လာမယ့်အပတ် တနင်္ဂနွေနေ့ည (သို့) တနင်္လာနေ့ မနက် ၁၂း၄၅ နာရီမှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ရပါမယ်။

လီဗာပူးက ရာသီအစ ပွဲစဉ် ၃ ပွဲမှာ ၃ ပွဲလုံးကို နိုင်ထားသလို ဒီအပတ် ပြိုင်ဘက် အက်စတွန်ဗီလာကလည်း ပွဲစဉ် ၂ ပွဲမှာ ၂ ပွဲလုံး နိုင်ထားတဲ့အသင်းဖြစ်တယ်။ ရာနှုန်းပြည့် နိုင်ပွဲဆက်ဖို့အတွက် အဝေးကွင်းမှာ ဗီလာကို အနိုင်ယူဖို့ လိုအပ်မှာဖြစ်တယ်။

လီဗာပူးအသင်းသားတွေဖြစ်တဲ့ မာနေးနဲ့ သီယာဂိုက ကိုဗစ်ကူးစက်ခံထားရမှုကြောင့် ပါဝင်ကြမှာ မဟုတ်ဘူး။ ကိုစတက်လည်း ဒဏ်ရာကြောင့် အရန်မှာတောင် ပါမှာ မဟုတ်ပါဘူး။ ဂျိုတာကတော့ ပွဲထွက်လူစာရင်းက ပါဝင်လာမှာဖြစ်တယ်။ ဒီပွဲနဲ့ ပက်သက်လို့ မိုင်ကယ်အိုဝင်က ပွဲကြို သုံးသပ်နဲ့ ခန့်မှန်း ပြုလုပ်သွားပါတယ်။

အိုဝင်က ” အက်စတွန်ဗီလာက အရမ်း အံ့သြစရာကောင်းလောက်တဲ့ ဘောလုံးရာသီ အစကောင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဗီလာတို့ဟာ ရာသီအစ ပထမဆုံး ၂ ပွဲကနေ ရနိုင်တဲ့ အမြင့်ဆုံး ရမှတ်တွေကို ရရှိထားတယ်။ သူတို့ ဖူလ်ဟမ်ကို အနိုင်ရခဲ့တာဟာဆိုရင် ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ ဗီလာအတွက် ပထမဆုံးသော ပရီးမီးယားလိဂ် အဝေးကွင်း နိုင်ပွဲ ရခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးကို ရင်ဆိုင်ကစားရမှာက ဗီလာတို့ ရာသီ အစောပိုင်း နှစ်ပွဲကို ကစားခဲ့ရစဉ်လို မဟုတ်ဘဲ လုံးဝ ခြားနားတဲ့ စိန်ခေါ်မှုဖြစ်ပါလိမ့်မယ်။ အာဆင်နယ်ကို ရင်ဆိုင်ကစားခဲ့စဉ်တုန်းက လီဗာပူးဟာ လျှပ်စီးလက်နေတဲ့ ခြေစွမ်းတွေအပြင် ချန်ပီယံစိတ်ဓါတ်နဲ့ ခံယူချက်တွေကိုပါ ပြသခဲ့တာဖြစ်တယ်။ ဒီပွဲမှာလည်း လီဗာပူးကပဲ ရမှတ် ၃ မှတ်ကို ခပ်လွယ်လွယ် ရသွားဖို့ ရှိနေပါတယ် ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ အက်စတွန်ဗီလာပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူးအနိုင်ရမှာဖြစ်ကာ နှစ်သင်းလုံး ဂိုးသွင်းမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

လာမယ့္အပတ္ တနဂၤေႏြေန႔ည (သို႔) တနလၤာေန႔ မနက္ ၁၂း၄၅ နာရီမွာေတာ့ လီဗာပူးဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ အျဖစ္ အက္စတြန္ဗီလာနဲ႔ ယွဥ္ျပိဳင္ရပါမယ္။

လီဗာပူးက ရာသီအစ ပြဲစဥ္ ၃ ပြဲမွာ ၃ ပြဲလံုးကို ႏုိင္ထားသလို ဒီအပတ္ ျပိဳင္ဘက္ အက္စတြန္ဗီလာကလည္း ပြဲစဥ္ ၂ ပြဲမွာ ၂ ပြဲလံုး ႏုိင္ထားတဲ့အသင္းျဖစ္တယ္။ ရာႏႈန္းျပည့္ ႏုိင္ပြဲဆက္ဖို႔အတြက္ အေဝးကြင္းမွာ ဗီလာကို အႏုိင္ယူဖို႔ လိုအပ္မွာျဖစ္တယ္။

လီဗာပူးအသင္းသားေတြျဖစ္တဲ့ မာေနးနဲ႔ သီယာဂိုက ကိုဗစ္ကူးစက္ခံထားရမႈေၾကာင့္ ပါဝင္ၾကမွာ မဟုတ္ဘူး။ ကိုစတက္လည္း ဒဏ္ရာေၾကာင့္ အရန္မွာေတာင္ ပါမွာ မဟုတ္ပါဘူး။ ဂ်ိဳတာကေတာ့ ပြဲထြက္လူစာရင္းက ပါဝင္လာမွာျဖစ္တယ္။ ဒီပြဲနဲ႔ ပက္သက္လို႔ မုိင္ကယ္အိုဝင္က ပြဲၾကိဳ သံုးသပ္နဲ႔ ခန္႔မွန္း ျပဳလုပ္သြားပါတယ္။

အိုဝင္က ” အက္စတြန္ဗီလာက အရမ္း အံ့ၾသစရာေကာင္းေလာက္တဲ့ ေဘာလံုးရာသီ အစေကာင္းကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ဗီလာတို႔ဟာ ရာသီအစ ပထမဆံုး ၂ ပြဲကေန ရႏုိင္တဲ့ အျမင့္ဆံုး ရမွတ္ေတြကို ရရွိထားတယ္။ သူတို႔ ဖူလ္ဟမ္ကို အႏုိင္ရခဲ့တာဟာဆိုရင္ ၂၀၁၆ ခုႏွစ္ေနာက္ပိုင္းမွာ ဗီလာအတြက္ ပထမဆံုးေသာ ပရီးမီးယားလိဂ္ အေဝးကြင္း ႏုိင္ပြဲ ရခဲ့ျခင္း ျဖစ္ပါတယ္။

ဒါေပမယ့္ လီဗာပူးကို ရင္ဆုိင္ကစားရမွာက ဗီလာတို႔ ရာသီ အေစာပိုင္း ႏွစ္ပြဲကို ကစားခဲ့ရစဥ္လို မဟုတ္ဘဲ လံုးဝ ျခားနားတဲ့ စိန္ေခၚမႈျဖစ္ပါလိမ့္မယ္။ အာဆင္နယ္ကို ရင္ဆိုင္ကစားခဲ့စဥ္တုန္းက လီဗာပူးဟာ လွ်ပ္စီးလက္ေနတဲ့ ေျခစြမ္းေတြအျပင္ ခ်န္ပီယံစိတ္ဓါတ္နဲ႔ ခံယူခ်က္ေတြကိုပါ ျပသခဲ့တာျဖစ္တယ္။ ဒီပြဲမွာလည္း လီဗာပူးကပဲ ရမွတ္ ၃ မွတ္ကို ခပ္လြယ္လြယ္ ရသြားဖို႔ ရွိေနပါတယ္ ” လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးနဲ႔ အက္စတြန္ဗီလာပြဲအတြက္ အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူးအႏုိင္ရမွာျဖစ္ကာ ႏွစ္သင္းလံုး ဂိုးသြင္းမယ္လို႔ ျဖစ္ပါတယ္။