မန်စီးတီး ကစားသမားဟောင်း မီဂါရစ်ချက်က မနေ့က မန်စီးတီးအသင်းက လိဒ်ယူနိုက်တက်နဲ့ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားကို လီဗာပူးက ဦးဆောင်သွားမယ့် အနေအထားလို့ ထုတ်ပြောလိုက်ပါတယ်။

ရစ်ချက်ကတော့ လီဗာပူးဟာ ရမှတ် ၉၀ နဲ့အထက်ကို ဒီရာသီမှာလည်း ထပ်ရသွားမယ်လို့ မြင်နေတယ်။ မန်စီးတီးက ခြေချော်သလောက် လီဗာပူးအသင်းကတော့ ပွဲတိုင်းကို အနိုင်ရလဒ် ရယူနိုင်စွမ်းတွေ ရှိနေသေးတာ ဖြစ်ပါတယ်။

မီဂါ ရစ်ချက်က ” လီဗာပူးက ပရီးမီးယားလိဂ်မှာ တာထွက်ကောင်းနေတယ်။ သူတို့က ဒီရာသီမှာလည်း အမှတ် ၉၀ နဲ့ အထက်ကို ထပ်မံ ရသွားဖို့က မျှော်လင့်နိုင်နေတဲ့ အနေအထား ဖြစ်ပါတယ်။

လီဗာပူးကို ယှဉ်နိုင်ဖို့ဆိုတာက သီအိုရီတွေ ရှိပါတယ်။ အကယ်လို့ သူတို့ရဲ့ ဖိအားပေးမှုကို လွတ်မြောက်အောင် လုပ်နိုင်ရင်ဆိုတာပေါ့။ ဒါပေမယ့် လီဗာပူးဆိုတာကလည်း သူတို့ကို သုံးဂိုးသွင်းရင် သူတို့က လေးဂိုး ပြန်သွင်းမယ်ဆိုတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ သူတို့က တကယ်ကို ပြင်းပြင်းထန်ထန် စွမ်းဆောင်နိုင်တဲ့ အသင်း ဖြစ်ပါတယ်။

အကယ်လို့ မန်စီးတီးက ချန်ပီယံ ဖြစ်လိုတယ်ဆိုရင် အမှတ်ပေးဇယားမှာ ရမှတ်တွေ ရယူပြနိုင်ဖို့ လိုပါတယ်။ သူတို့က ရံှူးပွဲ ရင်ဆိုင်တွေ့ထားပြီဖြစ်သလို လိဒ်နဲ့ပွဲမှာလည်း ပြန်လည် တုန့်ပြန်မှုတွေ မလုပ်ပြနိုင်ခဲ့ပါဘူး။ အဲ့တာတွေက မန်စီးတီးကို ပိုမို ခက်ခဲလာစေခဲ့ပြီ ဖြစ်ပါတယ်။ အခြေအနေက လိဂ်ကို ဦးဆောင်မယ့်အသင်းက ပေါ်ထွက်လာမယ်လို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ လက်စတာကို အရေးနိမ့်ထားခဲ့ပြီး လိဒ်ကိုလည်း သရေပဲ ကစားနိုင်ခဲ့တာကြောင့် နှစ်ပွဲဆက် ရမှတ် အပြည့်မရခြင်းနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ လီဗာပူးက ဒီကနေ့မှာ အက်စတွန်ဗီလာနဲ့ ကစားရမှာဖြစ်ပြီး အနိုင်ရမယ်ဆိုရင် တစ်ပွဲပို အနေအထားမှာ ရမှတ် ၈ မှတ်ထိတောင် ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ အမှတ်ပေးပွဲ ရံှူးပွဲမရှိသေးသလို ဗီလာကလည်း ပုံစံကောင်းနေတာကြောင့် ဂရုစိုက် ယှဉ်ပြိုင်ရမယ့် ပွဲတစ်ပွဲလည်း ဖြစ်လာပါမယ်။

ZAWGYI

မန္စီးတီး ကစားသမားေဟာင္း မီဂါရစ္ခ်က္က မေန႔က မန္စီးတီးအသင္းက လိဒ္ယူႏုိက္တက္နဲ႔ သေရက်ခဲ့တာေၾကာင့္ အမွတ္ေပးဇယားကို လီဗာပူးက ဦးေဆာင္သြားမယ့္ အေနအထားလို႔ ထုတ္ေျပာလိုက္ပါတယ္။

