မန်ချက်စတာယူနိုက်တက်၏ လူငယ်ကစားသမား အိန်ဂျယ် ဂိုးမက်စ်သည် ခက်ခဲကြမ်းတမ်းသည့်ရာသီတစ်ခုကိုဖြတ်ကျော်ခဲ့ပြီးနောက် အသင်းကိုစွန့်ခွာသွားရန် စဉ်းစားနေပြီဖြစ်ကြောင်း သိရသည်။

ဆိုးရှားက ဂိုးမက်စ်ဟာ အလားအလာရှိသည် လူငယ်ကစားသမားလေးတစ်ယောက် ဖြစ်ပေမယ့်လည်း သူရဲ့ ကိုယ်လုံးကိုယ်ထည်အရ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားဖို့အတွက် ခက်ခဲနိုင်တယ်လို့ သုံးသပ်ပြောဆိုခဲ့တာကြောင့် ဒီစကားတွေဟာ ဂိုးမက်စ်အတွက် စိတ်ပျက်စရာ ဖြစ်သွားခဲ့သည်။

အဆိုပါ ၁၉ နှစ်အရွယ် လူငယ်ကစားသမားလေးသည် မန်ချက်စတာယူနိုက်တက်၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ကာဒစ်ဖ်နှင့်ပွဲတွင် ၇၄ မိနစ်၌ လူစားဝင်ကစားခွင့်ရခဲ့သလို၊ အဆိုပါပွဲသည်လည်း ထိုကစားသမားအတွက် ဒုတိယမြောက် ပရီးမီးယားလိဂ်ပွဲစဉ်လည်းဖြစ်သည်။

ဂိုးမက်စ် နှင့် မန်ယူတို့ကြားချုပ်ဆိုထားသော စာချုပ်အရ ဂိုမက်စ်သည် အိုးထရက်ဖို့ဒ်၌ ၂၀၂၀ အထိ ကစားရန် ကျန်ရှိနေသေးသော်လည်း သူ၏အနာဂတ်ကို စဉ်းစားနေပြီဖြစ်သည်။ ကစားသမားဘက်ကတော့ လာမယ့်နွေရာသီမှာပဲ အသင်းကို စွန့်ခွာသွားနိုင်တယ်လို့ သိရပါတယ်။

ဂိုးမက်စ်၏ နီးစပ်သည့်အသိုင်းအ၀ိုင်းများကလည်း မန်ချက်စတာယူနိုက်တက်မှ စွန့်ခွာပြီး တခြားတသင်းသို့ပြောင်းရွှေ့ရန် အကြုံပြုထားသည်။ PSG အသင်းသည် ဂိုးမက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် ကလပ်ဖြစ်ပြီး ယူနိုက်တက်ဘက်မှ ဂိုးမက်စ်အပေါ်တွင် ထိုက်သင့်သည့် ပွဲထွက်ခွင့်မပေးနိုင်ခဲ့ပါက သင့်တော်ရာသို့ပြောင်းရွှေ့မည်ဖြစ်ကြောင်း သတင်းများကရေးသားထားသည်။

ဒီလိုပြောင်းရွှေ့လိုခြင်းဟာ သူကိုယ်တိုင် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လိုသည့်အတွက် အနာဂတ်နှင့်ပတ်သတ်သည့် အကြောင်းအရာများကို စဉ်းစားနေပြီဖြစ်သည်။