ဒီအပတ်အကုန် အောက်တိုဘာလ ၅ ရက် (တနလာၤနေ့) မနက် ၁၂း၄၅ နာရီ မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် အက်စတွန်ဗီလာအသင်း အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ရပါမယ်။

ဒီပွဲက ရာသီအစ ရံှူးပွဲ မရှိသေးတဲ့ ကလပ် ၂ သင်း ထိပ်တိုက်တွေ့ကြတာဖြစ်ပြီး လီဗာပူးအတွက်လည်း နိုင်ငံတကာ သီတင်းပတ် အတိုင်ခင် ရလဒ်ကောင်း ရယူဖို့ ကြိုးစားသွားရမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။

လော်ရိုးက ” မနှစ်တုန်းက လီဗာပူးအသင်း ပရီးမီးယားလိဂ်ကို အနိုင်ရစေခဲ့မှုမှာ ဒီလိုပွဲတွေက အဓိကကျတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ မနှစ်က နိုဝင်ဘာလတုန်းကဆိုရင် ပွဲပြီးခါနီးထိ လီဗာပူးက ၁-၀ နဲ့ အရေးနိမ့်နေခဲ့ပြီးမှ ၂-၁ နဲ့ အနိုင်ရခဲ့တယ်။ အဲ့တုန်းက ကလော့ပ် ကိုယ်တိုင်ကပဲ သူ့အသင်းက အကောင်းဆုံး အခြေအနေမှာ မရှိခဲ့ပေမယ့် နိုင်ပွဲကို ရယူနိုင်ခဲ့တယ်လို့ ဝန်ခံတယ်။

လီဗာပူးက လောလောဆယ် ပုံစံကောင်း ရှိနေသလို အက်စတွန်ဗီလာလည်း အဖွင့်ကောင်းနေမှုနဲ့အတူ ပုံစံကောင်းမှာ ရှိနေတယ်။ သူတို့က ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အရင်ရာသီကထက် ပိုကောင်းလာတာ တွေ့ရပါတယ်။ အခုထိ ကစားခဲ့တဲ့ ပြိုင်ဘက် အသင်းတွေက အင်အားနည်းတဲ့ အသင်းတွေပဲ ဖြစ်ပါတယ်။

ဗီလာက ဒီရာသီ တိုက်စစ်က သွင်းဂိုး မရှိသေးတဲ့ ရှက်ဖီးကို နိုင်တယ်။ နောက်ပြီး ယိုင်နဲ့နေတဲ့ တန်းတက်ကလပ် ဖူလ်ဟမ်နဲ့ တွေ့ခဲ့တာပါ။ လီဗာပူးကတော့ ကျစ်လစ်ခိုင်မာပြီး အစစ အရာရာ သာလွန်နေတဲ့ အသင်း ဖြစ်ပါတယ်။ ” လို့ ခန့်မှန်းသွားခဲ့တယ်။

ဒီပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ အက်စတွန်ဗီလာ ဝ-၂ လီဗာပူး လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္အကုန္ ေအာက္တိုဘာလ ၅ ရက္ (တနလာၤေန႔) မနက္ ၁၂း၄၅ နာရီ မွာေတာ့ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ အျဖစ္ အက္စတြန္ဗီလာအသင္း အိမ္ကြင္းကို သြားေရာက္ ယွဥ္ျပိဳင္ရပါမယ္။

ဒီပြဲက ရာသီအစ ရံွဴးပြဲ မရွိေသးတဲ့ ကလပ္ ၂ သင္း ထိပ္တိုက္ေတြ႔ၾကတာျဖစ္ျပီး လီဗာပူးအတြက္လည္း ႏုိင္ငံတကာ သီတင္းပတ္ အတိုင္ခင္ ရလဒ္ေကာင္း ရယူဖို႔ ၾကိဳးစားသြားရမယ့္ ပြဲေကာင္းတစ္ပြဲ ျဖစ္ပါတယ္။

ေလာ္ရိုးက ” မႏွစ္တုန္းက လီဗာပူးအသင္း ပရီးမီးယားလိဂ္ကို အႏုိင္ရေစခဲ့မႈမွာ ဒီလိုပြဲေတြက အဓိကက်တဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ မႏွစ္က ႏိုဝင္ဘာလတုန္းကဆိုရင္ ပြဲျပီးခါနီးထိ လီဗာပူးက ၁-၀ နဲ႔ အေရးနိမ့္ေနခဲ့ျပီးမွ ၂-၁ နဲ႔ အႏုိင္ရခဲ့တယ္။ အဲ့တုန္းက ကေလာ့ပ္ ကိုယ္တိုင္ကပဲ သူ႔အသင္းက အေကာင္းဆံုး အေျခအေနမွာ မရွိခဲ့ေပမယ့္ ႏုိင္ပြဲကို ရယူႏုိင္ခဲ့တယ္လို႔ ဝန္ခံတယ္။

လီဗာပူးက ေလာေလာဆယ္ ပံုစံေကာင္း ရွိေနသလို အက္စတြန္ဗီလာလည္း အဖြင့္ေကာင္းေနမႈနဲ႔အတူ ပံုစံေကာင္းမွာ ရွိေနတယ္။ သူတို႔က ပရီးမီးယားလိဂ္ကို တန္းတက္လာတဲ့ အရင္ရာသီကထက္ ပိုေကာင္းလာတာ ေတြ႔ရပါတယ္။ အခုထိ ကစားခဲ့တဲ့ ျပိဳင္ဘက္ အသင္းေတြက အင္အားနည္းတဲ့ အသင္းေတြပဲ ျဖစ္ပါတယ္။

ဗီလာက ဒီရာသီ တိုက္စစ္က သြင္းဂိုး မရွိေသးတဲ့ ရွက္ဖီးကို နုိင္တယ္။ ေနာက္ျပီး ယိုင္နဲ႕ေနတဲ့ တန္းတက္ကလပ္ ဖူလ္ဟမ္နဲ႕ ေတြ႔ခဲ့တာပါ။ လီဗာပူးကေတာ့ က်စ္လစ္ခိုင္မာျပီး အစစ အရာရာ သာလြန္ေနတဲ့ အသင္း ျဖစ္ပါတယ္။ ” လို႔ ခန္႔မွန္းသြားခဲ့တယ္။

ဒီပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ အက္စတြန္ဗီလာ ၀-၂ လီဗာပူး လို႔ ျဖစ္ပါတယ္။