လီဗာပူးတစ်သင်းလုံးဟာ အခုချိန်မှာ ပိုမိုထက်မြက်ပြီး အာရုံစူးစိုက်လာနိုင်တာနဲ့အတူ သူတို့ရဲ့ ပရီးမီးယားလိဂ်ဖလားကို ကာကွယ်ဖို့အတွက် ပိုပြီးတော့တောင် ခက်ခက်ခဲခဲ ကြိုးစားလေ့ကျင့်နေတယ်လို့ ဝိုက်နယ်ဒန်က ဆိုပါတယ်။

လက်ရှိချန်ပီယံတွေဟာ မနှစ်က မန်စီးတီးကို ၁၈မှတ်ဖြတ်ပြီးတော့ နှစ် ၃၀ အတွင်း ကလပ်ရဲ့ ပထမဆုံးလိဂ်ဖလား အောင်မြင်မှု ရယူနိုင်ခဲ့သလို ရာသီကုန်ဖို့ ၇ ပွဲအလိုမှာ ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ပထမဆုံးအသင်းလဲ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ဖလားရပြီးနောက်ပိုင်း အသင်းရဲ့ ပုံစံကောင်းတွေက ယိမ်းယိုင်သွားခဲ့တာနဲ့အတူ အဝတ်လဲခန်းအတွင်း စိတ်အားထက်သန်တက်ကြွမှုတွေ ကျဆင်းသွားခဲ့တယ်လို့ သံသယ ဝင်ခံခဲ့ရပါတယ်။ ဒီရာသီမှာတော့ ရာသီအစကို အကောင်းဆုံး အာရုံစိုက်ထားခဲ့ပြီး လိဒ်ယူနိုက်တက်၊ ချယ်ဆီး၊ အာဆင်နယ်တို့နဲ့ ၃ပွဲ ကစား ၃ပွဲလုံ အနိုင်ရရှိခဲ့ပါတယ်။

ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာ အာဆင်နယ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် လီဗာပူးကတော့ တနင်္ဂနွေနေ့ အက်စ်တွန်ဗီလာနဲ့ပွဲမှာ အရှုံးကို တုံ့ပြန်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ကာကွယ်ချင်တဲ့ ဆာလောင်မှုဟာ လီဗာပူးအသင်းမှာ စိတ်ဓါတ်ပိုင်းကို ပိုမို ခိုင်မာလာစေတယ်လို့ ဝိုက်နယ်ဒန်က ဆိုပါတယ်။

လီဗာပူးအနေနဲ့ သူတို့ရဲ့ တည်ငြိမ်မှုကို ဘယ်လို ထိန်းသိမ်းနိုင်ခဲ့တာလဲလို့ မေးမြန်းခဲ့ရာ နယ်သာလန် ကွင်းလယ်လူက “ဘာကြောင့်လဲဆိုတော့ တစ်သင်းလုံးက အချိန်အကြာကြီး အတူရှိခဲ့တယ်၊ လူတိုင်းက တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိတယ်၊ ဒါက အရင်ရာသီတွေတုန်းက ကျွန်တော်တို့ လုပ်ခဲ့တာနဲ့အတူတူပါပဲ။

အခု ကျွန်တော်တို့လုပ်နေတဲ့ တစ်ခုတည်းသော အရာလဲဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ချန်ပီယံဖြစ်ခဲ့ပြီးနောက်မှာ ထပ်ပြီးတော့ အောင်မြင်ချင်တယ်၊ ကျွန်တော်တို့ အရင်လို ကြိုးစားလေ့ကျင့်တယ်၊ ပိုပြီးတော့တောင် ခက်ခက်ခဲခဲ လုပ်နေတာပါ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အားလျှော့လိုက်ရင် ဒါတွေကို မလုပ်နိုင်တော့ဘူးဆိုတာ သိပါတယ်။

ပွဲတွေကိုအနိုင်ယူဖို့က လွယ်ကူတဲ့အရာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ မနှစ်ကလိုပဲ လုပ်ခဲ့တာဆိုပေမယ့် ပိုပြီးထက်မြက်လာပြီးတော့ အာရုံစူးစိုက်နေပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတစ္သင္းလုံးဟာ အခုခ်ိန္မွာ ပိုမိုထက္ျမက္ၿပီး အာ႐ုံစူးစိုက္လာႏိုင္တာနဲ႔အတူ သူတို႔ရဲ႕ ပရီးမီးယားလိဂ္ဖလားကို ကာကြယ္ဖို႔အတြက္ ပိုၿပီးေတာ့ေတာင္ ခက္ခက္ခဲခဲ ႀကိဳးစားေလ့က်င့္ေနတယ္လို႔ ဝိုက္နယ္ဒန္က ဆိုပါတယ္။

