လီဗာပူးအသင်းဟာ မီလ်နာ၊ ဆာလက်၊ ဗန်ဒိုက်တို့ကို ပင်တိုင်ထားပြီး မီနာမီနို၊ ဂျိုတာတို့နဲ့တကွ ဂျုံး၊ ဝဲလ်ဆန်လို ကစားသမားတွေကိုပါ ထုတ်သုံးခဲ့တယ်။

ပွင့်ပွင့်လင်းလင်းနဲ့ ဒဲ့တိုး ပြောရရင် လီဗာပူးက အာဆင်နယ်နဲ့ အပြန်အလှန် ကစားခဲ့ပေမယ့် ဟန်ချက် မညီပါဘူး။ ကစားပုံက ဖရိုဖရဲနိုင်ကာ ဖိအားပေးမှု ပေးမှုတွေက သေသပ်ခြင်း မရှိလှဘူး။ လီဗာပူးက မိနစ် ၂၀ အတွင်းမှာပဲ ဖိအားပေး လုယူမှုကနေ ဖောင်း ၆ ကြိမ်ထိ ကျူးလွန်ခဲ့ပြီး ဒါက အသင်းရဲ့ လူငယ်တွေဟာ ဖိအားပေးမှုတွေမှာ သေသပ်စွာ မလုပ်နိုင်သလို ချိန်သားကိုက် ဘောလုံးဖြတ်တောက် လုယူမှုတွေကို မလုပ်နိုင်ခြင်းကို ပြသနေတယ်။

လီဗာပူးရဲ့ လူထုတ်မှုမှာ ကွင်းလယ်သုံးယောက်တန်းက တိုက်စစ်အားသန် နှစ်ဦးထိ ပါဝင်ခဲ့တာကြောင့် ကွင်းလယ် ဟန်ချက်ညီမှု အားနည်းခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ကစားကွက် တည်ဆောက်မှုနဲ့ အမြင့်ဘောတွေကို ကွင်းလယ်မှာ အဓိက ဟန့်တားနေတာက ဂရုဂျစ်ပဲရှိပြီး ဘယ်ညာ နှစ်ဘက်လုံးတော့ သူလိုက်ပြီး မကာကွယ်နိုင်ပါဘူး။

ဟိုက်လိုက် ပြန်ကြည့်မယ်ဆိုရင် ဂျုံးတို့ရဲ့ ကောင်းကွက်ကို မြင်ရမှာဖြစ်ပေမယ့် Live မှာတော့ ကွင်းလယ်က အတော်ကို ဟာထွက်နေပါတယ်။ အသင်းက ပထမဆုံးသော အမြင့်ဘောတွေကို ရယူမှု အပြည့်အဝ မထိန်းချုပ်နိုင်ဘူး။ ပြန်ထွက်လာတဲ့ ဒုတိယဘောတွေကို ဆက်လက် ရယူမှုတွေမှာလည်း အားနည်းချက်တွေရှိခဲ့တယ်။

ဒီလိုပြောတာက လီဗာပူးရဲ့ ကစားမှုကိုပဲ အသားပေးပြောတာဖြစ်သလို အာဆင်နယ်ရဲ့ ကစားဟန်က ကောင်းနေတယ်လို့ မဆိုလိုပါဘူး။ သူတို့က လီဗာပူးခံစစ်ကို တောင်ပံကျော်ဖြတ်မှုတွေနဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားနေခဲ့ပြီး အလုပ်ဖြစ်တယ်လို့ မြင်စရာရှိပေမယ့် နောက်ဆုံးလိုင်းတွေကို မကျော်နိုင်ခဲ့ဘူး။ တစ်ကြိမ်တည်သော ပိုင်နိုင်တဲ့ ထိုးဖောက်မှုကိုတော့ အတ်ဒရီယန်က အကောင်းဆုံး ကာကွယ်နိုင်ခဲ့တယ်။ နှစ်သင်းလုံးက ကစားပုံ ဖရိုဖရဲတွေ ဖြစ်နေခဲ့တယ်။

