လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွေထဲမှာ အဝေးကွင်းသုံးပွဲကို ခရီးချိန် အတိုဆုံး သွားရမယ့်အသင်း ဖြစ်ပါတယ်။ ကလပ်က အဝေးကွင်း သုံးပွဲလုံးအတွက် စုစုပေါင်းမှ မိုင် ၁၉၀၀ ပဲ သွားရမှာဖြစ်ကာ ပွဲပန်းမယ့်အရေးက သက်သာခဲ့ပါပြီ။

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ချန်ပီယံလိဂ်မဲခွဲမှုအတွင်း ဥရောပ အကောင်းဆုံး ကွင်းလယ်လူအဖြစ် ဆုယူစဉ်မှာ သူငယ်စဉ်က အကြိုက်ဆုံး အားပေးခဲ့ရတဲ့ ကစားသမားက မိုင်ကယ်အိုဝင်ပါလို့ ဝန်ခံပါတယ်။

လီဗာပူးအသင်းက နိုင်ငံတကာ သီတင်းပတ်မှာ တောင်အမေရိက ကစားသမားတွေကို လက်လွတ်ပေးရဦးမှာဖြစ်ကာ သူတို့ဟာ ၁၇ ရက်နေ့ ယှဉ်ပြိုင်ကစားရမယ့် မာဆေးဆိုဒ်ဒါဘီပွဲကြို ၁၆ ရက်နေ့မှာမှ မဲဝုဒ်ကို ပြန်ရောက်ကြမှာဖြစ်ကာ နားရက် မရပါဘဲ ပရီးမီးယားလိဂ်ပွဲ ကစားရပါမယ်။

လီဗာပူးရဲ့ အရောင်းစာရင်း တင်ထားတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်သူ ဂရုဂျစ်ကို ကမ်းလှမ်းလိုတဲ့ အသင်းတွေက များပြားလာနေခဲ့ပြီး အာဆင်နယ်နဲ့ပွဲအပြီးမှာ အင်္ဂလန်နဲ့ ပြင်သစ်ကလပ်တွေပါ ပါဝင်လာတယ်လို့ The Athletic က ဖော်ပြပါတယ်။

မန်နေဂျာက အသင်းသားအချို့က လီဗာပူးကနေ ထွက်ခွာလိုနေတာကြောင့် ပုဂ္ဂိုလ်ရေး စကားပြောမှုတွေ လုပ်နေရတာကိုလည်း အရိပ်အမြွက် ထုတ်ပြောခဲ့တယ်။ ဒါပေမယ့် အသင်းသား ဘယ်နှစ်ဦး ထွက်ခွာလိုတယ်ဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။

လီဗာပူးအသင်းဟာ စီးရီးအေကလပ် အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်မှာ တစ်အုပ်စုတည်း ကျရောက်နေပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပါတယ်။

စက်တင်ဘာလရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး မန်နေဂျာအတွက် ဆန်ကာတင်စာရင်းထဲမှာ ယာဂင်ကလော့ပ် ပါဝင်နေပြီး အကောင်းဆုံး ကစားသမားစာရင်းရဲ့ ဆန်ကာတင်မှာတော့ မာနေး ပါဝင်နေပါတယ်။

လီဗာပူးနဲ့ ရှက်ဖီးယူနိုက်တက်ဟာ ဒီဘရူးစတားအတွက် ပေါင် ၂၃.၅ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့် သဘောတူထားပြီး ကနဦး ပေါင် ၁၅ သန်း ရပါမယ်။ ပြန်လည် ရောင်းချမှုကနေ လီဗာပူးက ၁၅% ခံစားခွင့်ရဦးမှာဖြစ်ကာ သုံးနှစ်အတွင်းမှာ ပြန်လည် ဝယ်ယူခွင့် ပါဝင်ပါမယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်က ဘောလုံးပေးမှုနဲ့ ခွေးရူးလေ့ကျင့်ရေးတွေကို ပါဝင်နိုင်နေပြီလို့ မန်နေဂျာက အတည်ပြုပါတယ်။ ဟန်ဒါဆန်ဟာ လက်ရွေးစင်အသင်းနဲ့ သွားရောက် ပူးပေါင်းမယ့် ကစားသမားတွေထဲမှာလည်း ပါဝင်နေပါတယ်။

လီဗာပူး လူငယ်တွေဖြစ်တဲ့ ကာတစ်ဂျုံးနဲ့ ဘရူးစတားတို့ဟာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် ရွေးချယ်ခံခဲ့ရပါတယ်။ ဂျုံးအတွက်ကတော့ ယူ-၂၁ အသင်း မှာ ပထမဆုံး ပါဝင်ခွင့်ရခဲ့တာပါ။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲဝင္ အဂၤလန္အသင္းေတြထဲမွာ အေဝးကြင္းသံုးပြဲကို ခရီးခ်ိန္ အတိုဆံုး သြားရမယ့္အသင္း ျဖစ္ပါတယ္။ ကလပ္က အေဝးကြင္း သံုးပြဲလံုးအတြက္ စုစုေပါင္းမွ မိုင္ ၁၉၀၀ ပဲ သြားရမွာျဖစ္ကာ ပြဲပန္းမယ့္အေရးက သက္သာခဲ့ပါျပီ။

