ရော်ဘတ်ဆန်ဟာ မကြာသေးခင်ကပဲ Now You’re Gonna Believe Us ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပြီဖြစ်ပါတယ်။

တစ်ချိန်က စကော်တလန်မှာ အလုပ်မရှိ၊ ငွေမရှိ၊ နာမည် ထင်ပေါ်ကျော်ကြားခြင်းမရှိတာကြောင့် ‘ဘဝက ပိုက်ဆံမရှိရင် အလကားပဲ’ ဆိုခဲ့တဲ့ ကောင်လေးဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့ကို ကိုင်မြောက်နိုင်ခဲ့သူတစ်ဦး ဖြစ်လာခဲ့ပါပြီ။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ရိုဘိုဟာ ငယ်ရွယ်တဲ့ လူငယ်တွေတိုင်းရဲ့ စံပြဖြစ်ပြီး ဘဝမှာ ခက်ခဲမှုတွေကို ရင်ဆိုင်နေရသူတိုင်းက ဘယ်တော့မှ အရံှူးမပေးတဲ့ ရိုဘိုကို လေ့လာသင်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ဟန်ဒါဆန်က “ ၂၀၁၇ မှာ ရိုဘိုက လီဗာပူးကို ရောက်လာခဲ့ပြီး ဒီကနေ့ ရိုဘိုကတော့ အများကြီး ကွာခြားသွားပါပြီ။ ဒါပေမယ့် လူပုဂ္ဂိုလ်အဖြစ် သူက မပြောင်းလဲသွားပါဘူး။ တူညီတဲ့ ပင်ကိုယ်စရိုက်နဲ့ ခံယူချက်တွေက ရှိနေဆဲပါ။ ပရော်ဖက်ရှင်နယ်အဖြစ် သူက အများကြီး တိုးတက်လာခဲ့ပြီး သူ့ရဲ့ နေရာမှာ ကမ္ဘာအဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။

ရိုဘိုက အသင်းကို စရောက်လာတုန်းက သူ့ဘာသာလည်း မယုံကြည်ခဲ့ဘူး။ သူ့အပေါ်မှာ သံသယတွေ အများကြီး ရှိခဲ့သလို သူဘာသာလည်း သံသယတွေ ရှိနေခဲ့တယ်။ ကျနေ်ာတို့ အားလုံးက ဒါကို ရင်ဆိုင်ခဲ့ရပါတယ်။ ကျနော်လည်း ဒါကို ရင်ဆိုင်ခဲ့ရသလို ကျနေ်ာတို့ရဲ့ အသင်းဖော်တွေကလည်း ဒါကို ရင်ဆိုင်ကြရမှာပါ။

ဒီအခြေအနေကို ဘယ်လို တုန့်ပြန်မလဲက အရေးကြီးပါတယ်။ ရိုဘိုဟာ ငယ်ရွယ်တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေကို နာကျင်မှုတွေကနေ ပြန်လည်တုန့်ပြန်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်ဆိုတဲ့ အသိကို ပေးသူဖြစ်ပါတယ်။

ဘောလုံးဆိုတဲ့ ပရော်ဖက်ရှင်နယ် အားကစားမှာ မအောင်မြင်ခင်မှာပဲ ကျဆုံးသွားတဲ့သူတွေ အများကြီးပါ။ ကျဆုံးတယ်လို့ ကျနော် ပြောတာက သူတိုက လုံလောက်အောင် မကောင်းလို့၊ ပုဂ္ဂိုလ်ရေးတွေ မကောင်းလို့ဆိုပြီး တိုက်ခိုက်တာ မဟုတ်ဘူး။ လုံလောက်အောင် မကောင်းဘူးလို့ မှတ်ချက်ပေးခဲ့ရတာတွေက ကျနေ်ာတို့ အဝတ်လဲခန်းမှာရှိတဲ့ ကစားသမားတိုင်း ရင်ဆိုင်ခဲ့ဖူးကြပါတယ်။

အဲ့အခြေအနေကနေ ပြန်လာဖို့က မဖြစ်နိုင်လောက်တဲ့ ကိစ္စကြီး ဖြစ်ဖို့ မလိုပါဘူး။ စိတ်ပိုင်းဖြတ်မှု၊ အရည်အချင်းနဲ့ မဆုတ်မနစ် ကြိုးစားခြင်းတွေပဲ လိုအပ်တာ ဖြစ်ပါတယ်။ နောက်ပြီး ကံကောင်းခြင်းနဲ့ ကိုယ်ကို ပရိသတ်တွေက အားပေး ကူညီမှုပဲ လိုပါတယ်။ အားလုံးက လက်တွေ့ဘဝရဲ့ ရောင်ပြန်ဟပ်မှုတွေဖြစ်ပါတယ် ဒဏ္ဍာရီလာပုံပြင်တွေ မဟုတ်ပါဘူး။

