ်ဟာ လီဗာပူးအားပေးသူ အဖွဲ့တွေကြားမှာ အတော်လေး ဂယက်ကြီးထခဲ့တဲ့ဖြစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ လီဗာပူးအဖွဲ့တိုင်းက စစ်မှန်တဲ့ ပရိသတ်တွေဟာ ဘယ်တော့မှ ဒီအပြုအမှု မလုပ်ဘူးလို့ နီးကိုးဘက်က ထောက်ခံပေးခဲ့ကြတယ်။

အာဆင်နယ်ပွဲကြိုမှာ ပပ်လင်ဒါးက “ ကျနော်ကတော့ လူမှုကွန်ယက်တွေမှာ မှတ်ချက် မပေးပါဘူး။ ကျနော် ပြောနိုင်တာ တစ်ခုတည်းက လမ်းမပေါ်မှာဖြစ်စေ လူမှုကွန်ယက်ကနေဖြစ်စေ တစ်ဘက်သားကို ဖိနိမ့်ခြင်းဟာ မှာယွင်းတဲ့ ကိစ္စဖြစ်ပါတယ်။ အဲ့လုပ်ရပ်က မှားပါတယ်။

နောက်ပြီး ကိုယ်အသင်းသားတွေကိုမှ အားမပေးသူတစ်ဦးဟာ လီဗာပူးပရိသတ်တစ်ဦး မဖြစ်နိုင်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းနဲ့ လီဗာပူးအသင်းသားတွေကို အားပေးမယ့်သူတွေက လီဗာပူးပရိသတ်တွေပဲဖြစ်ပြီး တစ်စုံတစ်ယောက်က အသင်းသားတွေကို ထိုးနှက်နေပြီဆိုရင် သူဟာ လီဗာပူးပရိသတ် မဟုတ်နိုင်တော့ဘူးလို့ လင်ဒါးက ဆိုခဲ့တာဖြစ်တယ်။

လင်ဒါးကပဲ ဆက်လက်ပြီး “ အရေးကြီးဆုံးအနေနဲ့ ဒါကို နားလည်ထားရပါမယ်။ နီကိုးက အပြောမဟုတ်ဘဲ လက်တွေ့လုပ်နေရသူပါ။ လက်တွေ့သမားတွေက အမှားတွေ လုပ်မိတတ်ပါတယ်။

ကျနော်တို့က ပွဲတွေမှာ အမှားမဖြစ်ရင်ပြီးရော မကစားပါဘူး။ စွန့်စားမှု မလုပ်နိုင်တဲ့ ကစားသမားတွေကို ကျနေ်ာတို့ မလိုချင်ဘူး။ ကျနေ်ာတို့ပွဲတွေမှာ နေရာတိုင်းက ပင်ကိုယ် လုပ်နိုင်စွမ်းတွေကို အခြေခံတယ်။ အဲ့တာကိုပဲ လိုချင်တယ်။

လူငယ်တစ်ယောက်အဖြစ် အရေးကြီးဆုံး သင်ခန်းစားက ချီးကျူးမှုနဲ့ ဝေဖန်မှုတွေကြားမှာ ညှပ်မိတာပါပဲ။ နီကိုးက ဒါကို အကောင်းဆုံး ကိုင်တွယ်နိုင်တယ်လို့ ထင်ပါတယ်။ အသင်းသားတွေက သူနဲ့ စကားပြောထားတယ်။ မန်နေဂျာကလည်း သူ့နဲ့ ပြောထားပါတယ်။ ဒီကာလက သူကျော်ဖြတ်ရမယ့် ကာလဖြစ်ပါတယ်။ ချီးကျူးတာတွေ၊ ဝေဖန်တာတွေမှာ ပိတ်မိနေလို့ မရပါဘူး။ အဲ့လို လုပ်ကြတာကလည်း လူငယ်ကစားသမား တစ်ဦးကို အကူအညီ မဖြစ်စေပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးဂန္တဝင်မန်နေဂျာကြီး ဘီရှန်ကလေက “အသင်းကို ရံှူးနေချိန်မှာ အားမပေးရင် နိုင်နေရင်လည်း အားမပေးပါနဲ့ ” ဆိုတဲ့ နာမည်ကျော် စကားတစ်ခွန်းကို ချန်ပေးခဲ့ပါတယ်။ ဒီစကားဟာ နောက်ပိုင်းမှာ ပရီးမီးယားလိဂ် မန်နေဂျာတွေဖြစ်တဲ့ ဆာအဲလက်စ်တို့တောင် တုပပြောဆိုရတဲ့ထိ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးမှု ရှိခဲ့ပါသေးတယ်။