မန္စီးတီး ကြင္းလယ္လူ ဒီဘရိုင္းက ခ်န္ပီယံလိဂ္မဲခြဲမႈအတြင္း ဥေရာပ အေကာင္းဆံုး ကြင္းလယ္လူအျဖစ္ ဆုယူစဥ္မွာ သူငယ္စဥ္က အၾကိဳက္ဆံုး အားေပးခဲ့ရတဲ့ ကစားသမားက မုိင္ကယ္အိုဝင္ပါလို႔ ဝန္ခံပါတယ္။

လီဗာပူးအသင္းက ႏုိင္ငံတကာ သီတင္းပတ္မွာ ေတာင္အေမရိက ကစားသမားေတြကို လက္လြတ္ေပးရဦးမွာျဖစ္ကာ သူတို႔ဟာ ၁၇ ရက္ေန႔ ယွဥ္ျပိဳင္ကစားရမယ့္ မာေဆးဆိုဒ္ဒါဘီပြဲၾကိဳ ၁၆ ရက္ေန႔မွာမွ မဲဝုဒ္ကို ျပန္ေရာက္ၾကမွာျဖစ္ကာ နားရက္ မရပါဘဲ ပရီးမီးယားလိဂ္ပြဲ ကစားရပါမယ္။

လီဗာပူးရဲ႕ အေရာင္းစာရင္း တင္ထားတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္သူ ဂရုဂ်စ္ကို ကမ္းလွမ္းလိုတဲ့ အသင္းေတြက မ်ားျပားလာေနခဲ့ျပီး အာဆင္နယ္နဲ႔ပြဲအျပီးမွာ အဂၤလန္နဲ႔ ျပင္သစ္ကလပ္ေတြပါ ပါဝင္လာတယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

မန္ေနဂ်ာက အသင္းသားအခ်ိဳ႔က လီဗာပူးကေန ထြက္ခြာလိုေနတာေၾကာင့္ ပုဂၢိဳလ္ေရး စကားေျပာမႈေတြ လုပ္ေနရတာကိုလည္း အရိပ္အျမြက္ ထုတ္ေျပာခဲ့တယ္။ ဒါေပမယ့္ အသင္းသား ဘယ္ႏွစ္ဦး ထြက္ခြာလိုတယ္ဆိုတာကိုေတာ့ အတိအက် မေျပာခဲ့ပါဘူး။

လီဗာပူးအသင္းဟာ စီးရီးေအကလပ္ အတၱလန္တာအသင္းနဲ႔ ခ်န္ပီယံလိဂ္မွာ တစ္အုပ္စုတည္း က်ေရာက္ေနျပီး အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအၾကိမ္ ေတြ႔ဆံုျခင္း ျဖစ္ပါတယ္။

စက္တင္ဘာလရဲ႕ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံး မန္ေနဂ်ာအတြက္ ဆန္ကာတင္စာရင္းထဲမွာ ယာဂင္ကေလာ့ပ္ ပါဝင္ေနျပီး အေကာင္းဆံုး ကစားသမားစာရင္းရဲ႕ ဆန္ကာတင္မွာေတာ့ မာေနး ပါဝင္ေနပါတယ္။

လီဗာပူးနဲ႔ ရွက္ဖီးယူႏိုက္တက္ဟာ ဒီဘ႐ူးစတားအတြက္ ေပါင္ ၂၃.၅ သန္းထိ ေရာက္ႏိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးျဖင့္ သေဘာတူထားၿပီး ကနဦး ေပါင္ ၁၅ သန္း ရပါမယ္။ ျပန္လည္ ေရာင္းခ်မႈကေန လီဗာပူးက ၁၅% ခံစားခြင့္ရဦးမွာျဖစ္ကာ သုံးႏွစ္အတြင္းမွာ ျပန္လည္ ဝယ္ယူခြင့္ ပါဝင္ပါမယ္။

အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ေဘာလံုးေပးမႈနဲ႔ ေခြးရူးေလ့က်င့္ေရးေတြကို ပါဝင္ႏုိင္ေနျပီလို႔ မန္ေနဂ်ာက အတည္ျပဳပါတယ္။ ဟန္ဒါဆန္ဟာ လက္ေရြးစင္အသင္းနဲ႔ သြားေရာက္ ပူးေပါင္းမယ့္ ကစားသမားေတြထဲမွာလည္း ပါဝင္ေနပါတယ္။

လီဗာပူး လူငယ္ေတြျဖစ္တဲ့ ကာတစ္ဂ်ံဳးနဲ႔ ဘရူးစတားတို႔ဟာ အဂၤလန္ ယူ-၂၁ အသင္းအတြက္ ေရြးခ်ယ္ခံခဲ့ရပါတယ္။ ဂ်ံဳးအတြက္ကေတာ့ ယူ-၂၁ အသင္း မွာ ပထမဆံုး ပါဝင္ခြင့္ရခဲ့တာပါ။