မန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ပေးဖို့ တောင်းဆိုပေမယ့် မအောင်မြင်တာကြောင့် စိတ်ပျက်ကြောင်းကို ပေါ်တင် ထုတ်ပြောလိုက်ပါတယ်။

အင်္ဂလန်လိဂ်ဟာ အနည်းငယ် လက်ပေါက်ကပ်တဲ့ လိဂ်တစ်ခုဖြစ်ပြီး လူစားလဲမှု ၅ ခုကို ခွင့်ပေးတာက အရန်စာရင်း တောင့်တင်းတဲ့ ကြီး ၆ ကြီးကို မျက်နှာသာပေးခြင်းဆိုကာ ကန့်ကွက်ခဲ့တာပါ။ ဒါပေမယ့်လို့ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်လီဂါ အပါအဝင် ဥရောပလိဂ်တွေမှာတော့ လူစားလဲမှု ၅ ခုကို ခွင့်ပြုပေးတာက ကစားသမားတွေရဲ့ ကျန်းမာရေးအတွက်ဆိုကာ အားလုံးက လုပ်ခွင့်ပေးထားခဲ့တယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီဟာ သာမာန် ရာသီတွေလို မဟုတ်ဘဲ ပြက္ခဒိန်ရက် ပိုတိုပေမယ့် ပွဲစဉ်က တစ်ခုမှ လျော့နည်းမှာ မဟုတ်ဘူး။ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုက ပြဿနာဖြစ်လာနိုင်ခြင်းကြောင့် ချန်ပီယံလိဂ်လို ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲမှာတောင် လူစားလဲမှု ၅ ခုကို တရားဝင် ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေနဲ့ ဥရောပ ပြိုင်ပွဲတွေမှာ ကစားသမားတွေအတွက် ကြည့်ပေးတဲ့ ဒီစည်းမျဉ်းကို အင်္ဂလန်မှာတော့ ဖယ်ထုတ်ခဲ့ပြီး ပရီးမီးယားလိဂ်ဟာ လူစားလဲမှု ၃ ခုပဲ လုပ်ခွင့်ရမယ့် တစ်ခုတည်းသော လိဂ်ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က “ အင်္ဂလန်ကပဲ လူစားလဲမှု ၅ ခုကို ခွင့်မပြုတဲ့ တစ်နိုင်ငံတည်းသော တိုင်းပြည်ပါ။ အားလုံးသော နိုင်ငံတွေက လူစားလဲမှု ၅ ခုကို ခွင့်ပြုပါတယ်။ နေးရှင်းလိဂ်မှာတောင်မှ လူစားလဲမှု ၅ ခုကို ခွင့်ပြုတယ်။ ဒီအတွက် နိုင်ငံတကာ နည်းပြတွေ အားလုံးက ပျော်ရွှင်ကြပါတယ်။

အင်္ဂလန်မှာတော့ ကျနော်က လူစားလဲမှု ၅ ခုကို လိုချင်တဲ့ တစ်ဦးတည်းသော မန်နေဂျာပါ ဒါပေမယ့် ကျနော် ဒါကို တောင်းဆိုရတာ ကစားသမားတွေ အတွက်ပါ။ အခြားသော နိုင်ငံတွေမှာ လူစားလဲမှု ၅ ခုကို လုပ်ခွင့်ရနေပေမယ့် အင်္ဂလန်မှာကတော့ ကြီး ၆ ကြီးထဲက တစ်သင်းက လူစားလဲမှု ၅ ခုကို အလိုရှိနေတာအတွက် တောင်းပန်ပါတယ်လို့တောင် ပြန်ပြောရပါဦးမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAwGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီရာသီ ပရီးမီးယားလိဂ္မွာ လူစားလဲမႈ ၅ ခုထိ လုပ္ခြင့္ေပးဖို႔ ေတာင္းဆိုေပမယ့္ မေအာင္ျမင္တာေၾကာင့္ စိတ္ပ်က္ေၾကာင္းကို ေပၚတင္ ထုတ္ေျပာလိုက္ပါတယ္။

