လီဗာပူးအသင်းဟာ အာဆင်နယ်နဲ့ ရင်ဆိုင်ကစားတဲ့ ကာရာဘောင်းပွဲမှာ လူစာရင်း အပြောင်းအလဲ ၉ ခုထိ ပြုလုပ်ခဲ့ကာ ဝဲလ်ဆန်၊ ဂရုဂျစ်လို ကစားသမားတွေကိုပါ ထုတ်သုံးခဲ့ပါတယ်။

ဂျိုတာ၊ မီနာမီနို၊ ကာတစ်ဂျုံးတို့ကို မီလ်နာ၊ ဗန်ဒိုက်၊ ဆာလက်တို့က ဦးဆောင်ပေးခဲ့ပေမယ့် အဆိုပါပွဲနဲ့ ပက်သက်လို့ မေးခွန်းရှိခဲ့တာက ဝဲလ်ဆန် လူစာရင်းမှာ ပါဝင်လာခဲ့ပြီး အရင်ပွဲမှာ ထုတ်သုံးထားတဲ့ ရှာကွီရီ အရန်စာရင်းမှာပါ မရှိခဲ့ခြင်းပါပဲ။

လီဗာပူးသတင်းထောက်တွေရဲ့ ထုတ်ဖော်မှုအရ သိရတာက အောက်တိုဘာလ ၁၀ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်တော့မယ့် ရှာကွီရီကို အပြောင်းအရွှေ့ မပိတ်ခင်မှာ ကမ်းလှမ်းနေတဲ့ ကလပ်အသင်း နှစ်သင်းရှိတယ်လို့ သိရတယ်။ ရှာကွီရီက ကြံ့ခိုင်မှု ကောင်းနေပေမယ့် အပြောင်းအရွှေ့အတွက် ညိနှိုင်း စကားပြောမယ့် အနေအထားမှာ စွန့်စားရမယ့် ကိစ္စတွေ မဖြစ်စေလိုခြင်းကြောင့် ချန်လှပ်ခဲ့ခြင်းလို့ သိရတယ်။

ဝဲလ်ဆန်ကိုတော့ အရောင်းစာရင်း တင်ထားပေမယ့်လည်း ကမ်းလှမ်းမှုပေးမယ့် ကလပ်တွေက နည်းပါးနေပါတယ်။ သူ့ကိုတော့ ဘန်လေဘက်က ကနဦး ပေါင် ၁၂ သန်း ထပ်တိုး ပေါင် ၄ သန်းဖြင့် ကမ်းလှမ်းထားတယ်။ ဘန်လေရဲ့ ကမ်းလှမ်းမှုက အလိုရှိတဲ့ ပြောင်းရွှေ့ကြေးထက် အများကြီး နည်းနေခြင်းကြောင့် လီဗာပူးဘက်က ပယ်ချထားတဲ့ သဘောမှာ ရှိနေပါတယ်။

ဂရုဂျစ်အတွက်ကိုလည်း ဘွန်ဒက်လီဂါဘက်က ကမ်းလှမ်းမှု ရှိပေမယ့် သဘောတူညီမှု ရလောက်အောင် မကောင်းမွန်ခြင်းကြောင့် ကာရာဘောင်းပွဲမှာ သူ့ကို ထုတ်သုံးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ကိုစတက်အပြင် သီယာဂိုနဲ့ ဂျိုတာတို့ ထပ်ရောက်လာတဲ့နောက် non home grown ကစားသမားက ၁၈ ဦးတောင် ရှိနေပြီဖြစ်ကာ သူတို့ထဲက တစ်ဦးဟာ ရာသီသစ်အတွက် လီဗာပူးလူစာရင်းမှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ကလပ်ကတော့ ရှာကွီရီနဲ့ ဂရုဂျစ် နှစ်ဦးထဲက တစ်ဦးကို ရောင်းနိုင်ဖို့ကို ဦးစားပေးဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အာဆင္နယ္နဲ႔ ရင္ဆိုင္ကစားတဲ့ ကာရာေဘာင္းပြဲမွာ လူစာရင္း အေျပာင္းအလဲ ၉ ခုထိ ျပဳလုပ္ခဲ့ကာ ဝဲလ္ဆန္၊ ဂရုဂ်စ္လို ကစားသမားေတြကိုပါ ထုတ္သံုးခဲ့ပါတယ္။