ပထမပိုင်းမှာ အရင်ပွဲနဲ့ ကွာသွားတာက ဖိအားပေးမှုပိုင်းဖြစ်တယ်။ လီဗာပူးတိုက်စစ် သုံးယောက်က ဖိအားပေးမှု လုပ်ပေမယ့် အာဆင်နယ်က ခံစစ်က ပေးမှုတွေနဲ့အတူ ခပ်လွယ်လွယ် ကျော်ဖြတ်သွားပါတယ်။ အထူးသဖြင့် ဆာကာ။ ပီပီ တို့ရဲ့ ထိုးဖောက်မှုကို နီကိုး အလူးအလဲ ကစားနေခဲ့ရတယ်။ ကွင်းလယ်ပိုင်း အားနည်းမှုကို ဆင့်ခံနေရတဲ့ သဘောဖြစ်နေခဲ့တယ်။

အာဆင်နယ်က အခွင့်အရေးကောင်း အနည်းငယ် ရသလို လီဗာပူးကလည်း ရခဲ့ပါတယ်။ ဆီးဘယ်လော့နဲ့ ဂျိုတာတို့ ဖြစ်ရပ်မှာ ဒိုင်က ဖရီးကစ်ကိုပဲ ပေးခဲ့တယ်။ ဆက်တိုက်ဆိုသလိုပဲ ဝီလီယမ်ရဲ့ သိပ်ကောင်းတဲ့ ဖြတ်တင်ဘောကို ဂျိုတာ ခေါင်းတိုက် ပိတ်ပေမယ့် လီနို ပုပ်ထုတ်နိုင်ခဲ့တယ်။ အံထွက်လာတဲ့ ဘောလုံးကို မီနာမီနို ခပ်ပြင်းပြင်း ဝင်ပိတ်ပေမယ့် တိုင်စင်သွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးက ကွင်းလယ်လူတွေ တိုက်စစ်လိုက်ခြင်းကို အနည်းငယ် ကန့်သတ်လိုက်တဲ့ သဘောမှာရှိပြီး ကစားပုံက ပိုတက်လာခဲ့တယ်။ အထူးသဖြင့် ဂရုဂျစ်ရဲ့ ကစားပုံက စီနီယာအဆင့်မှာ ဖာဘင်ညိုကို ဖိအားပေးနိုင်လောက်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါ့အပြင် ဂျိုတာရဲ့ ထိချက်တွေကလည်း အတော်လေး ကောင်းပါတယ်။

တိုက်စစ်ကို ပိုမို အာရုံစိုက်လာတဲ့ အသင်းဟာ မီလ်နာရဲ့ ဘယ်ခြမ်းထက် ဝီလီယမ်ရဲ့ ညာခြမ်းကို ပိုအားကိုးပြီး မီလ်နာက အဝေးဘောတွေနဲ့ ဘောလုံးဖြန့်ချိန်မှာ ဝီလီယမ်ကတော့ အတက် အဆင်း အတော်လေး ကစားရတာကို မြင်ရတယ်။

ဗန်ဒိုက်ရဲ့ ပိတ်ချက်၊ ဂျိုတာရဲ့ ကန်ချက်နဲ့ ဂရုဂျစ်ရဲ့ ခေါင်တိုက် ပိတ်မှု အဝေးကန်သွင်းမှုအပြင် ထိချက်လှလှနဲ့ ဂျိုတာရဲ့ အပြင်းကန်သွင်းမှုတွေ အားလုံးကို လီနိုက ကာကွယ်နိုင်ခဲ့တယ်။ နီကိုးက ဒီပွဲမှာ သူ့ရဲ့ ကြိုးစားလိုစိတ်ကို ပြသခဲ့ပြီး ဆာကာရဲ့ အပိုင်ပိတ်မှုကို သူ အတော်လေး ကြိုးစား ဖြတ်ထုတ်ခဲ့ပါသေးတယ်။ ထပ်ဆင့်ရလာတဲ့ ထောင့်ကန်ဘောကို အတ်ဒရီယန်က လက်စွမ်းပြ ကာကွယ်ခဲ့တယ်။

