လီဗာပူးရဲ့ အနာဂတ် တိုက်စစ်မှူးလို့ နာမည်ကြီးတဲ့ ဘရူးစတားဟာ ရှက်ဖီးယူနိုက်တက်ကို ပေါင် ၂၃.၅ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးဟာ ဒန်နီအင့်၊ ဆိုလန်ကီ၊ စတားရစ်တို့ကို ထွက်ခွာစေခဲ့တဲ့ နောက်ပိုင်းမှာ ဘရူးစတားကို အတော်လေး မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှက်ဖီးကို ရောင်းချရာမှာတောင် လာမယ့် ၃ နှစ်အတွင်း အလိုရှိက ပြန်လည်ခေါ်ယူခွင့်ဆိုတဲ့ အချက်ကို အကျိတ်အနယ် ဆွေးနွေးပြီးမှ ရအောင် ထည့်သွင်းခဲ့ခြင်းဖြစ်တယ်။

ဘရူးစတားဟာ ၁ နှစ်ခွဲလောက်ကို ဒဏ်ရာနဲ့ ကျော်ဖြတ်ခဲ့ရပြီး လူငယ်ကစားသမား တစ်ဦးအနေနဲ့ ပိုမို တိုးတက်ဖို့ရာ ပွဲကစားခွင့်တွေ လိုအပ်နေသူဖြစ်လို့ အသင်းက တစ်ကိုယ်ကောင်း မဆန်ဘဲ အသင်းပြောင်းခွင့်ပြုခဲ့တာလို့ ကလော့ပ်က ပြောပါတယ်။

ကလော့ပ်က “ ကျနော်က တစ်ကိုယ်ကောင်းဆန်သူဆိုရင် ဒီအပြောင်းအရွှေ့ ဘယ်တော့မှ မဖြစ်ပါဘူး။ မှန်ကန်တဲ့ အချိန်၊ မှန်ကန်တဲ့နေရာအတွက် ကစားသမားတွေ လိုပါတယ်။ ဘရူးစတားက တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

လူတိုင်း သိသလို လူငယ်တိုင်းလည်း သိပါတယ်။ လူငယ်အားလုံးကိုတော့ ကျနေ်ာတို့ မထိန်းထားနိုင်ပါဘူး။ တစ်နှစ်မှာ တစ်ပွဲ၊ နှစ်ပွဲလောက်ပဲ ကစားရတာက အဖြေမဟုတ်သလို အဲ့တာက အလုပ်မဖြစ်ပါဘူး။ သူက အသင်းမှာ အကောင်းဆုံး လုပ်နေပေမယ့် သူ့ရဲ့ တိုးတက်မှုအတွက် ခြေလှမ်းကြီးတွေ လိုလာပါတယ်။

ဘရူးစတားက အရမ်းပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့တာပါ။ ပထမဆုံးအနေနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးမှာ တောင်းဆိုမှုတွေကို သူ အဆင်သင့် ပြန်ဖြစ်ဖို့ လိုပါတယ်။ အကယ်လို့ သူက အသက် ၂၅ နှစ် ၂၆ နှစ်လောက်ဆိုရင် သူတို့ကို ကျနေ်ာတို့ စောင့်ပေးလို့ ရပါတယ်။ ဘယ်ကိုမှ ထွက်ခွင့်မပေးလို့ ရတယ်။

ဒါပေမယ့် လူငယ်ကစားသမားအတွက်ကျတော့ ခြားနားပါတယ်။ သူ့လို ကစားသမားအတွက်က နောက်တစ်ဆင့်ကို သွားနိုင်ဖို့ လုပ်ရတော့မှာပါ။ သူက ဒဏ်ရာကြောင့် ပွဲကစားချိန်တွေ အများကြီး ဆုံးရံှူးထားတယ်။ သူ့ကို အခြားအသင်းကို ပြောင်းခွင့် ပေးလိုက်တာကပဲ သူ့အတွက် ကောင်းမယ်ထင်လို့ လုပ်ဆောင်ပေးခဲ့တာပါ ” လို့ ဆိုခဲ့တယ်။

ဘရူးစတားဟာ ဒဏ်ရာကြောင့် တိုးတက်မှု ၁ နှစ်ကျော် ရပ်တန့်ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ သူဟာ ရှက်ဖီးအသင်းနဲ့အတူ စီနီယာပွဲထွက်ခွင့် စတင်ကာ ရရှိသွားတော့မှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ အနာဂတ္ တိုက္စစ္မွဴးလို႔ နာမည္ၾကီးတဲ့ ဘရူးစတားဟာ ရွက္ဖီးယူႏုိက္တက္ကို ေပါင္ ၂၃.၅ သန္းျဖင့္ ေျပာင္းေရႊ႔သြားခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးဟာ ဒန္နီအင့္၊ ဆိုလန္ကီ၊ စတားရစ္တို႔ကို ထြက္ခြာေစခဲ့တဲ့ ေနာက္ပိုင္းမွာ ဘရူးစတားကို အေတာ္ေလး ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ရွက္ဖီးကို ေရာင္းခ်ရာမွာေတာင္ လာမယ့္ ၃ ႏွစ္အတြင္း အလိုရွိက ျပန္လည္ေခၚယူခြင့္ဆိုတဲ့ အခ်က္ကို အက်ိတ္အနယ္ ေဆြးေႏြးျပီးမွ ရေအာင္ ထည့္သြင္းခဲ့ျခင္းျဖစ္တယ္။

