အင်္ဂလန်လူငယ်စတား ဆန်ချိုဟာ လီဗာပူးနဲ့ သတင်းထွက်ထားတဲ့ မြင့်မားတဲ့ အသုံးစရိတ် ကုန်ကျမယ့် ကစားသမား ၂ ဦးထဲက တစ်ဦးဖြစ်ပါတယ်။

လီဗာပူးဟာ ဒေါ့မွန်မှ ဆန်ချို၊ ပီအက်စ်ဂျီမှ အမ်ဘတ်ပီတို့နဲ့ သတင်းတွေ ထွက်ထားခဲ့ဖူးပြီး The Athletic မှ လီဗာပူးသတင်းထောက် Pearce ကတော့ ဆန်ချို အပြောင်းအရွှေ့ဟာ လက်ရှိ မှာ မဖြစ်နိုင်သေးတဲ့ ကိစ္စအဖြစ် တုန့်ပြန်တယ်။ သူကတော့ လီဗာပူးက ဆန်ချိုကို ခေါ်ယူဖို့ ချဉ်းကပ်မယ်ဆိုရင် တိုက်စစ်ပိုင်းက ကစားသမား တစ်ဦးရဲ့ နေရာမှာ အစားထိုးရမယ့် အခြေအနေမှပါလို့ ပြောပါတယ်။

ဂျိမ်းပီရက်စ်က “ ဒီအခြေအနေမှာတော့ လီဗာပူးက ဆန်ချိုကို ခေါ်ယူဖို့ဆိုတဲ့ လမ်းကြောင်းမှာ ရှိမနေပါဘူး။ ယာဂင်ကလော့ပ်က ဆန်ချိုရဲ့ အမာခံ ပရိသတ် တစ်ဦးဆိုတာကိုတော့ ကျနော် အပြည့်အဝ သိထားပါတယ်။ လီဗာပူးအသင်းက ဆန်ချိုကို ခေါ်ယူဖို့ဆိုတာက ထူးထူးခြားခြား ကိစ္စတွေ ဖြစ်လာမယ့် အခြေအနေ အပေါ်မှာပဲ မူတည်နေပါတယ်။

ဒီအခြေအနေ (ဒီနွေ) မှာတော့ မဖြစ်နိုင်သေးဘူး။ အကယ်လို့ လီဗာပူးက ၂၀၂၁ ခုနှစ် နွေအပြောင်းအရွှေ့မှာ ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားပြီဆိုရင်တော့ အဲ့တာက အသင်းရဲ့ တိုက်စစ်သမား တစ်ဦးနေရာမှာ အစားထိုးစရာ လိုလာတာကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

အဲ့တာက ပြောစရာ ကိစ္စတစ်ခုလည်း ဖြစ်လာလိမ့်မယ်။ အကယ်လို့ ဒီရာသီမှာ ဆန်ချိုက ဒေါ့မွန်မှာပဲ ဆက်နေမယ်ဆိုရင်ပေါ့လေ။ ဒီအခြေအနေမှာတော့ လီဗာပူးနဲ့ ဆန်ချိုကြား အပြောင်းအရွှေ့ ကိစ္စက စိတ်ဝင်စားလောက်တဲ့ အခြေအနေမှာ မရှိပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်တယ်။

လီဗာပူးအသင်း တိုက်စစ်မှာတော့ ဆာလက်၊ မာနေးနဲ့ ဖာမင်နိုတို့ ရှိနေပြီး ဂျိုတာကိုလည်း ခေါ်ယူထားပါပြီ။ ပီရက်စ်ကတော့ မာနေးနဲ့ ဆာလက်လို ကစားသမားမျိုးတွေ အသင်းက ထွက်ခွာသွားချိန်မှ ဆန်ချိုက လီဗာပူးပစ်မှတ် ဖြစ်လာမယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI





