လီဗာပူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အဖြစ် Group D မှာ Ajax, Atalanta and Midtjylland တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

မနှစ်ကရာသီ ပရီးမီးယားလိဂ်ဖလား အနိုင်ရခဲ့တဲ့ လီဗာပူးက Pot 1 အဖြစ် ဦးစားပေးခံခဲ့ရတာဖြစ်ပြီး Pot 2 အဖြစ် အေဂျက် Pot 3 အဖြစ် အတ္တလန်တာနဲ့ နောက်ဆုံးက ဝင်လာတာကတော့ ဒိန်းမတ်ကလပ် Midtjylland အသင်း ဖြစ်ပါတယ်။

အုပ်စု မကျပ်ဘူးလို့ ပြောလို့ ရနိုင်သလို နယ်သာလန်၊ အီတလီနဲ့ ဒိန်းမတ်တို့က အသင်းကောင်းတွေကို ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမှာက ချောင်တယ်လို့လည်း မပြောနိုင်ပါဘူး။ ချန်ပီယံလိဂ်မှာ ကံကောင်းလို့ ရောက်လာတယ်ဆိုတဲ့ အသင်းမျိုး မရှိပါဘူး။

အေဂျက်

အေဂျက်အသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ နယ်သာလန်လိဂ်ကို အနိုင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ လီဗာပူးနဲ့ အေဂျက်တို့ ထိပ်တိုက်တွေ့တာက ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ်။ နယ်သာလန် ဂန္တဝင်ကြီး ဂျိုဟန်ခရိုက်က အန်ဖီးကို သိပ်အထင်ကြီးသူဖြစ်သလို အေဂျက်က သူတို့ရဲ့ အိမ်ကွင်းကို ဂျိုဟန်ခရိုက်နာမည် ပေးထားပေမယ့် ကံဆိုးစွာပဲ ဒီနှစ်ကျော့လုံးမှာ ပရိသတ် မပါဘဲ ကစားကြရမှာပါ။

အတ္တလန်တာ

မီလန်အခြေစိုက် ဒီကလပ်နဲ့ လီဗာပူးအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ အတ္တလန်တာဟာ စီးရီးအေမှာ တိုက်စစ်အသားပေး ကစားတဲ့အသင်း ဖြစ်လို့ ဒီအတွဲ တွေ့ဆုံမှုတွေကတော့ ဖျော်ဖြေမှုပေးတဲ့ ပွဲကောင်းတွေဖြစ်ပါတယ်။

Midtjylland

ဒိန်းမတ်အသင်းက မနှစ်တုန်းက ဒိန်းမတ် စူပါလီဂါကို အနိုင်ရထားတဲ့အသင်း ဖြစ်ပါတယ်။ ထူးခြားမှုကတော့ လက်ရှိ လီဗာပူးအသင်းရဲ့ လက်မြောက်ဘော နည်းပြ Gronnemark ဟာ ယခင်က အဆိုပါ ဒိန်းမတ်အသင်းမှာလည်း လက်မြောက်ဘော နည်းပြတာဝန်ကို ယူခဲ့ဖူးပါတယ်။

Champions League Schedule

  • Matchday One: October 20/21
  • Matchday Two: October 27/28
  • Matchday Three: November 3/4
  • Matchday Four: November 24/25
  • Matchday Five: December 1/2
  • Matchday Six: December 8/9

ZAWGYI

လီဗာပူးဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ အုပ္စုအဆင့္အျဖစ္ Group D မွာ Ajax, Atalanta and Midtjylland တို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနပါတယ္။

မႏွစ္ကရာသီ ပရီးမီးယားလိဂ္ဖလား အႏုိင္ရခဲ့တဲ့ လီဗာပူးက Pot 1 အျဖစ္ ဦးစားေပးခံခဲ့ရတာျဖစ္ျပီး Pot 2 အျဖစ္ ေအဂ်က္ Pot 3 အျဖစ္ အတၱလန္တာနဲ႔ ေနာက္ဆံုးက ဝင္လာတာကေတာ့ ဒိန္းမတ္ကလပ္ Midtjylland အသင္း ျဖစ္ပါတယ္။

အုပ္စု မက်ပ္ဘူးလို႔ ေျပာလို႔ ရႏုိင္သလို နယ္သာလန္၊ အီတလီနဲ႔ ဒိန္းမတ္တို႔က အသင္းေကာင္းေတြကို ျပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္ရမွာက ေခ်ာင္တယ္လို႔လည္း မေျပာႏုိင္ပါဘူး။ ခ်န္ပီယံလိဂ္မွာ ကံေကာင္းလို႔ ေရာက္လာတယ္ဆိုတဲ့ အသင္းမ်ိဳး မရွိပါဘူး။

ေအဂ်က္

ေအဂ်က္အသင္းဟာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ နယ္သာလန္လိဂ္ကို အႏုိင္ခဲ့တဲ့အသင္း ျဖစ္ပါတယ္။ လီဗာပူးနဲ႔ ေအဂ်က္တို႔ ထိပ္တိုက္ေတြ႔တာက ၁၉၆၆ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္ျဖစ္တယ္။ နယ္သာလန္ ဂႏၱဝင္ၾကီး ဂ်ိဳဟန္ခရိုက္က အန္ဖီးကို သိပ္အထင္ၾကီးသူျဖစ္သလို ေအဂ်က္က သူတို႔ရဲ႕ အိမ္ကြင္းကို ဂ်ိဳဟန္ခရိုက္နာမည္ ေပးထားေပမယ့္ ကံဆိုးစြာပဲ ဒီႏွစ္ေက်ာ့လံုးမွာ ပရိသတ္ မပါဘဲ ကစားၾကရမွာပါ။

အတၱလန္တာ

မီလန္အေျခစိုက္ ဒီကလပ္နဲ႔ လီဗာပူးအသင္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအၾကိမ္ ေတြ႔ဆံုျခင္း ျဖစ္ပါတယ္။ အတၱလန္တာဟာ စီးရီးေအမွာ တိုက္စစ္အသားေပး ကစားတဲ့အသင္း ျဖစ္လို႔ ဒီအတြဲ ေတြ႔ဆံုမႈေတြကေတာ့ ေဖ်ာ္ေျဖမႈေပးတဲ့ ပြဲေကာင္းေတြျဖစ္ပါတယ္။

Midtjylland

ဒိန္းမတ္အသင္းက မႏွစ္တုန္းက ဒိန္းမတ္ စူပါလီဂါကို အႏုိင္ရထားတဲ့အသင္း ျဖစ္ပါတယ္။ ထူးျခားမႈကေတာ့ လက္ရွိ လီဗာပူးအသင္းရဲ႕ လက္ေျမာက္ေဘာ နည္းျပ Gronnemark ဟာ ယခင္က အဆိုပါ ဒိန္းမတ္အသင္းမွာလည္း လက္ေျမာက္ေဘာ နည္းျပတာဝန္ကို ယူခဲ့ဖူးပါတယ္။