ZAWGYI

အာဆင္နယ္နဲ႔ ကာရာေဘာင္းပြဲမတိုင္ခင္မွာ လက္ေထာက္နည္းျပ ပပ္လင္ဒါးက အသင္းပရိသတ္ေတြကို အေၾကာင္းၾကားမႈတစ္ခု လုပ္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ ကာရာေဘာင္းပြဲမွာ လူငယ္ညာအစြန္လူ ဝီလီယမ္ဟာ လူမႈကြန္ယက္ကေန ေစာ္ကားဖိနိပ္ျခင္းေတြကို ခံခဲ့ရတယ္။ ဒီျဖစ္ရပ္ဟာ လီဗာပူးအားေပးသူ အဖြဲ႔ေတြၾကားမွာ အေတာ္ေလး ဂယက္ၾကီးထခဲ့တဲ့ျဖစ္ရပ္လည္း ျဖစ္ခဲ့ပါတယ္။ လီဗာပူးအဖြဲ႔တိုင္းက စစ္မွန္တဲ့ ပရိသတ္ေတြဟာ ဘယ္ေတာ့မွ ဒီအျပဳအမႈ မလုပ္ဘူးလို႔ နီးကိုးဘက္က ေထာက္ခံေပးခဲ့ၾကတယ္။

အာဆင္နယ္ပြဲၾကိဳမွာ ပပ္လင္ဒါးက “ က်ေနာ္ကေတာ့ လူမႈကြန္ယက္ေတြမွာ မွတ္ခ်က္ မေပးပါဘူး။ က်ေနာ္ ေျပာႏုိင္တာ တစ္ခုတည္းက လမ္းမေပၚမွာျဖစ္ေစ လူမႈကြန္ယက္ကေနျဖစ္ေစ တစ္ဘက္သားကို ဖိနိမ့္ျခင္းဟာ မွာယြင္းတဲ့ ကိစၥျဖစ္ပါတယ္။ အဲ့လုပ္ရပ္က မွားပါတယ္။

ေနာက္ျပီး ကိုယ္အသင္းသားေတြကိုမွ အားမေပးသူတစ္ဦးဟာ လီဗာပူးပရိသတ္တစ္ဦး မျဖစ္ႏုိင္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းနဲ႔ လီဗာပူးအသင္းသားေတြကို အားေပးမယ့္သူေတြက လီဗာပူးပရိသတ္ေတြပဲျဖစ္ျပီး တစ္စံုတစ္ေယာက္က အသင္းသားေတြကို ထိုးႏွက္ေနျပီဆိုရင္ သူဟာ လီဗာပူးပရိသတ္ မဟုတ္ႏုိင္ေတာ့ဘူးလို႔ လင္ဒါးက ဆိုခဲ့တာျဖစ္တယ္။

လင္ဒါးကပဲ ဆက္လက္ျပီး “ အေရးၾကီးဆံုးအေနနဲ႔ ဒါကို နားလည္ထားရပါမယ္။ နီကိုးက အေျပာမဟုတ္ဘဲ လက္ေတြ႔လုပ္ေနရသူပါ။ လက္ေတြ႔သမားေတြက အမွားေတြ လုပ္မိတတ္ပါတယ္။

က်ေနာ္တို႔က ပြဲေတြမွာ အမွားမျဖစ္ရင္ျပီးေရာ မကစားပါဘူး။ စြန္႔စားမႈ မလုပ္ႏုိင္တဲ့ ကစားသမားေတြကို က်ေန္ာတို႔ မလိုခ်င္ဘူး။ က်ေန္ာတို႔ပြဲေတြမွာ ေနရာတိုင္းက ပင္ကိုယ္ လုပ္ႏုိင္စြမ္းေတြကို အေျခခံတယ္။ အဲ့တာကိုပဲ လိုခ်င္တယ္။

လူငယ္တစ္ေယာက္အျဖစ္ အေရးၾကီးဆံုး သင္ခန္းစားက ခ်ီးက်ဴးမႈနဲ႔ ေဝဖန္မႈေတြၾကားမွာ ညွပ္မိတာပါပဲ။ နီကိုးက ဒါကို အေကာင္းဆံုုး ကိုင္တြယ္ႏုိင္တယ္လို႔ ထင္ပါတယ္။ အသင္းသားေတြက သူနဲ႔ စကားေျပာထားတယ္။ မန္ေနဂ်ာကလည္း သူ႔နဲ႔ ေျပာထားပါတယ္။ ဒီကာလက သူေက်ာ္ျဖတ္ရမယ့္ ကာလျဖစ္ပါတယ္။ ခ်ီးက်ဴးတာေတြ၊ ေဝဖန္တာေတြမွာ ပိတ္မိေနလို႔ မရပါဘူး။ အဲ့လို လုပ္ၾကတာကလည္း လူငယ္ကစားသမား တစ္ဦးကို အကူအညီ မျဖစ္ေစပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးဂႏၱဝင္မန္ေနဂ်ာၾကီး ဘီရွန္ကေလက “အသင္းကို ရံွဴးေနခ်ိန္မွာ အားမေပးရင္ ႏုိင္ေနရင္လည္း အားမေပးပါနဲ႔ ” ဆိုတဲ့ နာမည္ေက်ာ္ စကားတစ္ခြန္းကို ခ်န္ေပးခဲ့ပါတယ္။ ဒီစကားဟာ ေနာက္ပိုင္းမွာ ပရီးမီးယားလိဂ္ မန္ေနဂ်ာေတြျဖစ္တဲ့ ဆာအဲလက္စ္တို႔ေတာင္ တုပေျပာဆိုရတဲ့ထိ အဂၤလန္ေဘာလံုးေလာကကို လႊမ္းမိုးမႈ ရွိခဲ့ပါေသးတယ္။