၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပက်သက်လို့ စူပါကွန်ပြူတာကနေ ပြီး ဘယ်အသင်းက ချန်ပီယံဖြစ်မလဲအတွက် စစ်ထုတ်မှု တစ်ခု ပြူလုပ်ခဲ့ပါတယ်။

အဆိုပါ စစ်ထုတ်မှုမှာတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ လီဗာပူးအသင်း ဗိုလ်ဆွဲနိုင်ချေက တတိယနေရာမှာ ရှိနေတယ်လို့ သိရတယ်။ လီဗာပူးအသင်းဟာ အေဂျက်၊ အတ္တလန်တာတို့နဲ့ ယှဉ်ပြိုင်ကစားပြီး အုပ်စုအဆင့်ကနေ ရံှူးထွက်ကို ရောက်နိုင်ချေက ၇၀% ထိ ရှိပြီး ချန်ပီယံလိဂ်ကို ဗိုလ်ဆွဲနိုင်ချေက ၁၂% ရှိပါတယ်။

ချန်ပီယံလိဂ်ကို အနိုင်ရမှု တွက်ချက်မှုမှာ အမြင့်ဆုံးကတော့ လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံ ထပ်ဖြစ်ဖို့ဖြစ်ပြီး ၂၀% ဖြစ်နိုင်ချေ ရှိတယ်လို့ သိရတယ်။ ဒုတိယနေရာမှာတော့ မန်စီးတီးရှိနေကာ လီဗာပူးထက် အနည်းငယ် ပိုမြင့်ပြီး ၁၆% ချန်ပီယံဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။

လီဗာပူးအသင်းက အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကို တက်နိုင်ချေ ၇၀ ရာခိုင်နှုန်းရှိကာ အုပ်စု ဒုတိယအဖြစ် နောက်တစ်ဆင့် တက်နိုင်ချေက ၂၂% ဖြစ်ပြီး အုပ်စုအဆင့်ကနေ ထွက်ခွာရဖို့က ၈% ဖြစ်နိုင်ချေ ရှိပါတယ်။

လီဗာပူးအသင်းဟာ ဘွန်ကီတွေမှာလည်း ဒီရာသီ ချန်ပီယံလိဂ်ကို အနိုင်ရဖို့ ပေါက်ကြေးထုတ်ခံရနှုန်း မြင့်မားတဲ့ အသင်းတစ်သင်းဖြစ်တယ်။ လီဗာပူးရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဆင့် ပထမဆုံးပွဲကိုတော့ အေဂျက်အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခြင်းဖြင့် စတင်ရမှာ ဖြစ်ပါတယ်။

Most likely to win the 2020-21 Champions League

Bayern Munich Win final: 21%
Manchester City Win final: 16%
Liverpool Win final: 12%
Barcelona Win final: 11%
PSG Win final: 8%
Real Madrid Win final: 7%

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲနဲ႔ ပက္သက္လို႔ စူပါကြန္ျပဴတာကေန ျပီး ဘယ္အသင္းက ခ်န္ပီယံျဖစ္မလဲအတြက္ စစ္ထုတ္မႈ တစ္ခု ျပဴလုပ္ခဲ့ပါတယ္။

အဆုိပါ စစ္ထုတ္မႈမွာေတာ့ ဒီရာသီ ခ်န္ပီယံလိဂ္မွာ လီဗာပူးအသင္း ဗိုလ္ဆြဲႏုိင္ေခ်က တတိယေနရာမွာ ရွိေနတယ္လို႔ သိရတယ္။ လီဗာပူးအသင္းဟာ ေအဂ်က္၊ အတၱလန္တာတို႔နဲ႔ ယွဥ္ျပိဳင္ကစားျပီး အုပ္စုအဆင့္ကေန ရံွဴးထြက္ကို ေရာက္ႏုိင္ေခ်က ၇၀% ထိ ရွိျပီး ခ်န္ပီယံလိဂ္ကို ဗိုလ္ဆြဲႏုိင္ေခ်က ၁၂% ရွိပါတယ္။

ခ်န္ပီယံလိဂ္ကို အႏုိင္ရမႈ တြက္ခ်က္မႈမွာ အျမင့္ဆံုးကေတာ့ လက္ရွိ ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္တို႔ ခ်န္ပီယံ ထပ္ျဖစ္ဖို႔ျဖစ္ျပီး ၂၀% ျဖစ္နုိင္ေခ် ရွိတယ္လို႔ သိရတယ္။ ဒုတိယေနရာမွာေတာ့ မန္စီးတီးရွိေနကာ လီဗာပူးထက္ အနည္းငယ္ ပိုျမင့္ျပီး ၁၆% ခ်န္ပီယံျဖစ္ႏုိင္ေခ် ရွိတယ္လို႔ ဆိုပါတယ္။

လီဗာပူးအသင္းက အုပ္စုဗိုလ္အျဖစ္ ေနာက္တစ္ဆင့္ကို တက္ႏုိင္ေခ် ၇၀ ရာခိုင္ႏႈန္းရွိကာ အုပ္စု ဒုတိယအျဖစ္ ေနာက္တစ္ဆင့္ တက္ႏိုင္ေခ်က ၂၂% ျဖစ္ျပီး အုပ္စုအဆင့္ကေန ထြက္ခြာရဖို႔က ၈% ျဖစ္ႏုိင္ေခ် ရွိပါတယ္။

လီဗာပူးအသင္းဟာ ဘြန္ကီေတြမွာလည္း ဒီရာသီ ခ်န္ပီယံလိဂ္ကို အႏုိင္ရဖို႔ ေပါက္ေၾကးထုတ္ခံရႏႈန္း ျမင့္မားတ့ဲ အသင္းတစ္သင္းျဖစ္တယ္။ လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ အုပ္စုအဆင့္ ပထမဆံုးပြဲကိုေတာ့ ေအဂ်က္အိမ္ကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ျခင္းျဖင့္ စတင္ရမွာ ျဖစ္ပါတယ္။