ဒီကနေ့ည မြန်မာစံတော်ချိန် ၁း၁၅ မှာတော့ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ကာရာဘောင်းဖလားမှာ ထိပ်တိုက်တွေ့ကြဦးမှာဖြစ်ပါတယ်။

တနင်္လာနေ့က ထိပ်တိုက်တွေ့မှုမှာ လီဗာပူးက ၃-၁ နဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ တူညီတဲ့ လူစာရင်းကို ထုတ်သုံးမှာ မဟုတ်ဘဲ လူငယ်နဲ့ ဝါရင့်တွေကို တွဲဘက်စေတဲ့ အစုအဖွဲ့ကို မြင်ရပါလိမ့်မယ်။

လီဗာပူးက ကလပ်ရဲ့ နာမည်ကျော် လူငယ်စတားတွေကို မီလ်နာ၊ ရှာကွီရီ၊ မီနာမီနို၊ အိုရီဂီတို့လို ကစားသမားတွေနဲ့ တွဲဘက်စေမှာဖြစ်တယ်။ တိုက်စစ်သမား ဂျိုတာ ပါဝင်ကစားမယ်လို့ မျှော်လင့်ရပြီး လူတိုင်းကတော့ ကာတစ်ဂျုံးတို့ရဲ့ ခြေစွမ်းတွေကို ထပ်မြင်လိုနေပါတယ်။

မိုင်ကယ်အိုဝင်က ” ဒီနှစ်သင်းဟာ တစ်ပတ်အတွင်းမှာ ဒုတိယအကြိမ်မြောက် ထိပ်တိုက်တွေ့ကြတာ ဖြစ်ပါတယ်။ တနင်္လာနေ့က အန်ဖီးမှာ ယှဉ်ပြိုင်ကစားတဲ့ ရင်ဆိုင်ပွဲမှာ လီဗာပူးက ဘဝင်ခိုက်လောက်တဲ့ ပုံစံတွေဖြင့် ကစားပြခဲ့ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း တူညီတဲ့ အနေအထားတွေကို ပိုမို မြင်တွေ့ရဦးမယ်လို့ ထင်ပါတယ်။ အာဆင်နယ်က လီဗာပူးကို ပြဿနာတွေ ပေးနိုင်စွမ်းတော့ ရှိပါတယ်။ ဒါပေမယ့်လို့ ချန်ပီယံတွေက အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားဖို့အတွက်က သိပ်ကောင်းလွန်းခဲ့တယ်။

ဒီနေ့ပွဲမှာ နှစ်သင်းလုံးက ခြားနားတဲ့ ပွဲထွက် လူစာရင်းကို အသုံးပြုလာနိုင်ပါတယ်။ အာဆင်နယ်က လီဗာပူးကို နီးနီးကပ်ကပ် ယှဉ်ပြိုင်နိုင်မယ်လို့ ထင်ပေမယ့် လီဗာပူးကပဲ နှားတစ်ဖျားအသာနဲ့ အနိုင်ရသွားမှာ ဖြစ်ပါတယ် ” လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

ZAWGYI





