ဒီမနက်မှာတော့ အပြောင်းအရွှေ့ သတင်းတွေက ပိုမို ခိုင်မာလာခဲ့ပြီး လီဗာပူးဟာ ရှာကွီရီနဲ့ ဘရူးစတားတို့ကို အပြီးသတ် ရောင်းထုတ်မယ့် အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

ပထမအသင်းသားတွေဖြစ်တဲ့ ဝဲလ်ဆန်၊ ဂရုဂျစ်၊ ရှာကွီရီ၊ ဘရူးစတားတို့ဟာ အပြောင်းအရွှေ့မှာ ရောင်းထုတ်ခံရမယ်ဆိုတဲ့ သတင်းတွေ ကျယ်ပြန့်နေပေမယ့် သေချာတဲ့ ကမ်းလှမ်းမှုတွေ မရခဲ့ပါဘူး။ ဒါပေမယ့်လို့ ဈေးကွက်ပိတ်ဖို့က ၃ ရက်ပဲ ကျန်တော့တဲ့ အချိန်မှာ ပိုမို ပြတ်သားတဲ့ ကမ်းလှမ်းမှုတွေ ရလာပြီလို့ သိရပါတယ်။

အားလုံးကို လမ်းဖွင့်ပေးထားခဲ့ပေမယ့် မျှော်လင့်ထားတဲ့ ကမ်းလှမ်းမှုမျိုး မရဘဲ ဝဲလ်ဆန်နဲ့ ဂရုဂျစ်အတွက် ရရှိတဲ့ ပြောင်းရွှေ့ကြေးက နည်းပါးနေတာပါ။ သူတို့ နှစ်ဦးလုံးက အသက် ၂၃ နှစ်ကို ကျော်လွန်နေပြီဖြစ်ကာ အသင်းမှာ ကျန်ခဲ့ရင်လည်း လူငယ်ကစားသမားတွေအဖြစ် မဟုတ်ဘဲ မှတ်ပုံတင်ရမှာဖြစ်တယ်။

ရှာကွီရီကိုတော့ ကမ်းလှမ်းမှု ၂ ခု ဝင်ရောက်လာခဲ့ကာ ကောင်းမွန်တဲ့ ချိတ်ဆက်မှုလို့ သိထားရတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က စတုတ်ကနေ ပေါင် ၁၃ သန်းနဲ့ ပြောင်းလာခဲ့တဲ့ ရှာကွီရီအတွက် လီဗာပူးက ညိနှိုင်းနေတဲ့ ဈေးနှုန်းက ပေါင် သန်း ၂၀ ဖြစ်ပါတယ်။ ရှာကွီရီကို ရောင်းထုတ်ဖို့က အခြေအနေကောင်းနေတာကြောင့် အာဆင်နယ်နဲ့ ကာရာဘောင်းပွဲမှာ ချန်လှပ်ခဲ့ပါတယ်။

လူငယ်တိုက်စစ်မှူး ဘရူးစတားအတွက် ရှက်ဖီးနဲ့ ညိနှိုင်းမှုကလည်း အခြေအနေ ကောင်းမွန်နေပါတယ်။ သူ့ကိုလည်း အာဆင်နယ်နဲ့ပွဲ လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး လက်ရှိ အနေအထားတိုင်းဆိုရင် ဒီဈေးကွက်မှာ ရှာကွီရီ၊ ဘရူးစတား ထွက်ခွာပြီး ဝဲလ်ဆန်နဲ့ ဂရုဂျစ် ကျန်ခဲ့ဖွယ်ရှိနေပါတယ်။

ZAWGYI

ဒီမနက္မွာေတာ့ အေျပာင္းအေရႊ႔ သတင္းေတြက ပိုမို ခိုင္မာလာခဲ့ျပီး လီဗာပူးဟာ ရွာကီြရီနဲ႔ ဘရူးစတားတို႔ကို အျပီးသတ္ ေရာင္းထုတ္မယ့္ အေျခအေနျဖစ္တယ္လို႔ သိရပါတယ္။

ပထမအသင္းသားေတြျဖစ္တဲ့ ဝဲလ္ဆန္၊ ဂရုဂ်စ္၊ ရွာကီြရီ၊ ဘရူးစတားတို႔ဟာ အေျပာင္းအေရႊ႔မွာ ေရာင္းထုတ္ခံရမယ္ဆိုတဲ့ သတင္းေတြ က်ယ္ျပန္႔ေနေပမယ့္ ေသခ်ာတဲ့ ကမ္းလွမ္းမႈေတြ မရခဲ့ပါဘူး။ ဒါေပမယ့္လို႔ ေစ်းကြက္ပိတ္ဖို႔က ၃ ရက္ပဲ က်န္ေတာ့တဲ့ အခ်ိန္မွာ ပိုမို ျပတ္သားတဲ့ ကမ္းလွမ္းမႈေတြ ရလာျပီလို႔ သိရပါတယ္။

အားလံုးကို လမ္းဖြင့္ေပးထားခဲ့ေပမယ့္ ေမွ်ာ္လင့္ထားတဲ့ ကမ္းလွမ္းမႈမ်ိဳး မရဘဲ ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္အတြက္ ရရွိတ့ဲ ေျပာင္းေရႊ႔ေၾကးက နည္းပါးေနတာပါ။ သူတို႔ ႏွစ္ဦးလံုးက အသက္ ၂၃ ႏွစ္ကို ေက်ာ္လြန္ေနျပီျဖစ္ကာ အသင္းမွာ က်န္ခဲ့ရင္လည္း လူငယ္ကစားသမားေတြအျဖစ္ မဟုတ္ဘဲ မွတ္ပံုတင္ရမွာျဖစ္တယ္။

ရွာကီြရီကိုေတာ့ ကမ္းလွမ္းမႈ ၂ ခု ဝင္ေရာက္လာခဲ့ကာ ေကာင္းမြန္တဲ့ ခ်ိတ္ဆက္မႈလို႔ သိထားရတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္က စတုတ္ကေန ေပါင္ ၁၃ သန္းနဲ႔ ေျပာင္းလာခဲ့တဲ့ ရွာကီြရီအတြက္ လီဗာပူးက ညိႏိႈင္းေနတဲ့ ေစ်းႏႈန္းက ေပါင္ သနး္ ၂၀ ျဖစ္ပါတယ္။ ရွာကီြရီကို ေရာင္းထုတ္ဖို႔က အေျခအေနေကာင္းေနတာေၾကာင့္ အာဆင္နယ္နဲ႔ ကာရာေဘာင္းပြဲမွာ ခ်န္လွပ္ခဲ့ပါတယ္။

လူငယ္တိုက္စစ္မွဴး ဘရူးစတားအတြက္ ရွက္ဖီးနဲ႔ ညိႏိႈင္းမႈကလည္း အေျခအေန ေကာင္းမြန္ေနပါတယ္။ သူ႔ကိုလည္း အာဆင္နယ္နဲ႔ပြဲ လူစာရင္းကေန ခ်န္လွပ္ခဲ့ျပီး လက္ရွိ အေနအထားတိုင္းဆိုရင္ ဒီေစ်းကြက္မွာ ရွာကီြရီ၊ ဘရူးစတား ထြက္ခြာျပီး ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္ က်န္ခဲ့ဖြယ္ရွိေနပါတယ္။