ရစ္ခ်က္ကေတာ့ လီဗာပူးဟာ ရမွတ္ ၉၀ နဲ႔အထက္ကို ဒီရာသီမွာလည္း ထပ္ရသြားမယ္လို႔ ျမင္ေနတယ္။ မန္စီးတီးက ေျခေခ်ာ္သေလာက္ လီဗာပူးအသင္းကေတာ့ ပြဲတိုင္းကို အႏုိင္ရလဒ္ ရယူႏုိင္စြမ္းေတြ ရွိေနေသးတာ ျဖစ္ပါတယ္။

မီဂါ ရစ္ခ်က္က ” လီဗာပူးက ပရီးမီးယားလိဂ္မွာ တာထြက္ေကာင္းေနတယ္။ သူတို႔က ဒီရာသီမွာလည္း အမွတ္ ၉၀ နဲ႔ အထက္ကို ထပ္မံ ရသြားဖို႔က ေမွ်ာ္လင့္ႏုိင္ေနတဲ့ အေနအထား ျဖစ္ပါတယ္။

လီဗာပူးကို ယွဥ္ႏုိင္ဖို႔ဆိုတာက သီအိုရီေတြ ရွိပါတယ္။ အကယ္လို႔ သူတို႔ရဲ႕ ဖိအားေပးမႈကို လြတ္ေျမာက္ေအာင္ လုပ္ႏုိင္ရင္ဆိုတာေပါ့။ ဒါေပမယ့္ လီဗာပူးဆိုတာကလည္း သူတို႔ကို သံုးဂိုးသြင္းရင္ သူတို႔က ေလးဂိုး ျပန္သြင္းမယ္ဆိုတဲ့ အသင္းမ်ိဳး ျဖစ္ပါတယ္။ သူတို႔က တကယ္ကို ျပင္းျပင္းထန္ထန္ စြမ္းေဆာင္ႏုိင္တဲ့ အသင္း ျဖစ္ပါတယ္။

အကယ္လို႔ မန္စီးတီးက ခ်န္ပီယံ ျဖစ္လိုတယ္ဆိုရင္ အမွတ္ေပးဇယားမွာ ရမွတ္ေတြ ရယူျပႏုိင္ဖို႔ လိုပါတယ္။ သူတို႔က ရံွဴးပြဲ ရင္ဆိုင္ေတြ႔ထားျပီျဖစ္သလို လိဒ္နဲ႔ပြဲမွာလည္း ျပန္လည္ တုန္႔ျပန္မႈေတြ မလုပ္ျပႏုိင္ခဲ့ပါဘူး။ အဲ့တာေတြက မန္စီးတီးကို ပိုမို ခက္ခဲလာေစခဲ့ျပီ ျဖစ္ပါတယ္။ အေျခအေနက လိဂ္ကို ဦးေဆာင္မယ့္အသင္းက ေပၚထြက္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဂြာဒီယိုလာရဲ႕ အသင္းဟာ လက္စတာကို အေရးနိမ့္ထားခဲ့ျပီး လိဒ္ကိုလည္း သေရပဲ ကစားႏုိင္ခဲ့တာေၾကာင့္ ႏွစ္ပြဲဆက္ ရမွတ္ အျပည့္မရျခင္းနဲ႔ ရင္ဆိုင္ေနရျပီျဖစ္ပါတယ္။ လီဗာပူးက ဒီကေန႔မွာ အက္စတြန္ဗီလာနဲ႔ ကစားရမွာျဖစ္ျပီး အႏုိင္ရမယ္ဆိုရင္ တစ္ပြဲပို အေနအထားမွာ ရမွတ္ ၈ မွတ္ထိေတာင္ ျဖတ္ထားႏုိင္မွာျဖစ္ပါတယ္။

လီဗာပူးဟာ ဒီရာသီမွာ အမွတ္ေပးပြဲ ရံွဴးပြဲမရွိေသးသလို ဗီလာကလည္း ပံုစံေကာင္းေနတာေၾကာင့္ ဂရုစိုက္ ယွဥ္ျပိဳင္ရမယ့္ ပြဲတစ္ပြဲလည္း ျဖစ္လာပါမယ္။