ဒုတိယပိုင်းအစကနေ မိနစ် ၇၀ လောက်ထိ နှစ်သင်းလုံးက ကစားအားတင်ဖို့ ကြိုးစားပေမယ့် ပွဲက တန်ပို မငြိမ်ဘဲ တင်ကစားလိုက် ကျသွားလိုက်နဲ့ ဖြစ်နေခဲ့တယ်။ နောက်ပိုင်း မိနစ်တွေမှာတော့ သူတစ်လှည့် ကိုယ်တစ်လှည့် အနေအထားတွေနဲ့ပဲ မိနစ် ၉၀ ပြည့်သွားလို့ ပင်နယ်တီ ဆက်ကန်ခဲ့ပါတယ်။

ပင်နယ်တီမှာတော့ အာဆင်နယ်ဘက်က အန်နီနီ လွဲခဲ့ပေမယ့် လီဗာပူးဘက်က အိုရီဂီ၊ ဝဲလ်ဆန်တို့ လွဲခဲ့တာကြောင့် လီဗာပူးက ကာရာဘောင်းကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ မီလ္နာ၊ ဆာလက္၊ ဗန္ဒိုက္တို႔ကို ပင္တိုင္ထားျပီး မီနာမီႏို၊ ဂ်ိဳတာတို႔နဲ႔တကြ ဂ်ံဳး၊ ဝဲလ္ဆန္လို ကစားသမားေတြကိုပါ ထုတ္သံုးခဲ့တယ္။

ပြင့္ပြင့္လင္းလင္းနဲ႔ ဒဲ့တိုး ေျပာရရင္ လီဗာပူးက အာဆင္နယ္နဲ႔ အျပန္အလွန္ ကစားခဲ့ေပမယ့္ ဟန္ခ်က္ မညီပါဘူး။ ကစားပံုက ဖရိုဖရဲႏုိင္ကာ ဖိအားေပးမႈ ေပးမႈေတြက ေသသပ္ျခင္း မရွိလွဘူး။ လီဗာပူးက မိနစ္ ၂၀ အတြင္းမွာပဲ ဖိအားေပး လုယူမႈကေန ေဖာင္း ၆ ၾကိမ္ထိ က်ဴးလြန္ခဲ့ျပီး ဒါက အသင္းရဲ႕ လူငယ္ေတြဟာ ဖိအားေပးမႈေတြမွာ ေသသပ္စြာ မလုပ္ႏုိင္သလို ခ်ိန္သားကိုက္ ေဘာလံုးျဖတ္ေတာက္ လုယူမႈေတြကို မလုပ္ႏုိင္ျခင္းကို ျပသေနတယ္။

လီဗာပူးရဲ႕ လူထုတ္မႈမွာ ကြင္းလယ္သံုးေယာက္တန္းက တိုက္စစ္အားသန္ ႏွစ္ဦးထိ ပါဝင္ခဲ့တာေၾကာင့္ ကြင္းလယ္ ဟန္ခ်က္ညီမႈ အားနည္းခဲ့ပါတယ္။ အာဆင္နယ္ရဲ႕ ကစားကြက္ တည္ေဆာက္မႈနဲ႔ အျမင့္ေဘာေတြကို ကြင္းလယ္မွာ အဓိက ဟန္႔တားေနတာက ဂရုဂ်စ္ပဲရွိျပီး ဘယ္ညာ ႏွစ္ဘက္လံုးေတာ့ သူလိုက္ျပီး မကာကြယ္ႏုိင္ပါဘူး။

