လီဗာပူးလူငယ်လေး ဂျုံးက သူဟာ အကောင်းဆုံး ကစားနေပြီး မကြာခင်မှာတော့ ပုံမှန် ပွဲထွက်ခွင့်ကို စိန်ခေါ်နိုင်မယ့် ကစားသမားတစ်ဦး ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလာပါတယ်။

မာဆေးဆိုဒ်ဒေသဖွား လီဗာပူးသားဂျုံးကို တစ်ရက်မှာ စတီဗင်ဂျရတ်လို ဖြစ်လာဖို့ကို အသင်းပရိသတ်တွေက မျှော်လင့်ထားပါတယ်။ ဂျုံးဟာ ပေါက်ကွဲအားကောင်းကောင်း ကစားတတ်သူဖြစ်ပြီး တိုက်စစ်လိုက်ရတာကို အားသန်တဲ့ ကွင်းလယ်လူတစ်ဦးလည်း ဖြစ်ပါတယ်။

ဂျုံးက ” ကျနော်က သက်သောင့်သက်သာပါပဲ။ ယုံကြည်မှုလည်း ရှိပါတယ်။ ဒါပေမယ့်လို့ အကယ်ဒမီကနေ ပထမအသင်းထံ ဝင်ရောက်ပြီဆိုရင် ခြေလှမ်းတွေကို ပိုလှမ်းလာနိုင်ရမယ်ဆိုတာ ကျနော် သိတယ်။ Lincoln ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ပါဝင်ခဲ့ရပြီး အာဆင်နယ်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာလည်း ပါဝင်ရမှာပါ။

ဒါကြောင့် ခြေလှမ်းတွေက ခက်ခဲတယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် တူညီတဲ့ပွဲကိုပဲ အမြဲတမ်း ကစားလိုပါတယ်။ ကျနော်ရဲ့ ပုံစံအတိုင်းပဲ တည်ငြိမ်လိုပါတယ်။ ပြောခဲ့သလိုပါပဲ။ မန်နေဂျာနဲ့ နည်းပြအဖွဲ့တွေက ကျနော်အပေါ် ယုံကြည်ကြတယ်။ ဒါကို ကျနော်လည်း သိတယ်။ ဒီတော့ ကွင်းထဲကို အသင်းဖော်တွေနဲ့အတူ သွားရောက်ရာမှာ ကိုယ်ဘာသာ ပျော်ရွှင်လိုပါတယ်။

ကလပ်မှာရှိတဲ့ လူတိုင်းနဲ့ ကမ္ဘာပေါ်က ပရိသတ်တိုင်းကို ကျနော်က ဘယ်လိုကစားသမားဖြစ်တယ်။ ဘယ်လို ကစားသမား ဖြစ်လာနိုင်တယ်ဆိုတာကို ပြသလိုတယ်။

ကျနော်က ပုံမှန်ပွဲကစားခွင့်ရမယ့် အသင်းသားလို့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် အဲ့အဆင့်နဲ့ အရမ်းကြီး မဝေးတော့ဘူးဆိုတာကိုတော့ ပြောနိုင်ပါတယ်။ ကျနော်က ငယ်ရွယ်သေးပြီး အများကြီး သင်ယူမှုတွေ လုပ်နိုင်ပါသေးတယ်။ သင်ယူဖို့ကလည်း ကျနော်ရဲ့ ပတ်ဝန်းကျင်မှာ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။

ပွဲတိုင်းမှာ ကျနော်က ပိုကောင်းသည်ထက် ပိုကောင်းလာနေပါပြီ။ လေ့ကျင့်ရေးတိုင်းမှာ ကျနော်က ပထမအသင်းနဲ့ ကြိုးစားနေတယ်။ မန်နေဂျာနဲ့ အသင်းနည်းပြတွေက ကျနော် ဘေးနားမှာနေပြီး ယုံကြည်ပေးကြတာ၊ အခွင့်အရေးတွေ ပေးကြတာကိုလည်း ကျေးဇူးတင်ပါတယ် ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

၂၀၁၉ ဇန်နဝါရီမှာတော့ ဂျုံးဟာ လီဗာပူးစီနီယာအသင်းနဲ့ စတင်ကာ ပွဲထွက်လာခဲ့တာပါ။ အသက် ၁၉ နှစ်အရွယ် ကါင်းလယ်လူဟာ ကလော့ပ်အတွက် ၁၆ ပွဲ ကစားပေးထားချိန်မှာ သွင်းဂိုး ၅ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်ပေးထားနိုင်ပါတယ်။

ZAWGYI

လီဗာပူးလူငယ္ေလး ဂ်ံဳးက သူဟာ အေကာင္းဆံုး ကစားေနျပီး မၾကာခင္မွာေတာ့ ပံုမွန္ ပြဲထြက္ခြင့္ကို စိန္ေခၚႏုိင္မယ့္ ကစားသမားတစ္ဦး ျဖစ္လာမယ္လို႔ ယံုၾကည္ေၾကာင္း ထုတ္ေျပာလာပါတယ္။