တနင်္လာနေ့က အာဆင်နယ်နဲ့ပွဲကိုပဲ ကြည့်လေ။ ရိုဘိုက ပထမဆုံး ဂိုးပေးရမှုမှာ ပါဝင်ခဲ့တယ်။ သူက ပွဲကို ဆက်လက် အာရုံစိုက်ခဲ့တာကြောင့် သွင်းဂိုးတောင် ပြန်သွင်းနိုင်ခဲ့တယ်။ ဒီလို မဆုတ်မနစ် ကြိုးစားမှုက ရိုဘိုရဲ့ ပုံစံပါပဲ။ အမှားတစ်ခုအတွက် မကောင်းမြင်နေတာမျိုး မလုပ်ဘဲ စိတ်ဓါတ်ပိုင်း ကြံ့ခိုင်မှုက သူ့ရဲ့ အားသာချက်ဖြစ်ပါတယ်။

ဘောလုံးမှာကော လူနေမှုဘဝမှာပါ ငယ်ရွယ်တဲ့ ဘဝမှာ ခက်ခဲမှုတွေ ရင်ဆိုင်ခဲ့ရတဲ့ ရိုဘိုလို လူငယ်တွေ အများကြီး ရှိကြပါလိမ့်မယ်။ အခွင့်အရေးတွေက ကိုယ်ရဲ့ အဝေးမှာဖြစ်ပြီး တက်လမ်းတွေအားလုံးက ပိတ်နေခဲ့ကြတယ်။ အောင်မြင်မှုဆိုတာက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်။

လူတိုင်းက ကြိုးစားတိုင်းလည်း ထင်တိုင်းမပေါက်နိုင်ပါဘူး။ ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ အတူရှိခဲ့သူတွေကိုလည်း အမြဲ ထိန်းထားနိုင်လောက်အောင် လူတိုင်း ကံမကောင်းပါဘူး။ ဒါပေမယ့် ဘယ်တော့မှ အရံှူးမပေးဘဲ ရှေ့ဆက်ကြိုးစားနေဖို့ လိုပါတယ်။ ” လို့ တိုက်တွန်းခဲ့ပါတယ်။

ZAWGYI

ေရာ္ဘတ္ဆန္ဟာ မၾကာေသးခင္ကပဲ Now You’re Gonna Believe Us ဆိုတဲ့ စာအုပ္ကို ထုတ္ေဝခဲ့ျပီျဖစ္ပါတယ္။

တစ္ခ်ိန္က စေကာ္တလန္မွာ အလုပ္မရွိ၊ ေငြမရွိ၊ နာမည္ ထင္ေပၚေက်ာ္ၾကားျခင္းမရွိတာေၾကာင့္ ‘ဘဝက ပိုက္ဆံမရွိရင္ အလကားပဲ’ ဆိုခဲ့တဲ့ ေကာင္ေလးဟာ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားတိုင္းရဲ႕ အိပ္မက္ျဖစ္တဲ့ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္တို႔ကို ကိုင္ေျမာက္ႏုိင္ခဲ့သူတစ္ဦး ျဖစ္လာခဲ့ပါျပီ။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ရိုဘိုဟာ ငယ္ရြယ္တဲ့ လူငယ္ေတြတိုင္းရဲ႕ စံျပျဖစ္ျပီး ဘဝမွာ ခက္ခဲမႈေတြကို ရင္ဆိုင္ေနရသူတိုင္းက ဘယ္ေတာ့မွ အရံွဴးမေပးတဲ့ ရိုဘိုကို ေလ့လာသင္ယူဖို႔ တိုက္တြန္းခဲ့ပါတယ္။

ဟန္ဒါဆန္က “ ၂၀၁၇ မွာ ရိုဘိုက လီဗာပူးကို ေရာက္လာခဲ့ျပီး ဒီကေန႔ ရိုဘိုကေတာ့ အမ်ားၾကီး ကြာျခားသြားပါျပီ။ ဒါေပမယ့္ လူပုဂၢိဳလ္အျဖစ္ သူက မေျပာင္းလဲသြားပါဘူး။ တူညီတဲ့ ပင္ကိုယ္စရိုက္နဲ႔ ခံယူခ်က္ေတြက ရွိေနဆဲပါ။ ပေရာ္ဖက္ရွင္နယ္အျဖစ္ သူက အမ်ားၾကီး တိုးတက္လာခဲ့ျပီး သူ႔ရဲ႕ ေနရာမွာ ကမၻာအဆင့္ကို ေရာက္ေနျပီ ျဖစ္ပါတယ္။

ရိုဘိုက အသင္းကို စေရာက္လာတုန္းက သူ႔ဘာသာလည္း မယံုၾကည္ခဲ့ဘူး။ သူ႕အေပၚမွာ သံသယေတြ အမ်ားၾကီး ရွိခဲ့သလို သူဘာသာလည္း သံသယေတြ ရွိေနခဲ့တယ္။ က်ေန္ာတို႔ အားလံုးက ဒါကို ရင္ဆိုင္ခဲ့ရပါတယ္။ က်ေနာ္လည္း ဒါကို ရင္ဆိုင္ခဲ့ရသလို က်ေန္ာတုိ႔ရဲ႕ အသင္းေဖာ္ေတြကလည္း ဒါကို ရင္ဆိုင္ၾကရမွာပါ။

