လီဗာပူးရဲ့ လက်ထောက်နည်းပြဖြစ်သူ ပပ်လင်ဒါးက အာဆင်နယ်နဲ့ ကာရာဘောင်းပွဲကြိုမှာ နည်းပြအဖွဲ့က သဘောကျနေတဲ့ လူငယ်လေးတွေအကြောင်း ထုတ်ပြောလာပါတယ်။

လီဗာပူးဟာ ကာရာဘောင်းနဲ့ အက်ဖ်အေလို ဖလားပွဲတွေမှာ မန်နေဂျာယာဂင်ကလော့ပ်အစား လက်ထောက်ဖြစ်သူ ပပ်လင်ဒါးကိုပဲ တက်ရောက်ခိုင်းပါတယ်။ လင်ဒါးက လူငယ်ရေးရာ စွမ်းဆောင်ရည်တိုးတက်မှုဆိုင်ရာ နည်းပြအဖြစ် ကနဦးက အလုပ်လုပ်ခဲ့သူဖြစ်ကာ သူဟာ လူငယ်ရေးရာတွေမှာ သိမြင်မှုများသူလည်းဖြစ်တယ်။

လင်ဒါးက ” ဘီလီက အသင်းမှာ လမ်းကြောင်းမှန်ပေါ် ရှိနေသူဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် အခုမှ အစပဲ ရှိပါသေးတယ်။ ကျနေ်ာတို့တွေ အရမ်း ဂရုစိုက်ပေးဖို့ လိုတဲ့သူပါ။ သူက ငယ်ရွယ်သေးတဲ့ ကောင်းလေးဖြစ်ပြီး ကိုယ်ဘာသာ နိမ့်ချတယ် ဒါပေမယ့် အလားအလာ သိပ်ကြီးမားပါတယ်။

စနေနေ့က မန်စီးတီး ယူ-၁၈ နဲ့ပွဲမှာ သူ့ကို မိနစ် ၆၀ ပါဝင်ကစားစေခဲ့တာက ကျန်းမာရေး ရှုထောင့်ကဖြစ်ပါတယ်။ သူ့မှာ သူ့ရဲ့ ကိုယ်ပိုင် တိုးတက်လာမှုရှိတယ်။ ဒီကနေ့ လူစာရင်းအတွက် ဆုံးဖြတ်ချက်တွေလုပ်ဖို့တော့ ကြည့်ရပါဦးမယ်။ သူ အာဆင်နယ်နဲ့ပွဲမှာ ပါနိုင်မလား ကြည့်ရမှာပါ ”

လင်ဒါး သဘောတွေ့နေတဲ့ နောက်ထပ် ကစားသမားတွေက ဂျုံးနဲ့ ဝီလီယမ်တို့ဖြစ်တယ်။ အထူးသဖြင့် ဂျုံးဟာ လီဗာပူးရဲ့ အနာဂတ်လို့ ဆိုနိုင်တဲ့သူဖြစ်တယ်။ ကလော့ပ်နဲ့ နည်းပြအဖွဲ့ဝင်တွေက သူ့ကို အတော်လေး မြင်ထားပြီး ပွဲတွေကို ခပ်ဖြေးဖြေး မိတ်ဆက်ပေးလာနေပါတယ်။

ပပ်လင်ဒါးကပဲ ” ကာတစ်ဂျုံးကလည်း ကျနေ်ာတို့ အရမ်းကြိုက်တဲ့ ပုံစံမျိုးပါပဲ။ သူက အတော်လေး ရဲရင့်တယ်။ ကိုယ်ဘာသာ ယုံကြည်မှု ပြင်းထန်သလို သတ္တိလည်းရှိတယ်။ လေ့ကျင့်ရေးကနေ စစ်မှန်တဲ့ ကိုယ်ဘာသာ ယုံကြည်မှုဗတွ ရလာတယ်။ အာရုံစိုက် သင်ယူမှုတွေကနေ စိတ်ဓါတ်ပိုင်း တိုးတက်လာတယ်။