ဂ်ိဳတာ၊ မီနာမီႏို၊ ကာတစ္ဂ်ံဳးတို႔ကို မီလ္နာ၊ ဗန္ဒိုက္၊ ဆာလက္တို႔က ဦးေဆာင္ေပးခဲ့ေပမယ့္ အဆိုပါပြဲနဲ႔ ပက္သက္လို႔ ေမးခြန္းရွိခဲ့တာက ဝဲလ္ဆန္ လူစာရင္းမွာ ပါဝင္လာခဲ့ျပီး အရင္ပြဲမွာ ထုတ္သံုးထားတဲ့ ရွာကီြရီ အရန္စာရင္းမွာပါ မရွိခဲ့ျခင္းပါပဲ။

လီဗာပူးသတင္းေထာက္ေတြရဲ႕ ထုတ္ေဖာ္မႈအရ သိရတာက ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ အသက္ ၂၉ ႏွစ္ျပည့္ေတာ့မယ့္ ရွာကီြရီကို အေျပာင္းအေရႊ႔ မပိတ္ခင္မွာ ကမ္းလွမ္းေနတဲ့ ကလပ္အသင္း ႏွစ္သင္းရွိတယ္လို႔ သိရတယ္။ ရွာကီြရီက ၾကံ႕ခိုင္မႈ ေကာင္းေနေပမယ့္ အေျပာင္းအေရႊ႔အတြက္ ညိႏိႈင္း စကားေျပာမယ့္ အေနအထားမွာ စြန္႔စားရမယ့္ ကိစၥေတြ မျဖစ္ေစလိုျခင္းေၾကာင့္ ခ်န္လွပ္ခဲ့ျခင္းလို႔ သိရတယ္။

ဝဲလ္ဆန္ကိုေတာ့ အေရာင္းစာရင္း တင္ထားေပမယ့္လည္း ကမ္းလွမ္းမႈေပးမယ့္ ကလပ္ေတြက နည္းပါးေနပါတယ္။ သူ႔ကိုေတာ့ ဘန္ေလဘက္က ကနဦး ေပါင္ ၁၂ သန္း ထပ္တိုး ေပါင္ ၄ သန္းျဖင့္ ကမ္းလွမ္းထားတယ္။ ဘန္ေလရဲ႕ ကမ္းလွမ္းမႈက အလိုရွိတဲ့ ေျပာင္းေရႊ႔ေၾကးထက္ အမ်ားၾကီး နည္းေနျခင္းေၾကာင့္ လီဗာပူးဘက္က ပယ္ခ်ထားတဲ့ သေဘာမွာ ရွိေနပါတယ္။

ဂရုဂ်စ္အတြက္ကိုလည္း ဘြန္ဒက္လီဂါဘက္က ကမ္းလွမ္းမႈ ရွိေပမယ့္ သေဘာတူညီမႈ ရေလာက္ေအာင္ မေကာင္းမြန္ျခင္းေၾကာင့္ ကာရာေဘာင္းပြဲမွာ သူ႔ကို ထုတ္သံုးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းမွာ ကိုစတက္အျပင္ သီယာဂိုနဲ႔ ဂ်ိဳတာတို႔ ထပ္ေရာက္လာတဲ့ေနာက္ non home grown ကစားသမားက ၁၈ ဦးေတာင္ ရွိေနျပီျဖစ္ကာ သူတို႔ထဲက တစ္ဦးဟာ ရာသီသစ္အတြက္ လီဗာပူးလူစာရင္းမွာ ပါဝင္ခြင့္ရမွာ မဟုတ္ပါဘူး။ ကလပ္ကေတာ့ ရွာကီြရီနဲ႔ ဂရုဂ်စ္ ႏွစ္ဦးထဲက တစ္ဦးကို ေရာင္းႏုိင္ဖို႔ကို ဦးစားေပးျဖစ္ပါတယ္။