လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အာဆင်နယ်နဲ့ ကာရာဘောင်းပွဲကြိုမှာ လူစာရင်းကို အပြောင်းအလဲ လုပ်မှာဖြစ်ပေမယ့် အသင်းပရိသတ်တွေအတွက် အစွမ်ကုန် ကြိုးစားမှာပါလို့ ကတိပေးလိုက်ပါတယ်။

ကလော့ပ်က “ မနှစ်တုန်းက ရာသီမှာ ကျနေ်ာတို့ ကစားခဲ့တဲ့ပွဲကို အချိန်တွေအကြာကြီး လူတွေ စကားပြောကြမယ်ဆိုတာ သိပါတယ်။ မန်နေဂျာတစ်ယောက်က အသင်းတစ်သင်းကို ဂိုးတွေ အများကြီး ပေးခွင့်ပြုတာကို မကြိုက်ကြတာပို သိပါတယ်။ ဒါပေမယ့် အဲ့ညက ကောင်လေးတွေရဲ့ စွမ်းဆောင်ရည်ကို ကျနော် ကြိုက်ပါတယ်။ သူတို့ရဲ့ စွမ်းအားကိုလည်း နှစ်သက်ပါတယ်။

ကျနော်မှာ ပွဲတိုင်းအတွက် ကစားသမား ၂၀ ကျော်ပြီး စည်းမျဉ်းအရ ကျနော်က ပွဲထွက်လူစာရင်းမှာ ၁၁ ဦးပဲ သုံးနိုင်ပါတယ်။ ဒီ မယုံနိုင်လောက်တဲ့ လူစာရင်းကနေ ပွဲထွက်လူစာရင်းကို ၁၁ ယောက် ရွေးထုတ်ရတာကလည်း အုပ်ချုပ်မှုရဲ့ အခက်ခဲဆုံး အပိုင်းပါပဲ။

ဒီကနေ့ပွဲမှာ ကျနေ်ာတို့က အပြောင်းအလဲ လုပ်ရပါမယ်။ ဒီညပွဲမှာလည်း ကျနေ်ာတို့ နိုင်ချင်ပါတယ်။ ဒါပေမယ့်လို့ အခြေအနေတွေကို ကျနော်တို့ လစ်လျူရှုလို့ မရပါဘူး။ တနင်္လာနေ့တုန်းက ပွဲကို ကစားထားရတာဖြစ်ပြီး တနင်္ဂနွေနေ့ပွဲကလည်း လာဦးမှာပါ။ ကံကောင်းစွာပဲ ကျနေ်ာတို့မှာ အာရုံစိုက်မှု နည်းနည်းလေးတောင် မလွဲမယ့် ကစားသမားကောင်းတွေ ရှိနေပါတယ်။ အာဆင်နယ်လည်း အတူတူပဲ ဖြစ်ပါမယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီး နှစ်ရပ်ကို ကြိုးစားမယ်ဆိုရင် ကာရာဘောင်းက ခက်ခဲတဲ့ ပြိုင်ပွဲ ဖြစ်သွားမယ်လို့ မေးခွန်းထုတ်ခံရတယ်။ ကျနေ်ာတို့ အမြဲတမ်း ပြောပါတယ်။ ကျနေ်ာတို့ ကြိုးစားလိုပါတယ်။ ဒါက အမှန်ပါပဲ။ ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားလိုပါတယ်။ အောင်မြင်မယ်လို့ ကတိပေးနိုင်မလားဆိုရင် မပေးနိုင်ပါဘူး။

ဒါပေမယ့် ကျနေ်ာတို့ ကြိုးစားမှာပါ။ ဒီကနေ့ပွဲအတွက် အကောင်းဆုံးလို့ ဖြစ်မယ်ထင်တဲ့ လူစာရင်းကို ရွေးမှာပါ။ နောက်အဆင့်ကို တက်ရောက်နိုင်မယ်ထင်တဲ့ အကောင်းဆုံးအသင်းကို ေွးမှာပါ။ ပွဲတိုင်းအတွက် ကျနေ်ာတို့ ပြင်ဆင်သလိုပဲ တူညီတဲ့ စိတ်ဓါတ်နဲ့ ယှဉ်ပြိုင်မှာပါ။

