လီဗာပူးအသင်းဟာ ဘရူးစတား၊ ဂရုဂျစ်နဲ့ ဝဲလ်ဆန်တို့ သုံးဦးလုံးအတွက် ကမ်းလှမ်းမှုတွေကို ရထားပြီဖြစ်ကာ အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်ခင်မှာ သူတို့ရဲ့ ထွက်ခွာမှုကို မြင်ရမယ်လို့ Goal သတင်းဌာနမှ လီဗာပူးသတင်းထောက် Neil Jones က ဖော်ပြပါတယ်။

ဝေလ်းလက်ရွေးစင် ဝဲလ်ဆန်အတွက် ဘန်လေအသင်းက ပေါင် ၁၂ ဝန်းကျင်ကို ကနဦးပေးမယ့် ကမ်းလှမ်းမှုကို လုပ်ထားခဲ့ပြီး ဘရူးစတားကိုတေ့ ရှက်ဖီးယူနိုက်တက်က ကမ်းလှမ်းထားခြင်းဖြစ်ကာ ဂရုဂျစ်ကိုတော့ ဂျာမနီကလပ် မွန်ချန်ဂလာဘတ်က ကမ်းလှမ်းထားတာဖြစ်တယ်လို့ သူက ဆိုတယ်။

လီဗာပူးက ကမ်းလှမ်းမှု သုံးခုလုံးကို လက်မခံသေးပေမယ့်လို့ တနင်္လာနေ့ အပြောင်းအရွှေ့ deadline မတိုင်ခင်မှာ သူတို့ သုံးဦးအတွက် ပေါင် သန်း ၅၀ ရနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရတယ်။

သူတို့ သုံးဦးထဲမှာ ဘရူးစတားရဲ့ အခြေအနေက စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ပြီး သူဟာ အန်ဖီးရဲ့ စတားဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရသူပါ။ ဒါပေမယ့်လည်း အသက် ၂၀ အရွယ် တိုက်စစ်သမားက ပထမအသင်း ပွဲထွက်ခွင့်အတွက် စတင်ကာ ရှာဖွေနေပြီဖြစ်တယ်။

၂၀၁၅ ခုနှစ်မှာ ချယ်ဆီးကနေ မာဆေးဆိုဒ်ကို ပြောင်းလာခဲ့တဲ့ ဘရူးစတားဟာ ယာဂင်ကလော့ပ်က ကာတစ်ဂျုံးကို စတင်ကာ မိတ်ဆက်လာသလိုပဲ မနှစ်တုန်းက လူစာရင်းမှာ မိတ်ဆက်မှုတွေ စတင်ခဲ့တာပါ။ ဒါပေမယ့်လို့ ကစားသမားက ကာလရှည် ဒဏ်ရာကနေ သက်သာလာဖို့ ရုန်းကန်ခဲ့ရရာက သူ့ရဲ့ အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်တယ်။

တိုက်စစ်မှာ နံပါတ် ၉ နေရာအတွက် ဖာမင်နိုကို ဖိအားပေးဖို့ သူတို့ မျှော်လင့်ခဲ့သော်လည်း လက်ရှိမှာတော့ အိုရီဂီ၊ မီနာမီနိုတို့လည်း ရှိနေကာ ဂျိုတာပါ ဝင်ရောက်လာခဲ့ပြီဖြစ်လို့ ဘရူးစတားရဲ့ ပွဲထွက်ခွင့်က မှေးမှိန်လာခဲ့တာဖြစ်တယ်။

ကနဦးမှာတုန်းက လီဗာပူးအသင်းဟာ ဝဲလ်ဆန်အတွက် ပေါင် ၂၅ သန်း၊ ဂရုဂျစ်အတွက် ပေါင် သန်း ၂၀ နဲ့ ဘရူးစတားအတွက် ပေါင် ၂၅ သန်းတို့ရဖို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့်လို့ ဒီနွေမှာတင် သူတို့ သုံးဦးကို ရောင်းထုတ်နိုင်ရေးကို အဓိက ကြိုးစားမှာဖြစ်ပြီး အမြင့်ဆုံးအားဖြင့် ပေါင် သန်း ၅၀ လောက် ရမယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘရူးစတား၊ ဂရုဂ်စ္နဲ႔ ဝဲလ္ဆန္တို႔ သံုးဦးလံုးအတြက္ ကမ္းလွမ္းမႈေတြကို ရထားျပီျဖစ္ကာ အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္ မတိုင္ခင္မွာ သူတို႔ရဲ႕ ထြက္ခြာမႈကို ျမင္ရမယ္လို႔ Goal သတင္းဌာနမွ လီဗာပူးသတင္းေထာက္ Neil Jones က ေဖာ္ျပပါတယ္။

