ဒီကနေ့မှာ ကမ္ဘာအကောင်းဆုံး မန်နေဂျာလို့ အားလုံးက လက်ခံတဲ့ ကလော့ပ်ဟာ လီဗာပူးကို မရောက်လာခင်တည်းက ကိုယ်ပိုင် နာမည်တစ်လုံးနဲ့ နေတဲ့သူဖြစ်တယ်။ အထူးသဖြင့် သူ့ရဲ့ ကစားဟန်ကို ဟဲဗီးမက်တယ်လို့ ပြောကြပါတယ်။ အဲ့လိုပြောရတာက သူကိုယ်တိုင်က နှုတ်ကနေ ထုတ်ပြောခဲ့သလို့ ဖြစ်ပါတယ်။

အဲ့တုန်းက ကလော့ပ်က လီဗာပူးမန်နေဂျာ မဟုတ်သေးပါဘူး။ သူရဲ့ ကစားဟန်က ဟဲဗီးမက်တယ်ပါလို့ ပြောတဲ့ ၂၀၁၃ လောက်မှာ သူက ဘွန်ဒက်လီဂါမှာ ဒေါ့မွန်နဲ့ လွမ်းမိုးနေချိန်ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး သူက ပရီးမီးယားလိဂ်ရဲ့ လူရိုသေ မန်နေဂျာကြီး အာဆင်ဝင်းဂါးရဲ့ အသင်းကိုပါ အနိုင်ယူပြခဲ့တယ်။

အဲ့တုန်းက အာဆင်နယ်ကစားကွက်က သိပ်လှပါတယ်။ ဘာစီလိုနာပြီးရင် ပေးချက်တွေနဲ့ သိပ်ကောင်းအောင် ကစားခဲ့တာ အာဆင်နယ်ပါပဲ။ ပိုင်ဆိုင်မှုကောင်းကောင်းနဲ့ အတို့အထိတွေနဲ့ ကစားတာပါ။ ဒါပေမယ့် အဲ့လို ကစားတာကို ကလော့ပ်က မကြိုက်ပါဘူး။ သူက အဲ့လို ကစားရတာ ပျင်းတယ်။

ဂါးဒီးယန်း သတင်းဌာနဲ့နဲ့ အင်တာဗျူးမှာ ယာဂင်က ဒီလို ပြောခဲ့တယ် “ သူက ဆာ အာဆင်ဝင်းဂါးလေကွာ။ သူက တကယ်ကို ထူးချွန်တဲ့ မန်နေဂျာတစ်ယောက်၊ ငါ သူ့ကို နှစ်သက်တာပေါ့။ သူက လူချင်းတွေ့ရင် ဟဲလို ဆိုပြီး သိမ်မွေ့စွာကို လက်ဆွဲနုတ်ဆက်တတ်တဲ့ လူကြီးလူကောင်းတစ်ယောက်၊ ငါဆိုတဲ့ကောင်က လူချင်းတွေ့ရင် လက်ဆွဲနုတ်ဆက်တာအစား လက်ချင်းရိုက်ပြီး အားမာန်ပါပါ နုတ်ဆက်တဲ့သူကွာ။

အာဆင်ဝင်းဂါးက ဘောလုံးကို ကိုင်ကစားရတာ၊ ပေးကစားရတာ ကြိုက်တယ်။ သံစုံသီးဝိုင်းလို ပေါ့ ဒါပေမယ့် တိုးတိတ်ငြင်သာတဲ့ သီချင်းတစ်ပုဒ်လိုပဲ။ ငါက ဟဲဗီးမက်တယ်ကို ပိုကြိုက်တယ်။ ငါက ဆူဆူညံညံ သီးချင်းသံတွေကိုပဲ ကြိက်တယ် ” လို့ဖြစ်တယ်။

ကလော့ပ်ကပဲ ဆက်ပြီး “ အာဆင်နယ်ရဲ့ ဘောလုံးအတွေးအမြင်ကို ငါကြိုက်ပါတယ်။ ငါ သဘောလည်းကျတယ် ဒါပေမယ့် ငါကတော့ အဲ့လို နည်းပြမှာ မဟုတ်ဘူး။ ငါက ခြားနားတဲ့သူတစ်ဦးပါ။ ငါတို့ရဲ့ပွဲတွေကို ကြည့်မယ်ဆိုရင် ဘောလုံးကို ဖိအားပေးမှု အောင်မြင်တိုင်းကို ငါက အောင်ပွဲခံနေတာကို မင်းတို့ မြင်ရပါမယ်။

ဘောလုံးပိုင်ဆိုင်မှုကို ၈၀% လောက် ကိုင်ထားတာကို သဘောမကျဘူး။ စိတ်တော့မကောင်းဘူး အဲ့တာက ငါ့အတွက် မလုံလောက်ဘူး။ သောကမများစေဘဲ တိုက်ခိုက်နေတဲ့ ဘောလုံးကစားဟန်ကိုပဲ ငါကြိုက်တယ်။ အရေးကြီးတဲ့ အချက်အလက်တော့ မဟုတ်ပေမယ့် ငါတို့က ကွင်းထဲမှာ ပြိုင်ဘက်ထက် ပိုပြေးခဲ့တယ်လို့ ကြားရရင်ကို ငါ ကျေနပ်တယ်။ ဒီလို လုပ်နိုင်ရင် ပိုပြီး လေးစားခံရသလို ပိုပြီးလည်း အောင်မြင်နိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

