လီဗာပူးအသင်းဟာ အခြားသော ထိပ်တန်းအသင်းတွေလိုပဲ ဒီနှစ်အတွင်း ပွဲစဉ်ဇယား ကြပ်တည်းမှုကို ဆက်တိုက် ရင်ဆိုင်နေရပြီး ကြားထဲမှာ နိုင်ငံတကာ သီတင်းပတ်တွေကလည်း လုံးဝ အခွင့်အရေး မပေးပါဘူး။

ဥရောပမှာ ကိုဗစ် ဒုတိယလှိုင်းဖြစ်မှုတွေ မြင့်တက်နေပြီး အင်္ဂလန်နဲ့ စပိန်တို့မှာ အရင်အပတ်ကထက်စာရင် ပိုးတွေ့မှုတွေ ပြန်မြင့်တက်လာနေတယ်။ ပိုဆိုးတာက လီဗာပူးအသင်းက နိုင်ငံတကာ သီတင်းပတ်မှာ တောင်အမေရိက ကစားသမားတွေကို လက်လွတ်ပေးရဦးမှာဖြစ်ကာ သူတို့ဟာ နားရက် မရပါဘဲ ပရီးမီးယားလိဂ်ပွဲ ကစားရပါမယ်။

ကလော့ပ်က “ ဒီအခြေအနေမှာ ဘောလုံးကလပ်တစ်သင်းအဖြစ် ကျနေ်ာတို့က ကိုယ်ဘာသာပဲ ရင်ဆိုင်ဖြေရှင်းနေရတဲ့ အနေအထား ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ တီဗီထုတ်လွှင့်သူတွေက နိုင်ငံတကာ ဘောလုံးအသင်းတွေနဲ့ ကျနေ်ာတို့ကြား စိန်ခေါ်မှုတွေ ထိပ်တိုက်တွေ့ပေးထားတယ်။ သူတို့က ကျနေ်ာတို့ ကစားသမားတွေကို တစ်စက်တောင် ဂရုမစိုက်ဘူး။

ဥပမာဆိုပါတော့ ကျနေ်ာတို့ကစားသမားတွေ ပီရူးမှာ ကစားရမယ်ဗျာ (သောကြာနေ့မှ မဲဝုဒ်ကို ပြန်ရောက်မည်) ပြီးရင် စနေနေ့ မနက်အစောမှာ မာဆေးဆိုဒ်ဒါဘီ ကစားရမယ်။ သူတို့က ဒါက မင်းတို့ရဲ့ ပြဿနာ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး လုပ်နေကြတယ်။

ဒီတော့ ကျနေ်ာတို့က ကစားသမားတွေကို မဲဝုဒ်ကို အမြန်ပြန်ရောက်ဖို့နဲ့ အလုံခြုံဆုံး ပြန်ရောက်ဖို့ ကိုယ်ဘာသာပဲ စီစဉ်ရတော့မယ်။ သူတို့ သောကြာနေ့ ပြန်ရောက်ပါမယ်။ ကိုဗစ် စစ်ဆေးမှု လုပ်ရမယ်။ ပြီးရင်တော့ အခြေအနေကြည့်ပြီး စနေနေ့မှာ ကစားနိုင်မလား လုပ်သွားရမှာပါ ” လို့ ဆိုပါတယ်။

လီဗာပူးအသင်းရဲ့ ဘရာဇီးသားတွေက အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဘိုလီဗီးယား၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပီရူးတို့နဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။ သူတို့က မဲဝုဒ်ကို အစောဆုံး ပြန်လာနိုင်မှာက သောကြာနေ့မှာဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ အသင်းကို ရောက်ရောက်ချင်း ပိုးတန်းစစ်မှာဖြစ်ပြီး နောက်တစ်ရက်မှာ အဲဗာတန်နဲ့ ကစားရပါမယ်။

အခုချိန်ထိတော့ မာဆေးဆိုဒ်ဒါဘီပွဲ ပွဲချိန်ကို မကြေညာသေးပေမယ့် ဗြိတိန်စံတော်ချိန် နေ့ခင် ၁၂း၃၀ ကို ကစားစေမယ်လို့ သတင်းထွက်နေတယ်။ အဆိုပါပွဲပြီးရင်တော့ ချန်ပီယံလိဂ် ပထမဆုံးပွဲ ကစားရပါမယ်။ လီဗာပူးအသင်းက ကိုဗစ် ကူးစက်မှုအပြင် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကိုပါ စိုးရိမ်နေရမယ့် အနေအထား ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အျခားေသာ ထိပ္တန္းအသင္းေတြလိုပဲ ဒီႏွစ္အတြင္း ပြဲစဥ္ဇယား ၾကပ္တည္းမႈကို ဆက္တိုက္ ရင္ဆိုင္ေနရျပီး ၾကားထဲမွာ ႏုိင္ငံတကာ သီတင္းပတ္ေတြကလည္း လံုးဝ အခြင့္အေရး မေပးပါဘူး။

ဥေရာပမွာ ကိုဗစ္ ဒုတိယလိႈင္းျဖစ္မႈေတြ ျမင့္တက္ေနျပီး အဂၤလန္နဲ႔ စပိန္တို႔မွာ အရင္အပတ္ကထက္စာရင္ ပိုးေတြ႔မႈေတြ ျပန္ျမင့္တက္လာေနတယ္။ ပိုဆိုးတာက လီဗာပူးအသင္းက ႏုိင္ငံတကာ သီတင္းပတ္မွာ ေတာင္အေမရိက ကစားသမားေတြကို လက္လြတ္ေပးရဦးမွာျဖစ္ကာ သူတို႔ဟာ နားရက္ မရပါဘဲ ပရီးမီးယားလိဂ္ပြဲ ကစားရပါမယ္။

ကေလာ့ပ္က “ ဒီအေျခအေနမွာ ေဘာလံုးကလပ္တစ္သင္းအျဖစ္ က်ေန္ာတို႔က ကိုယ္ဘာသာပဲ ရင္ဆုိင္ေျဖရွင္းေနရတဲ့ အေနအထား ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္နဲ႔ တီဗီထုတ္လႊင့္သူေတြက ႏုိင္ငံတကာ ေဘာလံုးအသင္းေတြနဲ႔ က်ေန္ာတို႔ၾကား စိန္ေခၚမႈေတြ ထိပ္တိုက္ေတြ႔ေပးထားတယ္။ သူတို႔က က်ေန္ာတို႔ ကစားသမားေတြကို တစ္စက္ေတာင္ ဂရုမစိုက္ဘူး။

ဥပမာဆိုပါေတာ့ က်ေန္ာတို႔ကစားသမားေတြ ပီရူးမွာ ကစားရမယ္ဗ်ာ (ေသာၾကာေန႔မွ မဲဝုဒ္ကို ျပန္ေရာက္မည္) ျပီးရင္ စေနေန႔ မနက္အေစာမွာ မာေဆးဆိုဒ္ဒါဘီ ကစားရမယ္။ သူတို႔က ဒါက မင္းတို႔ရဲ႕ ျပႆနာ ငါတို႔နဲ႔ မဆုိင္ဘူးဆိုျပီး လုပ္ေနၾကတယ္။

ဒီေတာ့ က်ေန္ာတို႔က ကစားသမားေတြကို မဲဝုဒ္ကို အျမန္ျပန္ေရာက္ဖုိ႔နဲ႔ အလံုျခံဳဆံုး ျပန္ေရာက္ဖို႔ ကိုယ္ဘာသာပဲ စီစဥ္ရေတာ့မယ္။ သူတို႔ ေသာၾကာေန႔ ျပန္ေရာက္ပါမယ္။ ကိုဗစ္ စစ္ေဆးမႈ လုပ္ရမယ္။ ျပီးရင္ေတာ့ အေျခအေနၾကည့္ျပီး စေနေန႔မွာ ကစားႏုိင္မလား လုပ္သြားရမွာပါ ” လို႔ ဆိုပါတယ္။

လီဗာပူးအသင္းရဲ႕ ဘရာဇီးသားေတြက ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ ဘိုလီဗီးယား၊ ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာ ပီရူးတို႔နဲ႔ ယွဥ္ျပိဳင္ကစားမွာျဖစ္တယ္။ သူတို႔က မဲဝုဒ္ကို အေစာဆံုး ျပန္လာႏုိင္မွာက ေသာၾကာေန႔မွာျဖစ္ပါတယ္။ ကိုဗစ္ကာလမွာ အသင္းကို ေရာက္ေရာက္ခ်င္း ပိုးတန္းစစ္မွာျဖစ္ျပီး ေနာက္တစ္ရက္မွာ အဲဗာတန္နဲ႔ ကစားရပါမယ္။

အခုခ်ိန္ထိေတာ့ မာေဆးဆိုဒ္ဒါဘီပြဲ ပြဲခ်ိန္ကို မေၾကညာေသးေပမယ့္ ျဗိတိန္စံေတာ္ခ်ိန္ ေန႔ခင္ ၁၂း၃၀ ကို ကစားေစမယ္လို႔ သတင္းထြက္ေနတယ္။ အဆိုပါပြဲျပီးရင္ေတာ့ ခ်န္ပီယံလိဂ္ ပထမဆံုးပြဲ ကစားရပါမယ္။ လီဗာပူးအသင္းက ကိုဗစ္ ကူးစက္မႈအျပင္ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈကိုပါ စိုးရိမ္ေနရမယ့္ အေနအထား ျဖစ္ပါတယ္။