လီဗာပူးရဲ့ အရောင်းစာရင်း တင်ထားတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်သူ ဂရုဂျစ်ကို ကမ်းလှမ်းလိုတဲ့ အသင်းတွေက များပြားလာနေခဲ့ပြီး အာဆင်နယ်နဲ့ပွဲအပြီးမှာ အင်္ဂလန်နဲ့ ပြင်သစ်ကလပ်တွေပါ ပါဝင်လာတယ်လို့ The Athletic က ဖော်ပြပါတယ်။

လီဗာပူးအသင်းဟာ ကစားသမား ဟန်ချက်ညီဖို့ လိုအပ်နေမှုကြောင့် ဈေးကွက်ထဲမှာ ဆက်ရှိနေသေးတာပါ။ အစောတုန်းက ဘရူးစတားနဲ့ ဝဲလ်ဆန်တို့ကို ကမ်းလှမ်းတဲ့ ကလပ်တွေ များခဲ့ပေမယ့် ဈေးကွက်ပိတ်ခါနီးချိန်မှာ ဝဲလ်ဆန်ကို ကမ်းလှမ်းလိုတဲ့ အသင်းတွေ မရှိတော့ဘဲ ဘရူးစတားကတော့ ထွက်ခွာဖို့ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။

ဒါ့အပြင် ဈေးကွက် အစောပိုင်းတွေမှာ ဂရုဂျစ်ကို ခေါ်ယူဖို့ ဘွန်ဒက်လီဂါကလပ် ဂလာဘတ် တစ်သင်းတည်းက ချိတ်ဆက်ခဲ့ပေမယ့် ကာရာဘောင်းပွဲတွေမှာ အထင်ကြီးစရာ ခြေစွမ်းတွေ ဆက်တိုက်ပြသခဲ့တာကြောင့် သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေ ဆက်တိုက် တိုးပွားလာခဲ့တယ်။ အခုချိန်မှာတော့ မတူညီတဲ့ လိဂ် ၃ ခုက ကလပ်တွေက ဂရုဂျစ်အတွက် လီဗာပူးတောင်းဆိုမယ့် အခြေအနေကို သိလိုနေကြပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် ဝက်ဟမ်းနဲ့ ဆောက်သမ်တန်တို့ဟာ ဂရုဂျစ်ကို ခေါ်ယူဖို့ ဝင်ရောက်လိုနေတယ်။ ဒါ့အပြင် ဒီကနေ့မှာပဲ နောက်ထပ် ဂျာမနီကလပ်နဲ့ ပြင်သစ်က ကလပ်တွေကလည်း ကမ်းလှမ်းလိုနေတယ်လို့ သိရတယ်။

မန်နေဂျာကလော့ပ်က ဝဲလ်ဆန်နဲ့ ဂရုဂျစ်ကို မဲဝုဒ်မှာ ဆက်လက်ပြီး လေ့ကျင့်စေဖို့ကိုလည်း ခွင့်ပြုမှာဖြစ်ကာ ကလပ်ရဲ့ တောင်းဆိုမှုအထိ ကမ်းလှမ်းမှုတွေ မရောက်လာခဲ့ရင်လည်း လူစာရင်းအတွင်း ထည့်သုံးဖို့ကို ပြဿနာ မရှိပါဘူး။ ပြိုင်ပွဲရှည်ကို ကျော်ဖြတ်ရမှာဖြစ်လို့ မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ မရရင်လည်း ဇန်နဝါရီထိ ဝဲလ်ဆန်နဲ့ ဂရုဂျစ်ကို ဆက်ထိန်းသွားမှာဖြစ်တယ်။

အသင်းဘက်ကတော့ အသက် ၂၉ နှစ်အရွယ် ရှာကွီရီကို ရောင်းထုတ်ဖို့အား ပိုမို ဦးစားပေး လုပ်ဆောင်နေပြီး ဈေးကွက်ကိစ္စကို အကောင်းဆုံး ဖြေရှင်းလိုနေပါတယ်။ ဝဲလ်ဆန်၊ ဂရုဂျစ်အတွက် အသင်းတာင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ရရင်တော့ ဒီနွေမှာတင် ရောင်းထုတ်သွားမယ်လို့ လီဗာပူးရဲ့ အကြီးတန်း ပုဂ္ဂိုလ်တစ်ဦးက The Athletic ကို သတင်းပေးခဲ့ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ အေရာင္းစာရင္း တင္ထားတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္သူ ဂရုဂ်စ္ကို ကမ္းလွမ္းလိုတဲ့ အသင္းေတြက မ်ားျပားလာေနခဲ့ျပီး အာဆင္နယ္နဲ႔ပြဲအျပီးမွာ အဂၤလန္နဲ႔ ျပင္သစ္ကလပ္ေတြပါ ပါဝင္လာတယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