လက္ရွိခ်န္ပီယံေတြဟာ မႏွစ္က မန္စီးတီးကို ၁၈မွတ္ျဖတ္ၿပီးေတာ့ ႏွစ္ ၃၀ အတြင္း ကလပ္ရဲ႕ ပထမဆုံးလိဂ္ဖလား ေအာင္ျမင္မႈ ရယူႏိုင္ခဲ့သလို ရာသီကုန္ဖို႔ ၇ ပြဲအလိုမွာ ခ်န္ပီယံဆုဖလားကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ပထမဆုံးအသင္းလဲ ျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္ ဖလားရၿပီးေနာက္ပိုင္း အသင္းရဲ႕ ပုံစံေကာင္းေတြက ယိမ္းယိုင္သြားခဲ့တာနဲ႔အတူ အဝတ္လဲခန္းအတြင္း စိတ္အားထက္သန္တက္ႂကြမႈေတြ က်ဆင္းသြားခဲ့တယ္လို႔ သံသယ ဝင္ခံခဲ့ရပါတယ္။ ဒီရာသီမွာေတာ့ ရာသီအစကို အေကာင္းဆံုး အာ႐ုံစိုက္ထားခဲ့ၿပီး လိဒ္ယူႏိုက္တက္၊ ခ်ယ္ဆီး၊ အာဆင္နယ္တို႔နဲ႔ ၃ပြဲ ကစား ၃ပြဲလုံ အႏိုင္ရရွိခဲ့ပါတယ္။

ကာရာေဘာင္းဖလား စတုတၳအဆင့္မွာ အာဆင္နယ္ကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရေပမယ့္ လီဗာပူးကေတာ့ တနဂၤေႏြေန႔ အက္စ္တြန္ဗီလာနဲ႔ပြဲမွာ အရႈံးကို တုံ႔ျပန္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ဖလားကို ကာကြယ္ခ်င္တဲ့ ဆာေလာင္မႈဟာ လီဗာပူးအသင္းမွာ စိတ္ဓါတ္ပိုင္းကို ပိုမို ခိုင္မာလာေစတယ္လို႔ ဝိုက္နယ္ဒန္က ဆိုပါတယ္။

လီဗာပူးအေနနဲ႔ သူတို႔ရဲ႕ တည္ၿငိမ္မႈကို ဘယ္လို ထိန္းသိမ္းႏိုင္ခဲ့တာလဲလို႔ ေမးျမန္းခဲ့ရာ နယ္သာလန္ ကြင္းလယ္လူက “ဘာေၾကာင့္လဲဆိုေတာ့ တစ္သင္းလုံးက အခ်ိန္အၾကာႀကီး အတူရွိခဲ့တယ္၊ လူတိုင္းက တစ္ေယာက္အေၾကာင္း တစ္ေယာက္ ေကာင္းေကာင္းသိတယ္၊ ဒါက အရင္ရာသီေတြတုန္းက ကြၽန္ေတာ္တို႔ လုပ္ခဲ့တာနဲ႔အတူတူပါပဲ။

အခု ကြၽန္ေတာ္တို႔လုပ္ေနတဲ့ တစ္ခုတည္းေသာ အရာလဲျဖစ္တယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္မွာ ထပ္ၿပီးေတာ့ ေအာင္ျမင္ခ်င္တယ္၊ ကြၽန္ေတာ္တို႔ အရင္လို ႀကိဳးစားေလ့က်င့္တယ္၊ ပိုၿပီးေတာ့ေတာင္ ခက္ခက္ခဲခဲ လုပ္ေနတာပါ၊ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အားေလွ်ာ့လိုက္ရင္ ဒါေတြကို မလုပ္ႏိုင္ေတာ့ဘူးဆိုတာ သိပါတယ္။

ပြဲေတြကိုအႏိုင္ယူဖို႔က လြယ္ကူတဲ့အရာ မဟုတ္ပါဘူး၊ ကြၽန္ေတာ္တို႔ မႏွစ္ကလိုပဲ လုပ္ခဲ့တာဆိုေပမယ့္ ပိုၿပီးထက္ျမက္လာၿပီးေတာ့ အာ႐ုံစူးစိုက္ေနပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။