ဒီညပွဲက ခက်ခဲပါလိမ့်မယ်။ အာဆင်နယ်ပရိသတ် အမြင်နဲ့ မဟုတ်ပေမယ့် သူတို့ လူစာရင်းကိုလည်း နှစ်သက်ပါတယ်။ သူတို့ လုပ်နေတာကိုလည်း သဘောကျပါတယ်။ ဒါပေမယ့် ကိုယ်ဘာသာလည်း နှစ်သက်ပြီး ကိုယ်လုပ်နေတာကိုလည်း သဘောကျပါတယ်။

ကျနေ်ာတို့ရဲ့ ပရိသတ်တွေက သူတို့ကို ကိုယ်စားပြုတဲ့ လီဗာပူးအသင်းတိုင်းက ဂုဏ်ယူအောင် လုပ်ပေးတာမျိုး ခံယူရဖို့ ထိုက်တန်ပါတယ်။ ဒါက ဒီညအတွက် ကျနေ်ာတို့ရဲ့ စိန်ခေါ်မှုပါပဲ။ အန်ဖီးမှာ ပရိသတ်တွေက လူပုဂ္ဂိုလ်အနေနဲ့ ရှိမနေပေမယ့် သူတို့က ကျနေ်ာတို့နဲ့အတူ ရှိနေပေးကြမှာပါ။

ကျနေ်ာတို့က ဘယ်အသင်းနဲ့ပဲ ရင်ဆိုင်ပါစေ သူတို့က တူညီတဲ့ အားပေးမှုကိုပဲ လုပ်ပေးကြပါတယ်။ ကျနေ်ာတို့ကလည်း ဘယ်လို လူစာရင်း ထုတ်ပါစေ တူညီတဲ့ ချဉ်းကပ်မှုကိုပဲ လုပ်မှာဖြစ်ပါတယ်။ ရလဒ်ကို ကတိမပေးနိုင်ပေမယ့် ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAwGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အာဆင္နယ္နဲ႔ ကာရာေဘာင္းပြဲၾကိဳမွာ လူစာရင္းကို အေျပာင္းအလဲ လုပ္မွာျဖစ္ေပမယ့္ အသင္းပရိသတ္ေတြအတြက္ အစြမ္ကုန္ ၾကိဳးစားမွာပါလို႔ ကတိေပးလိုက္ပါတယ္။

ကေလာ့ပ္က “ မႏွစ္တုန္းက ရာသီမွာ က်ေန္ာတို႔ ကစားခဲ့တဲ့ပြဲကို အခ်ိန္ေတြအၾကာၾကီး လူေတြ စကားေျပာၾကမယ္ဆိုတာ သိပါတယ္။ မန္ေနဂ်ာတစ္ေယာက္က အသင္းတစ္သင္းကို ဂိုးေတြ အမ်ားၾကီး ေပးခြင့္ျပဳတာကို မၾကိဳက္ၾကတာပို သိပါတယ္။ ဒါေပမယ့္ အဲ့ညက ေကာင္ေလးေတြရဲ႕ စြမ္းေဆာင္ရည္ကို က်ေနာ္ ၾကိဳက္ပါတယ္။ သူတို႔ရဲ႕ စြမ္းအားကိုလည္း ႏွစ္သက္ပါတယ္။

က်ေနာ္မွာ ပြဲတိုင္းအတြက္ ကစားသမား ၂၀ ေက်ာ္ျပီး စည္းမ်ဥ္းအရ က်ေနာ္က ပြဲထြက္လူစာရင္းမွာ ၁၁ ဦးပဲ သံုးႏုိင္ပါတယ္။ ဒီ မယံုႏုိင္ေလာက္တဲ့ လူစာရင္းကေန ပြဲထြက္လူစာရင္းကို ၁၁ ေယာက္ ေရြးထုတ္ရတာကလည္း အုပ္ခ်ဳပ္မႈရဲ႕ အခက္ခဲဆံုး အပိုင္းပါပဲ။

