ဒီရာသီမှာ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုတွင်း ပြိုင်ဘက်တွေအဖြစ် အင်္ဂလန်အနီးတစ်ဝိုက်က နိုင်ငံတွေက ကလပ်တွေနဲ့ပဲ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

နယ်သာလန်ကလပ် အေဂျက်၊ အီတလီကလပ် အတ္တလန်တာ၊ ဒိန်းမတ်ကလပ် Midtjylland တို့နဲ့အတူ လီဗာပူးက တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။ အဝေးကွင်းတွေမှာတော့ အနီးဆုံး ပြိုင်ဘက်က အေဂျက်ဖြစ်ပြီး ၃၃၅ မိုင်ပဲ ကွာဝေးသလို၊ ဒိန်းမတ်ကလပ်ကလည်း ၅၂၆ မိုင်အကွာမှာ ရှိနေပါတယ်။ အဝေးဆုံးကတော့ အတ္တလန်တာဖြစ်ပြီး မိုင် ၁၀၀၀ အကွာမှာ ရှိနေတယ်။

လီဗာပူးဟာ အဆိုပါ အဝေးကွင်း သုံးပွဲလုံးအတွက် မိုင်ပေါင်း ၁၈၆၂ မိုင် ခရီးသွားရမှာဖြစ်ကာ ဒါဟာ ချယ်ဆီးအသင်းရဲ့ ပထမဆုံး ချန်ပီယံလိဂ် အဝေးကွင်းပွဲအဖြစ် ရုရှားကလပ် Krasdonar အသင်းထံ သွားရမယ့် မိုင် ၁၈၃၁ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ခရီးသိပ်တိုတာက မြင်သာမှာဖြစ်တယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာတော့ ဥရောပခရီး အတိုဆုံး သွားရမယ့် အသင်းဖြစ်ပြီး ယူနိုက်တက်က ၂၆၈၄ မိုင်၊ မန်စီးတီးက ၃၁၆၀ မိုင်နဲ့ ချယ်ဆီးက ၃၀၈၈ မိုင်တို့ ခရီးသွားရမှာဖြစ်တယ်။

ဒီလို ခရီးတိုခြင်းက ဒီရာသီလို ရာသီစတင်မှု နောက်ကျပေမယ့် ရာသီသိမ်းချိန် တူညီမယ့် ဘောလုံးရာသီတစ်ခုအတွက် ခရီးပမ်းမှုတွေကို လျော့ချနိုင်ဖို့ရာ အတော်လေး အကျိုးဖြစ်မယ့် ကိစ္စဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ပွဲစဉ်များအား မြန်မာစံတော်ချိန်တွေကို ပြောင်းပြီး ဖော်ပြထားပါတယ်။

လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် အုပ်စု D ပွဲစဉ်များ

အောက်တိုဘာလ ၂၂ ရက်နေ့ – Ajax (အဝေးကွင်း)
မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ

အောက်တိုဘာလ ၂၈ ရက်နေ့ – Midtjylland (အိမ်ကွင်း)
မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ

နိုဝင်ဘာလ ၄ ရက်နေ့ – Atalanta (အဝေးကွင်း)
မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ

နိုဝင်ဘာလ ၂၆ ရက်နေ့ – Atalanta (အိမ်ကွင်း)
မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ

ဒီဇင်ဘာလ ၂ ရက်နေ့ – Ajax (အိမ်ကွင်း)
မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ

ဒီဇင်ဘာလ ၉ ရက်နေ့ – Midtjylland (အဝေးကွင်း)
မြန်မာစံတော်ချိန် ည ၁၁း၂၅ နာရီ

ZAWGYI

ဒီရာသီမွာ လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုတြင္း ျပိဳင္ဘက္ေတြအျဖစ္ အဂၤလန္အနီးတစ္ဝိုက္က ႏုိင္ငံေတြက ကလပ္ေတြနဲ႔ပဲ ထိပ္တုိက္ေတြ႔မွာျဖစ္ပါတယ္။