အဂၤလန္လိဂ္ဟာ အနည္းငယ္ လက္ေပါက္ကပ္တဲ့ လိဂ္တစ္ခုျဖစ္ျပီး လူစားလဲမႈ ၅ ခုကို ခြင့္ေပးတာက အရန္စာရင္း ေတာင့္တင္းတဲ့ ၾကီး ၆ ၾကီးကို မ်က္ႏွာသာေပးျခင္းဆိုကာ ကန္႔ကြက္ခဲ့တာပါ။ ဒါေပမယ့္လို႔ လာလီဂါ၊ စီးရီးေအ၊ ဘြန္ဒက္လီဂါ အပါအဝင္ ဥေရာပလိဂ္ေတြမွာေတာ့ လူစားလဲမႈ ၅ ခုကို ခြင့္ျပဳေပးတာက ကစားသမားေတြရဲ႕ က်န္းမာေရးအတြက္ဆိုကာ အားလံုးက လုပ္ခြင့္ေပးထားခဲ့တယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီဟာ သာမာန္ ရာသီေတြလို မဟုတ္ဘဲ ျပကၡဒိန္ရက္ ပိုတိုေပမယ့္ ပြဲစဥ္က တစ္ခုမွ ေလ်ာ့နည္းမွာ မဟုတ္ဘူး။ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈက ျပႆနာျဖစ္လာႏုိင္ျခင္းေၾကာင့္ ခ်န္ပီယံလိဂ္လို ဥေရာပရဲ႕ အဆင့္အျမင့္ဆံုး ျပိဳင္ပြဲမွာေတာင္ လူစားလဲမႈ ၅ ခုကို တရားဝင္ ခြင့္ျပဳေပးထားတာ ျဖစ္ပါတယ္။

ဥေရာပႏုိင္ငံေတြနဲ႔ ဥေရာပ ျပိဳင္ပြဲေတြမွာ ကစားသမားေတြအတြက္ ၾကည့္ေပးတဲ့ ဒီစည္းမ်ဥ္းကို အဂၤလန္မွာေတာ့ ဖယ္ထုတ္ခဲ့ျပီး ပရီးမီးယားလိဂ္ဟာ လူစားလဲမႈ ၃ ခုပဲ လုပ္ခြင့္ရမယ့္ တစ္ခုတည္းေသာ လိဂ္ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္က “ အဂၤလန္ကပဲ လူစားလဲမႈ ၅ ခုကို ခြင့္မျပဳတဲ့ တစ္ႏိုင္ငံတည္းေသာ တိုင္းျပည္ပါ။ အားလံုးေသာ ႏုိင္ငံေတြက လူစားလဲမႈ ၅ ခုကို ခြင့္ျပဳပါတယ္။ ေနးရွင္းလိဂ္မွာေတာင္မွ လူစားလဲမႈ ၅ ခုကို ခြင့္ျပဳတယ္။ ဒီအတြက္ ႏုိင္ငံတကာ နည္းျပေတြ အားလံုးက ေပ်ာ္ရႊင္ၾကပါတယ္။

အဂၤလန္မွာေတာ့ က်ေနာ္က လူစားလဲမႈ ၅ ခုကို လိုခ်င္တဲ့ တစ္ဦးတည္းေသာ မန္ေနဂ်ာပါ ဒါေပမယ့္ က်ေနာ္ ဒါကို ေတာင္းဆိုရတာ ကစားသမားေတြ အတြက္ပါ။ အျခားေသာ ႏုိင္ငံေတြမွာ လူစားလဲမႈ ၅ ခုကို လုပ္ခြင့္ရေနေပမယ့္ အဂၤလန္မွာကေတာ့ ၾကီး ၆ ၾကီးထဲက တစ္သင္းက လူစားလဲမႈ ၅ ခုကို အလိုရွိေနတာအတြက္ ေတာင္းပန္ပါတယ္လို႔ေတာင္ ျပန္ေျပာရပါဦးမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။