ဒီနွေမှာ ဘရာဇီးကလပ် ဖလူမီနက်စ်အသင်းကနေ လီဗာပူး ခေါ်ယူထားတဲ့ ဘရာဇီးဂိုးသမားလေး Marcelo Pitaluga ဟာ မဲဝုဒ်က အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ပါဝင်နေပါတယ်။

အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ ဂိုးသမားလေးကို ပေါင် ၇ သိန်းနဲ့ ခေါ်ယူထားပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်းက ပေါင် ၁.၈ သန်းထိ ရောက်နိုင်ကာ အနာဂတ် ရောင်းချမှုကနေ ၂၅% ခံစားခွင့်ကို မိခင်ကလပ် ဖလူမီနက်စ်အသင်းကို ပေးရပါမယ်။ Pitaluga ကို ခေါ်ယူဖို့ကို အဓိက ထောက်ခံပေးသူကတော့ အယ်လီဆန်ပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်ကတော့ Marcelo Pitaluga ကို ယူ-၁၈ အသင်းမှာပဲ ကစားစေမယ်လို့ ယူဆစရာရှိတယ်။ ဒါပေမယ့်လို့ မဲဝုဒ်လေ့ကျင့်ရေးမှာ လီဗာပူးအသင်းဟာ အဆုံးသတ်ပိုင်းအတွက် လေ့ကျင့်စဉ် လုပ်ငန်းတွေလည်း များပြားတာကြောင့် သူဟာ စီနီယာအသင်းရဲ့ လေ့ကျင့်မှုမှာ ဂိုးသမားအဖြစ် ပူးပေါင်းပေးရမယ့် သဘောဖြစ်ပါတယ်။

လီဗာပူးဘက်က မဲဝုဒ်မှာ လေ့ကျင့်ရေး ဂိုးသမား လိုအပ်ချက်ကြောင့် လိုနာဂန်ကို ဆက်ထိန်းလိုပေမယ့် ထွက်ခွာခွင့်ပဲ ပေးခဲ့ပြီး လူငယ်တစ်ဦးကိုပဲ မွေးမြူသွားမှာ ဖြစ်ပါတယ်။ စီနီယာအသင်းအတွက် အယ်လီဆန်၊ အတ်ဒရီယန်နဲ့ ဂလယ်ဟာတို့ ရှိပေမယ့် အသင်းကြီးရဲ့ လေ့ကျင့်ရေးအတွက်က ဂိုးသမား အနည်းဆုံး ၅ ဦးလောက်ထိ လိုအပ်တယ်လို့ သိရတယ်။

လီဗာပူးအသင်းဟာ Fabian Mrozek (ဂိုးသမား) နဲ့ Mateusz Musialowski (ကွင်းလယ်) ဆိုတဲ့ ပိုလန်အတွဲနဲ့ နောက်ထပ် လူငယ် ကွင်းလယ်လူအဖြစ် ဂျာမနီသား Frauendorf တို့ကိုလည်း ခေါ်ယူထားခဲ့တယ်။ သူတို့ သုံးဦးလုံးကတော့ ယူ-၁၈ အသင်းတွေမှာ ကစားနေကြပြီ ဖြစ်ပါတယ်။

ZAWGYI

ဒီေႏြမွာ ဘရာဇီးကလပ္ ဖလူမီနက္စ္အသင္းကေန လီဗာပူး ေခၚယူထားတဲ့ ဘရာဇီးဂိုးသမားေလး Marcelo Pitaluga ဟာ မဲဝုဒ္က အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြ ပါဝင္ေနပါတယ္။

အသက္ ၁၇ ႏွစ္ပဲ ရွိေသးတဲ့ ဂိုးသမားေလးကို ေပါင္ ၇ သိန္းနဲ႔ ေခၚယူထားေပမယ့္ သူ႔ရဲ႕ ေျပာင္းေရႊ႔ေၾကး စုစုေပါင္းက ေပါင္ ၁.၈ သန္းထိ ေရာက္ႏိုင္ကာ အနာဂတ္ ေရာင္းခ်မႈကေန ၂၅% ခံစားခြင့္ကို မိခင္ကလပ္ ဖလူမီနက္စ္အသင္းကို ေပးရပါမယ္။ Pitaluga ကို ေခၚယူဖို႔ကို အဓိက ေထာက္ခံေပးသူကေတာ့ အယ္လီဆန္ပဲ ျဖစ္ပါတယ္။

လီဗာပူးအသင္းဘက္ကေတာ့ Marcelo Pitaluga ကို ယူ-၁၈ အသင္းမွာပဲ ကစားေစမယ္လို႔ ယူဆစရာရွိတယ္။ ဒါေပမယ့္လို႔ မဲဝုဒ္ေလ့က်င့္ေရးမွာ လီဗာပူးအသင္းဟာ အဆံုးသတ္ပိုင္းအတြက္ ေလ့က်င့္စဥ္ လုပ္ငန္းေတြလည္း မ်ားျပားတာေၾကာင့္ သူဟာ စီနီယာအသင္းရဲ႕ ေလ့က်င့္မႈမွာ ဂိုးသမားအျဖစ္ ပူးေပါင္းေပးရမယ့္ သေဘာျဖစ္ပါတယ္။

လီဗာပူးဘက္က မဲဝုဒ္မွာ ေလ့က်င့္ေရး ဂိုးသမား လိုအပ္ခ်က္ေၾကာင့္ လိုနာဂန္ကို ဆက္ထိန္းလိုေပမယ့္ ထြက္ခြာခြင့္ပဲ ေပးခဲ့ၿပီး လူငယ္တစ္ဦးကိုပဲ ေမြးျမဴသြားမွာ ျဖစ္ပါတယ္။ စီနီယာအသင္းအတြက္ အယ္လီဆန္၊ အတ္ဒရီယန္နဲ႔ ဂလယ္ဟာတို႔ ရွိေပမယ့္ အသင္းၾကီးရဲ႕ ေလ့က်င့္ေရးအတြက္က ဂိုးသမား အနည္းဆံုး ၅ ဦးေလာက္ထိ လိုအပ္တယ္လို႔ သိရတယ္။

လီဗာပူးအသင္းဟာ Fabian Mrozek (ဂိုးသမား) နဲ႔ Mateusz Musialowski (ကြင္းလယ္) ဆိုတဲ့ ပိုလန္အတြဲနဲ႔ ေနာက္ထပ္ လူငယ္ ကြင္းလယ္လူအျဖစ္ ဂ်ာမနီသား Frauendorf တို႔ကိုလည္း ေခၚယူထားခဲ့တယ္။ သူတို႔ သံုးဦးလံုးကေတာ့ ယူ-၁၈ အသင္းေတြမွာ ကစားေနၾကျပီ ျဖစ္ပါတယ္။