ဟိုက္လိုက္ ျပန္ၾကည့္မယ္ဆိုရင္ ဂ်ံဳးတို႔ရဲ႕ ေကာင္းကြက္ကို ျမင္ရမွာျဖစ္ေပမယ့္ Live မွာေတာ့ ကြင္းလယ္က အေတာ္ကို ဟာထြက္ေနပါတယ္။ အသင္းက ပထမဆံုးေသာ အျမင့္ေဘာေတြကို ရယူမႈ အျပည့္အဝ မထိန္းခ်ဳပ္ႏုိင္ဘူး။ ျပန္ထြက္လာတဲ့ ဒုတိယေဘာေတြကို ဆက္လက္ ရယူမႈေတြမွာလည္း အားနည္းခ်က္ေတြရွိခဲ့တယ္။

ဒီလိုေျပာတာက လီဗာပူးရဲ႕ ကစားမႈကိုပဲ အသားေပးေျပာတာျဖစ္သလို အာဆင္နယ္ရဲ႕ ကစားဟန္က ေကာင္းေနတယ္လို႔ မဆိုလိုပါဘူး။ သူတို႔က လီဗာပူးခံစစ္ကို ေတာင္ပံေက်ာ္ျဖတ္မႈေတြနဲ႔ ျခိမ္းေျခာက္ဖို႔ ၾကိဳးစားေနခဲ့ျပီး အလုပ္ျဖစ္တယ္လို႔ ျမင္စရာရွိေပမယ့္ ေနာက္ဆံုးလိုင္းေတြကို မေက်ာ္ႏုိင္ခဲ့ဘူး။ တစ္ၾကိမ္တည္ေသာ ပိုင္ႏုိင္တဲ့ ထိုးေဖာက္မႈကိုေတာ့ အတ္ဒရီယန္က အေကာင္းဆံုး ကာကြယ္ႏုိင္ခဲ့တယ္။ ႏွစ္သင္းလံုးက ကစားပံု ဖရိုဖရဲေတြ ျဖစ္ေနခဲ့တယ္။

ပထမပိုင္းမွာ အရင္ပြဲနဲ႔ ကြာသြားတာက ဖိအားေပးမႈပိုင္းျဖစ္တယ္။ လီဗာပူးတိုက္စစ္ သံုးေယာက္က ဖိအားေပးမႈ လုပ္ေပမယ့္ အာဆင္နယ္က ခံစစ္က ေပးမႈေတြနဲ႔အတူ ခပ္လြယ္လြယ္ ေက်ာ္ျဖတ္သြားပါတယ္။ အထူးသျဖင့္ ဆာကာ။ ပီပီ တို႔ရဲ႕ ထိုးေဖာက္မႈကို နီကိုး အလူးအလဲ ကစားေနခဲ့ရတယ္။ ကြင္းလယ္ပိုင္း အားနည္းမႈကို ဆင့္ခံေနရတဲ့ သေဘာျဖစ္ေနခဲ့တယ္။

အာဆင္နယ္က အခြင့္အေရးေကာင္း အနည္းငယ္ ရသလို လီဗာပူးကလည္း ရခဲ့ပါတယ္။ ဆီးဘယ္ေလာ့နဲ႔ ဂ်ိဳတာတို႔ ျဖစ္ရပ္မွာ ဒိုင္က ဖရီးကစ္ကိုပဲ ေပးခဲ့တယ္။ ဆက္တိုက္ဆိုသလိုပဲ ဝီလီယမ္ရဲ႕ သိပ္ေကာင္းတဲ့ ျဖတ္တင္ေဘာကို ဂ်ိဳတာ ေခါင္းတိုက္ ပိတ္ေပမယ့္ လီႏို ပုပ္ထုတ္ႏုိင္ခဲ့တယ္။ အံထြက္လာတဲ့ ေဘာလံုးကို မီနာမီႏို ခပ္ျပင္းျပင္း ဝင္ပိတ္ေပမယ့္ တိုင္စင္သြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ လီဗာပူးက ကြင္းလယ္လူေတြ တိုက္စစ္လိုက္ျခင္းကို အနည္းငယ္ ကန္႔သတ္လိုက္တဲ့ သေဘာမွာရွိျပီး ကစားပံုက ပိုတက္လာခဲ့တယ္။ အထူးသျဖင့္ ဂရုဂ်စ္ရဲ႕ ကစားပံုက စီနီယာအဆင့္မွာ ဖာဘင္ညိဳကို ဖိအားေပးႏုိင္ေလာက္တဲ့ အေနအထားျဖစ္ပါတယ္။ ဒါ့အျပင္ ဂ်ိဳတာရဲ႕ ထိခ်က္ေတြကလည္း အေတာ္ေလး ေကာင္းပါတယ္။