၂၀၁၅ မှာ ဘရန်ဒန်ရော်ဂျာရဲ့ ထိုင်ခုံ လှုပ်လာတော့ လီဗာပူးပရိသတ်တွေ ကြွေးကြော်တာက ‘Klopp for the Kop’ ပါ။ သူက လီဗာပူးကို ရောက်လာအပြီးမှာ ၄ နှစ်အတွင်း one title ယူပေးမယ်လို့ ပြောခဲ့တယ်။ မယူနိုင်ခဲ့ရင် the next one maybe Switzerland ဆိုပြီး သူ့ကို ယုံပေးကြဖို့ ဆိုခဲ့တာပါ။

အဲ့ကာလတွေမှာ စကားတစ်ခွန်းက အရမ်း ခေတ်စားခဲ့ပါတယ်။ ယာဂင်ကလော့ပ်က ခုန်ဟေ့လို့ တစ်ခွန်းပြောရင် လီဗာပူးပရိသတ်တွေ တူညီစွာ ပြန်တုန့်ပြန်မှာက ငါတို့ ဘယ်လောက်ထိ ခုန်ပေးရမလဲဆိုပြီး နောက်က လိုက်ပေးကြလိမ့်မယ်လို့ ဖြစ်ပါတယ်။

ယာဂင်ဟာ သူ့ရဲ့ အတွေးအမြင်ကို လီဗာပူးမှာတော့ အမြင့်ဆုံးအဆင့်ထိ ရောက်အောင် ကြိုးစားနိုင်ခဲ့ပြီး ဒီကနေ့မှာတော့ သူ့ရဲ့ ဖိအားပေးကစားဟန်ဟာ ဘောလုံးလောကရဲ့ လူကြိုက်အများဆုံး ကစားဟန် ဖြစ်လာခဲ့ပါပြီ။

ZAWGYI

ဒီကေန႔မွာ ကမၻာအေကာင္းဆံုး မန္ေနဂ်ာလို႔ အားလံုးက လက္ခံတဲ့ ကေလာ့ပ္ဟာ လီဗာပူးကို မေရာက္လာခင္တည္းက ကိုယ္ပိုင္ နာမည္တစ္လံုးနဲ႔ ေနတဲ့သူျဖစ္တယ္။ အထူးသျဖင့္ သူ႔ရဲ႕ ကစားဟန္ကို ဟဲဗီးမက္တယ္လို႔ ေျပာၾကပါတယ္။ အဲ့လိုေျပာရတာက သူကိုယ္တိုင္က ႏႈတ္ကေန ထုတ္ေျပာခဲ့သလို႔ ျဖစ္ပါတယ္။

အဲ့တုန္းက ကေလာ့ပ္က လီဗာပူးမန္ေနဂ်ာ မဟုတ္ေသးပါဘူး။ သူရဲ႕ ကစားဟန္က ဟဲဗီးမက္တယ္ပါလို႔ ေျပာတဲ့ ၂၀၁၃ ေလာက္မွာ သူက ဘြန္ဒက္လီဂါမွာ ေဒါ့မြန္နဲ႔ လြမ္းမိုးေနခ်ိန္ျဖစ္ပါတယ္။ ဒါတင္ မကေသးပါဘူး သူက ပရီးမီးယားလိဂ္ရဲ႕ လူရိုေသ မန္ေနဂ်ာၾကီး အာဆင္ဝင္းဂါးရဲ႕ အသင္းကိုပါ အႏုိင္ယူျပခဲ့တယ္။

အဲ့တုန္းက အာဆင္နယ္ကစားကြက္က သိပ္လွပါတယ္။ ဘာစီလိုနာျပီးရင္ ေပးခ်က္ေတြနဲ႔ သိပ္ေကာင္းေအာင္ ကစားခဲ့တာ အာဆင္နယ္ပါပဲ။ ပိုင္ဆိုင္မႈေကာင္းေကာင္းနဲ႔ အတို႔အထိေတြနဲ႔ ကစားတာပါ။ ဒါေပမယ့္ အဲ့လို ကစားတာကို ကေလာ့ပ္က မၾကိဳက္ပါဘူး။ သူက အဲ့လို ကစားရတာ ပ်င္းတယ္။