ဒီအေျခအေနကို ဘယ္လို တုန္႔ျပန္မလဲက အေရးၾကီးပါတယ္။ ရိုဘိုဟာ ငယ္ရြယ္တဲ့ ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြကို နာက်င္မႈေတြကေန ျပန္လည္တုန္႔ျပန္ျပီး စိန္ေခၚမႈေတြကို ရင္ဆိုင္ရမယ္ဆိုတဲ့ အသိကို ေပးသူျဖစ္ပါတယ္။

ေဘာလံုးဆိုတဲ့ ပေရာ္ဖက္ရွင္နယ္ အားကစားမွာ မေအာင္ျမင္ခင္မွာပဲ က်ဆံုးသြားတဲ့သူေတြ အမ်ားၾကီးပါ။ က်ဆံုးတယ္လို႔ က်ေနာ္ ေျပာတာက သူတိုက လံုေလာက္ေအာင္ မေကာင္းလို႔၊ ပုဂၢိဳလ္ေရးေတြ မေကာင္းလို႔ဆိုျပီး တိုက္ခိုက္တာ မဟုတ္ဘူး။ လံုေလာက္ေအာင္ မေကာင္းဘူးလို႔ မွတ္ခ်က္ေပးခ့ဲရတာေတြက က်ေန္ာတို႔ အဝတ္လဲခန္းမွာရွိတဲ့ ကစားသမားတိုင္း ရင္ဆိုင္ခဲ့ဖူးၾကပါတယ္။

အဲ့အေျခအေနကေန ျပန္လာဖို႔က မျဖစ္ႏုိင္ေလာက္တဲ့ ကိစၥၾကီး ျဖစ္ဖို႔ မလိုပါဘူး။ စိတ္ပိုင္းျဖတ္မႈ၊ အရည္အခ်င္းနဲ႔ မဆုတ္မနစ္ ၾကိဳးစားျခင္းေတြပဲ လိုအပ္တာ ျဖစ္ပါတယ္။ ေနာက္ျပီး ကံေကာင္းျခင္းနဲ႔ ကိုယ္ကို ပရိသတ္ေတြက အားေပး ကူညီမႈပဲ လိုပါတယ္။ အားလံုးက လက္ေတြ႔ဘဝရဲ႕ ေရာင္ျပန္ဟပ္မႈေတြျဖစ္ပါတယ္ ဒ႑ာရီလာပံုျပင္ေတြ မဟုတ္ပါဘူး။

တနလၤာေန႔က အာဆင္နယ္နဲ႔ပြဲကိုပဲ ၾကည့္ေလ။ ရိုဘိုက ပထမဆံုး ဂိုးေပးရမႈမွာ ပါဝင္ခဲ့တယ္။ သူက ပြဲကို ဆက္လက္ အာရံုစိုက္ခဲ့တာေၾကာင့္ သြင္းဂိုးေတာင္ ျပန္သြင္းႏုိင္ခဲ့တယ္။ ဒီလို မဆုတ္မနစ္ ၾကိဳးစားမႈက ရိုဘိုရဲ႕ ပံုစံပါပဲ။ အမွားတစ္ခုအတြက္ မေကာင္းျမင္ေနတာမ်ိဳး မလုပ္ဘဲ စိတ္ဓါတ္ပိုင္း ၾကံ႕ခိုင္မႈက သူ႔ရဲ႕ အားသာခ်က္ျဖစ္ပါတယ္။

ေဘာလံုးမွာေကာ လူေနမႈဘဝမွာပါ ငယ္ရြယ္တဲ့ ဘဝမွာ ခက္ခဲမႈေတြ ရင္ဆိုင္ခဲ့ရတဲ့ ရိုဘိုလို လူငယ္ေတြ အမ်ားၾကီး ရွိၾကပါလိမ့္မယ္။ အခြင့္အေရးေတြက ကိုယ္ရဲ႕ အေဝးမွာျဖစ္ျပီး တက္လမ္းေတြအားလံုးက ပိတ္ေနခဲ့ၾကတယ္။ ေအာင္ျမင္မႈဆိုတာက ဘယ္ေတာ့မွ ျဖစ္လာမွာ မဟုတ္ဘူးလို႔ ယူဆခဲ့ၾကတယ္။

လူတိုင္းက ၾကိဳးစားတိုင္းလည္း ထင္တိုင္းမေပါက္ႏုိင္ပါဘူး။ ခက္ခဲတဲ့ အခိုက္အတန္႔ေတြမွာ အတူရွိခဲ့သူေတြကိုလည္း အျမဲ ထိန္းထားႏုိင္ေလာက္ေအာင္ လူတိုင္း ကံမေကာင္းပါဘူး။ ဒါေပမယ့္ ဘယ္ေတာ့မွ အရံွဴးမေပးဘဲ ေရွ႔ဆက္ၾကိဳးစားေနဖို႔ လိုပါတယ္။ ” လို႔ တိုက္တြန္းခဲ့ပါတယ္။