တိုက္စစ္ကို ပိုမို အာရံုစိုက္လာတဲ့ အသင္းဟာ မီလ္နာရဲ႕ ဘယ္ျခမ္းထက္ ဝီလီယမ္ရဲ႕ ညာျခမ္းကို ပိုအားကိုးျပီး မီလ္နာက အေဝးေဘာေတြနဲ႔ ေဘာလံုးျဖန္႔ခ်ိန္မွာ ဝီလီယမ္ကေတာ့ အတက္ အဆင္း အေတာ္ေလး ကစားရတာကို ျမင္ရတယ္။

ဗန္ဒိုက္ရဲ႕ ပိတ္ခ်က္၊ ဂ်ိဳတာရဲ႕ ကန္ခ်က္နဲ႔ ဂရုဂ်စ္ရဲ႕ ေခါင္တိုက္ ပိတ္မႈ အေဝးကန္သြင္းမႈအျပင္ ထိခ်က္လွလွနဲ႔ ဂ်ိဳတာရဲ႕ အျပင္းကန္သြင္းမႈေတြ အားလံုးကို လီႏိုက ကာကြယ္ႏုိင္ခဲ့တယ္။ နီကိုးက ဒီပြဲမွာ သူ႔ရဲ႕ ၾကိဳးစားလိုစိတ္ကို ျပသခဲ့ျပီး ဆာကာရဲ႕ အပိုင္ပိတ္မႈကို သူ အေတာ္ေလး ၾကိဳးစား ျဖတ္ထုတ္ခဲ့ပါေသးတယ္။ ထပ္ဆင့္ရလာတဲ့ ေထာင့္ကန္ေဘာကို အတ္ဒရီယန္က လက္စြမ္းျပ ကာကြယ္ခဲ့တယ္။

ဒုတိယပိုင္းအစကေန မိနစ္ ၇၀ ေလာက္ထိ ႏွစ္သင္းလံုးက ကစားအားတင္ဖို႔ ၾကိဳးစားေပမယ့္ ပြဲက တန္ပို မျငိမ္ဘဲ တင္ကစားလိုက္ က်သြားလိုက္နဲ႔ ျဖစ္ေနခဲ့တယ္။ ေနာက္ပိုင္း မိနစ္ေတြမွာေတာ့ သူတစ္လွည့္ ကိုယ္တစ္လွည့္ အေနအထားေတြနဲ႔ပဲ မိနစ္ ၉၀ ျပည့္သြားလို႔ ပင္နယ္တီ ဆက္ကန္ခဲ့ပါတယ္။

ပင္နယ္တီမွာေတာ့ အာဆင္နယ္ဘက္က အန္နီနီ လြဲခဲ့ေပမယ့္ လီဗာပူးဘက္က အိုရီဂီ၊ ဝဲလ္ဆန္တို႔ လြဲခဲ့တာေၾကာင့္ လီဗာပူးက ကာရာေဘာင္းကေန ထြက္ခြာခဲ့ရျပီ ျဖစ္ပါတယ္။