ဂါးဒီးယန္း သတင္းဌာနဲ႔နဲ႔ အင္တာဗ်ဴးမွာ ယာဂင္က ဒီလို ေျပာခဲ့တယ္ “ သူက ဆာ အာဆင္ဝင္းဂါးေလကြာ။ သူက တကယ္ကို ထူးခၽြန္တဲ့ မန္ေနဂ်ာတစ္ေယာက္၊ ငါ သူ႔ကို ႏွစ္သက္တာေပါ့။ သူက လူခ်င္းေတြ႔ရင္ ဟဲလို ဆိုျပီး သိမ္ေမြ႔စြာကို လက္ဆြဲႏုတ္ဆက္တတ္တဲ့ လူၾကီးလူေကာင္းတစ္ေယာက္၊ ငါဆိုတဲ့ေကာင္က လူခ်င္းေတြ႔ရင္ လက္ဆြဲႏုတ္ဆက္တာအစား လက္ခ်င္းရိုက္ျပီး အားမာန္ပါပါ ႏုတ္ဆက္တဲ့သူကြာ။

အာဆင္ဝင္းဂါးက ေဘာလံုးကို ကိုင္ကစားရတာ၊ ေပးကစားရတာ ၾကိဳက္တယ္။ သံစံုသီးဝုိင္းလို ေပါ့ ဒါေပမယ့္ တိုးတိတ္ျငင္သာတဲ့ သီခ်င္းတစ္ပုဒ္လိုပဲ။ ငါက ဟဲဗီးမက္တယ္ကို ပိုၾကိဳက္တယ္။ ငါက ဆူဆူညံညံ သီးခ်င္းသံေတြကိုပဲ ၾကိက္တယ္ ” လို႔ျဖစ္တယ္။

ကေလာ့ပ္ကပဲ ဆက္ျပီး “ အာဆင္နယ္ရဲ႕ ေဘာလံုးအေတြးအျမင္ကို ငါၾကိဳက္ပါတယ္။ ငါ သေဘာလည္းက်တယ္ ဒါေပမယ့္ ငါကေတာ့ အဲ့လို နည္းျပမွာ မဟုတ္ဘူး။ ငါက ျခားနားတဲ့သူတစ္ဦးပါ။ ငါတို႔ရဲ႕ပြဲေတြကို ၾကည့္မယ္ဆိုရင္ ေဘာလံုးကို ဖိအားေပးမႈ ေအာင္ျမင္တိုင္းကို ငါက ေအာင္ပြဲခံေနတာကို မင္းတို႔ ျမင္ရပါမယ္။

ေဘာလံုးပိုင္ဆိုင္မႈကို ၈၀% ေလာက္ ကိုင္ထားတာကို သေဘာမက်ဘူး။ စိတ္ေတာ့မေကာင္းဘူး အဲ့တာက ငါ့အတြက္ မလံုေလာက္ဘူး။ ေသာကမမ်ားေစဘဲ တိုက္ခိုက္ေနတဲ့ ေဘာလံုးကစားဟန္ကိုပဲ ငါၾကိဳက္တယ္။ အေရးၾကီးတဲ့ အခ်က္အလက္ေတာ့ မဟုတ္ေပမယ့္ ငါတို႔က ကြင္းထဲမွာ ျပိဳင္ဘက္ထက္ ပိုေျပးခဲ့တယ္လို႔ ၾကားရရင္ကို ငါ ေက်နပ္တယ္။ ဒီလို လုပ္ႏုိင္ရင္ ပိုျပီး ေလးစားခံရသလို ပိုျပီးလည္း ေအာင္ျမင္ႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

၂၀၁၅ မွာ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ ထိုင္ခံု လႈပ္လာေတာ့ လီဗာပူးပရိသတ္ေတြ ေၾကြးေၾကာ္တာက ‘Klopp for the Kop’ ပါ။ သူက လီဗာပူးကို ေရာက္လာအျပီးမွာ ၄ ႏွစ္အတြင္း one title ယူေပးမယ္လို႔ ေျပာခဲ့တယ္။ မယူႏုိင္ခဲ့ရင္ the next one maybe Switzerland ဆိုျပီး သူ႔ကို ယံုေပးၾကဖို႔ ဆိုခ့ဲတာပါ။

အဲ့ကာလေတြမွာ စကားတစ္ခြန္းက အရမ္း ေခတ္စားခဲ့ပါတယ္။ ယာဂင္ကေလာ့ပ္က ခုန္ေဟ့လို႔ တစ္ခြန္းေျပာရင္ လီဗာပူးပရိသတ္ေတြ တူညီစြာ ျပန္တုန္႔ျပန္မွာက ငါတို႔ ဘယ္ေလာက္ထိ ခုန္ေပးရမလဲဆိုျပီး ေနာက္က လိုက္ေပးၾကလိမ့္မယ္လို႔ ျဖစ္ပါတယ္။

ယာဂင္ဟာ သူ႔ရဲ႕ အေတြးအျမင္ကို လီဗာပူးမွာေတာ့ အျမင့္ဆံုးအဆင့္ထိ ေရာက္ေအာင္ ၾကိဳးစားႏုိင္ခဲ့ျပီး ဒီကေန႔မွာေတာ့ သူ႔ရဲ႕ ဖိအားေပးကစားဟန္ဟာ ေဘာလံုးေလာကရဲ႕ လူၾကိဳက္အမ်ားဆံုး ကစားဟန္ ျဖစ္လာခဲ့ပါျပီ။