ေဝလ္းလက္ေရြးစင္ ဝဲလ္ဆန္အတြက္ ဘန္ေလအသင္းက ေပါင္ ၁၂ ဝန္းက်င္ကို ကနဦးေပးမယ့္ ကမ္းလွမ္းမႈကို လုပ္ထားခဲ့ျပီး ဘရူးစတားကိုေတ့ ရွက္ဖီးယူႏုိက္တက္က ကမ္းလွမ္းထားျခင္းျဖစ္ကာ ဂရုဂ်စ္ကိုေတာ့ ဂ်ာမနီကလပ္ မြန္ခ်န္ဂလာဘတ္က ကမ္းလွမ္းထားတာျဖစ္တယ္လို႔ သူက ဆိုတယ္။

လီဗာပူးက ကမ္းလွမ္းမႈ သံုးခုလံုးကို လက္မခံေသးေပမယ့္လို႔ တနလၤာေန႔ အေျပာင္းအေရႊ႔ deadline မတိုင္ခင္မွာ သူတို႔ သံုးဦးအတြက္ ေပါင္ သန္း ၅၀ ရႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သိရတယ္။

သူတို႔ သံုးဦးထဲမွာ ဘရူးစတားရဲ႕ အေျခအေနက စိတ္ဝင္စားစရာ အေကာင္းဆံုးျဖစ္ျပီး သူဟာ အန္ဖီးရဲ႕ စတားျဖစ္လာမယ္လို႔ ထင္ေၾကးေပးခံထားရသူပါ။ ဒါေပမယ့္လည္း အသက္ ၂၀ အရြယ္ တိုက္စစ္သမားက ပထမအသင္း ပြဲထြက္ခြင့္အတြက္ စတင္ကာ ရွာေဖြေနျပီျဖစ္တယ္။

၂၀၁၅ ခုႏွစ္မွာ ခ်ယ္ဆီးကေန မာေဆးဆိုဒ္ကို ေျပာင္းလာခဲ့တဲ့ ဘရူးစတားဟာ ယာဂင္ကေလာ့ပ္က ကာတစ္ဂ်ံဳးကို စတင္ကာ မိတ္ဆက္လာသလိုပဲ မႏွစ္တုန္းက လူစာရင္းမွာ မိတ္ဆက္မႈေတြ စတင္ခဲ့တာပါ။ ဒါေပမယ့္လို႔ ကစားသမားက ကာလရွည္ ဒဏ္ရာကေန သက္သာလာဖို႔ ရုန္းကန္ခဲ့ရရာက သူ႔ရဲ႕ အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္တယ္။

တိုက္စစ္မွာ နံပါတ္ ၉ ေနရာအတြက္ ဖာမင္ႏိုကို ဖိအားေပးဖို႔ သူတို႔ ေမွ်ာ္လင့္ခဲ့ေသာ္လည္း လက္ရွိမွာေတာ့ အိုရီဂီ၊ မီနာမီႏိုတို႔လည္း ရွိေနကာ ဂ်ိဳတာပါ ဝင္ေရာက္လာခဲ့ျပီျဖစ္လို႔ ဘရူးစတားရဲ႕ ပြဲထြက္ခြင့္က ေမွးမွိန္လာခဲ့တာျဖစ္တယ္။

ကနဦးမွာတုန္းက လီဗာပူးအသင္းဟာ ဝဲလ္ဆန္အတြက္ ေပါင္ ၂၅ သန္း၊ ဂရုဂ်စ္အတြက္ ေပါင္ သန္း ၂၀ နဲ႔ ဘရူးစတားအတြက္ ေပါင္ ၂၅ သန္းတို႔ရဖို႔ ေမွ်ာ္လင့္ထားတာပါ။ ဒါေပမယ့္လို႔ ဒီေႏြမွာတင္ သူတို႔ သံုးဦးကို ေရာင္းထုတ္ႏုိင္ေရးကို အဓိက ၾကိဳးစားမွာျဖစ္ျပီး အျမင့္ဆံုးအားျဖင့္ ေပါင္ သန္း ၅၀ ေလာက္ ရမယ္လို႔ သိရပါတယ္။