မာေဆးဆိုဒ္ေဒသဖြား လီဗာပူးသားဂ်ံဳးကို တစ္ရက္မွာ စတီဗင္ဂ်ရတ္လို ျဖစ္လာဖို႔ကို အသင္းပရိသတ္ေတြက ေမွ်ာ္လင့္ထားပါတယ္။ ဂ်ံဳးဟာ ေပါက္ကြဲအားေကာင္းေကာင္း ကစားတတ္သူျဖစ္ျပီး တိုက္စစ္လိုက္ရတာကို အားသန္တဲ့ ကြင္းလယ္လူတစ္ဦးလည္း ျဖစ္ပါတယ္။

ဂ်ံဳးက ” က်ေနာ္က သက္ေသာင့္သက္သာပါပဲ။ ယံုၾကည္မႈလည္း ရွိပါတယ္။ ဒါေပမယ့္လို႔ အကယ္ဒမီကေန ပထမအသင္းထံ ဝင္ေရာက္ျပီဆိုရင္ ေျခလွမ္းေတြကို ပိုလွမ္းလာႏုိင္ရမယ္ဆိုတာ က်ေနာ္ သိတယ္။ Lincoln ကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ပါဝင္ခဲ့ရျပီး အာဆင္နယ္ကို ရင္ဆိုင္ကစားတဲ့ပြဲမွာလည္း ပါဝင္ရမွာပါ။

ဒါေၾကာင့္ ေျခလွမ္းေတြက ခက္ခဲတယ္ဆိုတာကို သိပါတယ္။ ဒါေပမယ့္ တူညီတဲ့ပြဲကိုပဲ အျမဲတမ္း ကစားလိုပါတယ္။ က်ေနာ္ရဲ႕ ပံုစံအတိုင္းပဲ တည္ျငိမ္လိုပါတယ္။ ေျပာခဲ့သလိုပါပဲ။ မန္ေနဂ်ာနဲ႔ နည္းျပအဖြဲ႔ေတြက က်ေနာ္အေပၚ ယံုၾကည္ၾကတယ္။ ဒါကို က်ေနာ္လည္း သိတယ္။ ဒီေတာ့ ကြင္းထဲကို အသင္းေဖာ္ေတြနဲ႔အတူ သြားေရာက္ရာမွာ ကိုယ္ဘာသာ ေပ်ာ္ရႊင္လိုပါတယ္။

ကလပ္မွာရွိတဲ့ လူတိုင္းနဲ႔ ကမၻာေပၚက ပရိသတ္တိုင္းကို က်ေနာ္က ဘယ္လိုကစားသမားျဖစ္တယ္။ ဘယ္လို ကစားသမား ျဖစ္လာႏုိင္တယ္ဆိုတာကို ျပသလိုတယ္။

က်ေနာ္က ပံုမွန္ပြဲကစားခြင့္ရမယ့္ အသင္းသားလို႔ မေျပာႏုိင္ေသးပါဘူး။ ဒါေပမယ့္ အဲ့အဆင့္နဲ႔ အရမ္းၾကီး မေဝးေတာ့ဘူးဆိုတာကိုေတာ့ ေျပာႏုိင္ပါတယ္။ က်ေနာ္က ငယ္ရြယ္ေသးျပီး အမ်ားၾကီး သင္ယူမႈေတြ လုပ္ႏုိင္ပါေသးတယ္။ သင္ယူဖို႔ကလည္း က်ေနာ္ရဲ႕ ပတ္ဝန္းက်င္မွာ ကစားသမားေကာင္းေတြ အမ်ားၾကီး ရွိပါတယ္။

ပြဲတိုင္းမွာ က်ေနာ္က ပိုေကာင္းသည္ထက္ ပိုေကာင္းလာေနပါျပီ။ ေလ့က်င့္ေရးတိုင္းမွာ က်ေနာ္က ပထမအသင္းနဲ႔ ၾကိဳးစားေနတယ္။ မန္ေနဂ်ာနဲ႔ အသင္းနည္းျပေတြက က်ေနာ္ ေဘးနားမွာေနျပီး ယံုၾကည္ေပးၾကတာ၊ အခြင့္အေရးေတြ ေပးၾကတာကိုလည္း ေက်းဇူးတင္ပါတယ္ ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။

၂၀၁၉ ဇန္နဝါရီမွာေတာ့ ဂ်ံဳးဟာ လီဗာပူးစီနီယာအသင္းနဲ႔ စတင္ကာ ပြဲထြက္လာခဲ့တာပါ။ အသက္ ၁၉ ႏွစ္အရြယ္ ကါင္းလယ္လူဟာ ကေလာ့ပ္အတြက္ ၁၆ ပြဲ ကစားေပးထားခ်ိန္မွာ သြင္းဂိုး ၅ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၁ ၾကိမ္ လုပ္ေပးထားႏုိင္ပါတယ္။