နယ္သာလန္ကလပ္ ေအဂ်က္၊ အီတလီကလပ္ အတၱလန္တာ၊ ဒိန္းမတ္ကလပ္ Midtjylland တို႔နဲ႔အတူ လီဗာပူးက တစ္အုပ္စုတည္း က်ေရာက္ေနတာျဖစ္ပါတယ္။ အေဝးကြင္းေတြမွာေတာ့ အနီးဆံုး ျပိဳင္ဘက္က ေအဂ်က္ျဖစ္ျပီး ၃၃၅ မိုင္ပဲ ကြာေဝးသလို၊ ဒိန္းမတ္ကလပ္ကလည္း ၅၂၆ မိိုင္အကြာမွာ ရွိေနပါတယ္။ အေဝးဆံုးကေတာ့ အတၱလန္တာျဖစ္ျပီး မိုင္ ၁၀၀၀ အကြာမွာ ရွိေနတယ္။

လီဗာပူးဟာ အဆိုပါ အေဝးကြင္း သံုးပြဲလံုးအတြက္ မိုင္ေပါင္း ၁၈၆၂ မိုင္ ခရီးသြားရမွာျဖစ္ကာ ဒါဟာ ခ်ယ္ဆီးအသင္းရဲ႕ ပထမဆံုး ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲအျဖစ္ ရုရွားကလပ္ Krasdonar အသင္းထံ သြားရမယ့္ မိုင္ ၁၈၃၁ နဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ ခရီးသိပ္တိုတာက ျမင္သာမွာျဖစ္တယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ကလပ္ေတြထဲမွာေတာ့ ဥေရာပခရီး အတိုဆံုး သြားရမယ့္ အသင္းျဖစ္ျပီး ယူႏုိက္တက္က ၂၆၈၄ မိုင္၊ မန္စီးတီးက ၃၁၆၀ မိုင္နဲ႔ ခ်ယ္ဆီးက ၃၀၈၈ မိုင္တို႔ ခရီးသြားရမွာျဖစ္တယ္။

ဒီလို ခရီးတိုျခင္းက ဒီရာသီလို ရာသီစတင္မႈ ေနာက္က်ေပမယ့္ ရာသီသိမ္းခ်ိန္ တူညီမယ့္ ေဘာလံုးရာသီတစ္ခုအတြက္ ခရီးပမ္းမႈေတြကို ေလ်ာ့ခ်ႏုိင္ဖို႔ရာ အေတာ္ေလး အက်ိဳးျဖစ္မယ့္ ကိစၥျဖစ္ပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ လီဗာပူးအသင္းရဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္မ်ားအား ျမန္မာစံေတာ္ခ်ိန္ေတြကို ေျပာင္းၿပီး ေဖာ္ျပထားပါတယ္။

လီဗာပူးအသင္းရဲ႕ ခ်န္ပီယံလိဂ္ အုပ္စု D ပြဲစဥ္မ်ား

ေအာက္တိုဘာလ ၂၂ ရက္ေန႔ – Ajax (အေဝးကြင္း)
ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁း၃၀ နာရီ

ေအာက္တိုဘာလ ၂၈ ရက္ေန႔ – Midtjylland (အိမ္ကြင္း)
ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁း၃၀ နာရီ

ႏိုဝင္ဘာလ ၄ ရက္ေန႔ – Atalanta (အေဝးကြင္း)
ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁း၃၀ နာရီ

ႏိုဝင္ဘာလ ၂၆ ရက္ေန႔ – Atalanta (အိမ္ကြင္း)
ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁း၃၀ နာရီ

ဒီဇင္ဘာလ ၂ ရက္ေန႔ – Ajax (အိမ္ကြင္း)
ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁း၃၀ နာရီ

ဒီဇင္ဘာလ ၉ ရက္ေန႔ – Midtjylland (အေဝးကြင္း)
ျမန္မာစံေတာ္ခ်ိန္ ည ၁၁း၂၅ နာရီ