သူက ကျနေ်ာတို့အသင်းမှာ တိုက်စစ်ကို အားအသန်ဆုံး ကွင်းလယ်လူတောင် ဖြစ်ကောင်းဖြစ်ပါမယ်။ ကွင်းလယ်ကနေ ဧရိယာအတွင်းကို ဝင်ရောက်သွားနိုင်တဲ့ ကစားသမားလည်းဖြစ်တယ်။ သူက ရဲဝင့်စွာ ကစားတတ်ပြီး ဒီလို ငယ်ရွယ်တဲ့ သွေးသစ်လေးတွေက ကျနေ်ာတို့အတွက် အကူအညီဖြစ်ပါတယ်။

ကျနော် ပြောခဲ့သလိုပါပဲ။ ဒီငယ်ရွယ်တဲ့ ကောင်းလေးတွေဖြစ်တဲ့ ဂျုံး၊ နီကိုးတို့ဟာ အလားအလာရှိတဲ့ ကစားသမားအဆင့်မှာ မဟုတ်ပါဘူး။ သူတို့က အသင်းအဖွဲ့သား စစ်စစ်တွေ ဖြစ်လာနေပါပြီ။ သူတို့ရဲ့ ခရီးလမ်းအတွက် ကျနေ်ာတို့ ပျော်မိတယ်။ ကာတစ်ဂျုံးဟာ ဒီမြို့က ကောင်လေးဖြစ်ပြီး လီဗာပူးသားတွေရဲ့ စိတ်ဓါတ်ပြင်းထန်မှုနဲ့ ရည်မှန်းချက်တွေ ရှိသူဖြစ်တယ်။ ဒါကို ကျနော် အတော်လေး သဘောကျပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ လက္ေထာက္နည္းျပျဖစ္သူ ပပ္လင္ဒါးက အာဆင္နယ္နဲ႔ ကာရာေဘာင္းပြဲႀကိဳမွာ နည္းျပအဖြဲ႕က သေဘာက်ေနတဲ့ လူငယ္ေလးေတြအေၾကာင္း ထုတ္ေျပာလာပါတယ္။

လီဗာပူးဟာ ကာရာေဘာင္းနဲ႔ အက္ဖ္ေအလို ဖလားပြဲေတြမွာ မန္ေနဂ်ာယာဂင္ကေလာ့ပ္အစား လက္ေထာက္ျဖစ္သူ ပပ္လင္ဒါးကိုပဲ တက္ေရာက္ခိုင္းပါတယ္။ လင္ဒါးက လူငယ္ေရးရာ စြမ္းေဆာင္ရည္တိုးတက္မႈဆိုင္ရာ နည္းျပအျဖစ္ ကနဦးက အလုပ္လုပ္ခဲ့သူျဖစ္ကာ သူဟာ လူငယ္ေရးရာေတြမွာ သိျမင္မႈမ်ားသူလည္းျဖစ္တယ္။

လင္ဒါးက ” ဘီလီက အသင္းမွာ လမ္းေၾကာင္းမွန္ေပၚ ရွိေနသူဆိုတာ ရွင္းပါတယ္။ ဒါေပမယ့္ အခုမွ အစပဲ ရွိပါေသးတယ္။ က်ေန္ာတို႔ေတြ အရမ္း ဂ႐ုစိုက္ေပးဖို႔ လိုတဲ့သူပါ။ သူက ငယ္႐ြယ္ေသးတဲ့ ေကာင္းေလးျဖစ္ၿပီး ကိုယ္ဘာသာ နိမ့္ခ်တယ္ ဒါေပမယ့္ အလားအလာ သိပ္ႀကီးမားပါတယ္။

စေနေန႔က မန္စီးတီး ယူ-၁၈ နဲ႔ပြဲမွာ သူ႔ကို မိနစ္ ၆၀ ပါဝင္ကစားေစခဲ့တာက က်န္းမာေရး ရႈေထာင့္ကျဖစ္ပါတယ္။ သူ႔မွာ သူ႔ရဲ႕ ကိုယ္ပိုင္ တိုးတက္လာမႈရွိတယ္။ ဒီကေန႔ လူစာရင္းအတြက္ ဆုံးျဖတ္ခ်က္ေတြလုပ္ဖို႔ေတာ့ ၾကည့္ရပါဦးမယ္။ သူ အာဆင္နယ္နဲ႔ပြဲမွာ ပါႏိုင္မလား ၾကည့္ရမွာပါ ”

လင္ဒါး သေဘာေတြ႕ေနတဲ့ ေနာက္ထပ္ ကစားသမားေတြက ဂ်ဳံးနဲ႔ ဝီလီယမ္တို႔ျဖစ္တယ္။ အထူးသျဖင့္ ဂ်ဳံးဟာ လီဗာပူးရဲ႕ အနာဂတ္လို႔ ဆိုႏိုင္တဲ့သူျဖစ္တယ္။ ကေလာ့ပ္နဲ႔ နည္းျပအဖြဲ႕ဝင္ေတြက သူ႔ကို အေတာ္ေလး ျမင္ထားၿပီး ပြဲေတြကို ခပ္ေျဖးေျဖး မိတ္ဆက္ေပးလာေနပါတယ္။

ပပ္လင္ဒါးကပဲ ” ကာတစ္ဂ်ဳံးကလည္း က်ေန္ာတို႔ အရမ္းႀကိဳက္တဲ့ ပုံစံမ်ိဳးပါပဲ။ သူက အေတာ္ေလး ရဲရင့္တယ္။ ကိုယ္ဘာသာ ယုံၾကည္မႈ ျပင္းထန္သလို သတၱိလည္းရွိတယ္။ ေလ့က်င့္ေရးကေန စစ္မွန္တဲ့ ကိုယ္ဘာသာ ယုံၾကည္မႈဗတြ ရလာတယ္။ အာ႐ုံစိုက္ သင္ယူမႈေတြကေန စိတ္ဓါတ္ပိုင္း တိုးတက္လာတယ္။

သူက က်ေန္ာတို႔အသင္းမွာ တိုက္စစ္ကို အားအသန္ဆုံး ကြင္းလယ္လူေတာင္ ျဖစ္ေကာင္းျဖစ္ပါမယ္။ ကြင္းလယ္ကေန ဧရိယာအတြင္းကို ဝင္ေရာက္သြားႏိုင္တဲ့ ကစားသမားလည္းျဖစ္တယ္။ သူက ရဲဝင့္စြာ ကစားတတ္ၿပီး ဒီလို ငယ္႐ြယ္တဲ့ ေသြးသစ္ေလးေတြက က်ေန္ာတို႔အတြက္ အကူအညီျဖစ္ပါတယ္။

က်ေနာ္ ေျပာခဲ့သလိုပါပဲ။ ဒီငယ္႐ြယ္တဲ့ ေကာင္းေလးေတြျဖစ္တဲ့ ဂ်ဳံး၊ နီကိုးတို႔ဟာ အလားအလာရွိတဲ့ ကစားသမားအဆင့္မွာ မဟုတ္ပါဘူး။ သူတို႔က အသင္းအဖြဲ႕သား စစ္စစ္ေတြ ျဖစ္လာေနပါၿပီ။ သူတို႔ရဲ႕ ခရီးလမ္းအတြက္ က်ေန္ာတို႔ ေပ်ာ္မိတယ္။ ကာတစ္ဂ်ဳံးဟာ ဒီၿမိဳ႕က ေကာင္ေလးျဖစ္ၿပီး လီဗာပူးသားေတြရဲ႕ စိတ္ဓါတ္ျပင္းထန္မႈနဲ႔ ရည္မွန္းခ်က္ေတြ ရွိသူျဖစ္တယ္။ ဒါကို က်ေနာ္ အေတာ္ေလး သေဘာက်ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။