ဒီကေန႔ပြဲမွာ က်ေန္ာတို႔က အေျပာင္းအလဲ လုပ္ရပါမယ္။ ဒီညပြဲမွာလည္း က်ေန္ာတို႔ ႏုိင္ခ်င္ပါတယ္။ ဒါေပမယ့္လို႔ အေျခအေနေတြကို က်ေနာ္တို႔ လစ္လ်ဴရႈလို႔ မရပါဘူး။ တနလၤာေန႔တုန္းက ပြဲကို ကစားထားရတာျဖစ္ျပီး တနဂၤေႏြေန႔ပြဲကလည္း လာဦးမွာပါ။ ကံေကာင္းစြာပဲ က်ေန္ာတို႔မွာ အာရံုစိုက္မႈ နည္းနည္းေလးေတာင္ မလြဲမယ့္ ကစားသမားေကာင္းေတြ ရွိေနပါတယ္။ အာဆင္နယ္လည္း အတူတူပဲ ျဖစ္ပါမယ္။

ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲၾကီး ႏွစ္ရပ္ကို ၾကိဳးစားမယ္ဆိုရင္ ကာရာေဘာင္းက ခက္ခဲတဲ့ ျပိဳင္ပြဲ ျဖစ္သြားမယ္လို႔ ေမးခြန္းထုတ္ခံရတယ္။ က်ေန္ာတို႔ အျမဲတမ္း ေျပာပါတယ္။ က်ေန္ာတို႔ ၾကိဳးစားလိုပါတယ္။ ဒါက အမွန္ပါပဲ။ က်ေန္ာတို႔ အစြမ္းကုန္ ၾကိဳးစားလိုပါတယ္။ ေအာင္ျမင္မယ္လို႔ ကတိေပးႏုိင္မလားဆိုရင္ မေပးႏုိင္ပါဘူး။

ဒါေပမယ့္ က်ေန္ာတို႔ ၾကိဳးစားမွာပါ။ ဒီကေန႔ပြဲအတြက္ အေကာင္းဆံုးလို႔ ျဖစ္မယ္ထင္တဲ့ လူစာရင္းကို ေရြးမွာပါ။ ေနာက္အဆင့္ကို တက္ေရာက္ႏုိုင္မယ္ထင္တဲ့ အေကာင္းဆံုးအသင္းကို ေြးမွာပါ။ ပြဲတိုင္းအတြက္ က်ေန္ာတို႔ ျပင္ဆင္သလိုပဲ တူညီတဲ့ စိတ္ဓါတ္နဲ႔ ယွဥ္ျပိဳင္မွာပါ။

ဒီညပြဲက ခက္ခဲပါလိမ့္မယ္။ အာဆင္နယ္ပရိသတ္ အျမင္နဲ႔ မဟုတ္ေပမယ့္ သူတို႔ လူစာရင္းကိုလည္း ႏွစ္သက္ပါတယ္။ သူတို႔ လုပ္ေနတာကိုလည္း သေဘာက်ပါတယ္။ ဒါေပမယ့္ ကိုယ္ဘာသာလည္း ႏွစ္သက္ျပီး ကိုယ္လုပ္ေနတာကိုလည္း သေဘာက်ပါတယ္။

က်ေန္ာတို႔ရဲ႕ ပရိသတ္ေတြက သူတို႔ကို ကိုယ္စားျပဳတဲ့ လီဗာပူးအသင္းတိုင္းက ဂုဏ္ယူေအာင္ လုပ္ေပးတာမ်ိဳး ခံယူရဖို႔ ထိုက္တန္ပါတယ္။ ဒါက ဒီညအတြက္ က်ေန္ာတို႔ရဲ႕ စိန္ေခၚမႈပါပဲ။ အန္ဖီးမွာ ပရိသတ္ေတြက လူပုဂၢိဳလ္အေနနဲ႔ ရွိမေနေပမယ့္ သူတို႔က က်ေန္ာတို႔နဲ႔အတူ ရွိေနေပးၾကမွာပါ။

က်ေန္ာတို႔က ဘယ္အသင္းနဲ႔ပဲ ရင္ဆိုင္ပါေစ သူတို႔က တူညီတဲ့ အားေပးမႈကိုပဲ လုပ္ေပးၾကပါတယ္။ က်ေန္ာတို႔ကလည္း ဘယ္လို လူစာရင္း ထုတ္ပါေစ တူညီတဲ့ ခ်ဥ္းကပ္မႈကိုပဲ လုပ္မွာျဖစ္ပါတယ္။ ရလဒ္ကို ကတိမေပးနုိင္ေပမယ့္ က်ေန္ာတို႔ အစြမ္းကုန္ ၾကိဳးစားပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။