လီဗာပူးအသင္းဟာ ကစားသမား ဟန္ခ်က္ညီဖို႔ လိုအပ္ေနမႈေၾကာင့္ ေစ်းကြက္ထဲမွာ ဆက္ရွိေနေသးတာပါ။ အေစာတုန္းက ဘရူးစတားနဲ႔ ဝဲလ္ဆန္တို႔ကို ကမ္းလွမ္းတဲ့ ကလပ္ေတြ မ်ားခဲ့ေပမယ့္ ေစ်းကြက္ပိတ္ခါနီးခ်ိန္မွာ ဝဲလ္ဆန္ကို ကမ္းလွမ္းလိုတဲ့ အသင္းေတြ မရွိေတာ့ဘဲ ဘရူးစတားကေတာ့ ထြက္ခြာဖို႔ ေနာက္ဆံုးအဆင့္ကို ေရာက္ေနပါျပီ။

ဒါ့အျပင္ ေစ်းကြက္ အေစာပိုင္းေတြမွာ ဂရုဂ်စ္ကို ေခၚယူဖို႔ ဘြန္ဒက္လီဂါကလပ္ ဂလာဘတ္ တစ္သင္းတည္းက ခ်ိတ္ဆက္ခဲ့ေပမယ့္ ကာရာေဘာင္းပြဲေတြမွာ အထင္ၾကီးစရာ ေျခစြမ္းေတြ ဆက္တိုက္ျပသခဲ့တာေၾကာင့္ သူ႔ကို စိတ္ဝင္စားတဲ့ အသင္းေတြ ဆက္တုိက္ တိုးပြားလာခဲ့တယ္။ အခုခ်ိန္မွာေတာ့ မတူညီတဲ့ လိဂ္ ၃ ခုက ကလပ္ေတြက ဂရုဂ်စ္အတြက္ လီဗာပူးေတာင္းဆိုမယ့္ အေျခအေနကို သိလိုေနၾကျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ ဝက္ဟမ္းနဲ႔ ေဆာက္သမ္တန္တို႔ဟာ ဂရုဂ်စ္ကို ေခၚယူဖို႔ ဝင္ေရာက္လိုေနတယ္။ ဒါ့အျပင္ ဒီကေန႔မွာပဲ ေနာက္ထပ္ ဂ်ာမနီကလပ္နဲ႔ ျပင္သစ္က ကလပ္ေတြကလည္း ကမ္းလွမ္းလိုေနတယ္လို႔ သိရတယ္။

မန္ေနဂ်ာကေလာ့ပ္က ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္ကို မဲဝုဒ္မွာ ဆက္လက္ျပီး ေလ့က်င့္ေစဖို႔ကိုလည္း ခြင့္ျပဳမွာျဖစ္ကာ ကလပ္ရဲ႕ ေတာင္းဆိုမႈအထိ ကမ္းလွမ္းမႈေတြ မေရာက္လာခဲ့ရင္လည္း လူစာရင္းအတြင္း ထည့္သံုးဖို႔ကို ျပႆနာ မရွိပါဘူး။ ျပိဳင္ပြဲရွည္ကို ေက်ာ္ျဖတ္ရမွာျဖစ္လို႔ မွန္ကန္တဲ့ ကမ္းလွမ္းမႈေတြ မရရင္လည္း ဇန္နဝါရီထိ ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္ကို ဆက္ထိန္းသြားမွာျဖစ္တယ္။

အသင္းဘက္ကေတာ့ အသက္ ၂၉ ႏွစ္အရြယ္ ရွာကီြရီကို ေရာင္းထုတ္ဖို႔အား ပိုမို ဦးစားေပး လုပ္ေဆာင္ေနျပီး ေစ်းကြက္ကိစၥကို အေကာင္းဆံုး ေျဖရွင္းလိုေနပါတယ္။ ဝဲလ္ဆန္၊ ဂရုဂ်စ္အတြက္ အသင္းတာင္းဆိုတဲ့ ေျပာင္းေရႊ႔ေၾကး ရရင္ေတာ့ ဒီေႏြမွာတင္ ေရာင္းထုတ္သြားမယ္လို႔ လီဗာပူးရဲ႕ အၾကီးတန္း ပုဂၢိဳလ္တစ္ဦးက The Athletic ကို သတင္းေပးခဲ့ပါတယ္။