ဘရူးစတားဟာ ၁ ႏွစ္ခြဲေလာက္ကို ဒဏ္ရာနဲ႔ ေက်ာ္ျဖတ္ခဲ့ရျပီး လူငယ္ကစားသမား တစ္ဦးအေနနဲ႔ ပိုမို တိုးတက္ဖို႔ရာ ပြဲကစားခြင့္ေတြ လိုအပ္ေနသူျဖစ္လို႔ အသင္းက တစ္ကိုယ္ေကာင္း မဆန္ဘဲ အသင္းေျပာင္းခြင့္ျပဳခဲ့တာလို႔ ကေလာ့ပ္က ေျပာပါတယ္။

ကေလာ့ပ္က “ က်ေနာ္က တစ္ကိုယ္ေကာင္းဆန္သူဆိုရင္ ဒီအေျပာင္းအေရႊ႔ ဘယ္ေတာ့မွ မျဖစ္ပါဘူး။ မွန္ကန္တဲ့ အခ်ိန္၊ မွန္ကန္တဲ့ေနရာအတြက္ ကစားသမားေတြ လိုပါတယ္။ ဘရူးစတားက တိုက္ခိုက္ဖို႔ အဆင္သင့္ ျဖစ္ေနပါျပီ။

လူတိုင္း သိသလို လူငယ္တိုင္းလည္း သိပါတယ္။ လူငယ္အားလံုးကိုေတာ့ က်ေန္ာတို႔ မထိန္းထားႏုိင္ပါဘူး။ တစ္ႏွစ္မွာ တစ္ပြဲ၊ ႏွစ္ပြဲေလာက္ပဲ ကစားရတာက အေျဖမဟုတ္သလို အဲ့တာက အလုပ္မျဖစ္ပါဘူး။ သူက အသင္းမွာ အေကာင္းဆံုး လုပ္ေနေပမယ့္ သူ႔ရဲ႕ တိုးတက္မႈအတြက္ ေျခလွမ္းၾကီးေတြ လိုလာပါတယ္။

ဘရူးစတားက အရမ္းျပင္းထန္တဲ့ ဒဏ္ရာ ရခဲ့တာပါ။ ပထမဆံုးအေနနဲ႔ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးမွာ ေတာင္းဆိုမႈေတြကို သူ အဆင္သင့္ ျပန္ျဖစ္ဖို႔ လိုပါတယ္။ အကယ္လို႔ သူက အသက္ ၂၅ ႏွစ္ ၂၆ ႏွစ္ေလာက္ဆိုရင္ သူတို႔ကို က်ေန္ာတို႔ ေစာင့္ေပးလို႔ ရပါတယ္။ ဘယ္ကိုမွ ထြက္ခြင့္မေပးလို႔ ရတယ္။

ဒါေပမယ့္ လူငယ္ကစားသမားအတြက္က်ေတာ့ ျခားနားပါတယ္။ သူ႔လို ကစားသမားအတြက္က ေနာက္တစ္ဆင့္ကို သြားႏုိင္ဖို႔ လုပ္ရေတာ့မွာပါ။ သူက ဒဏ္ရာေၾကာင့္ ပြဲကစားခ်ိန္ေတြ အမ်ားၾကီး ဆံုးရံွဴးထားတယ္။ သူ႔ကို အျခားအသင္းကို ေျပာင္းခြင့္ ေပးလိုက္တာကပဲ သူ႔အတြက္ ေကာင္းမယ္ထင္လို႔ လုပ္ေဆာင္ေပးခဲ့တာပါ ” လို႔ ဆိုခဲ့တယ္။

ဘရူးစတားဟာ ဒဏ္ရာေၾကာင့္ တိုးတက္မႈ ၁ ႏွစ္ေက်ာ္ ရပ္တန္႔ခဲ့တာျဖစ္ျပီး ဒီရာသီမွာေတာ့ သူဟာ ရွက္ဖီးအသင္းနဲ႔အတူ စီနီယာပြဲထြက္ခြင့္ စတင္ကာ ရရွိသြားေတာ့မွာ ျဖစ္ပါတယ္။